Bundesliga

၂ လအတွင်း ဖလားတစ်လုံးယူပေးပြီး ထွက်ခွာနိုင်ခြေရှိတဲ့ တူဟယ်

ဒီယက်မာ ဟာမန်းက သောမတ်စ် တူဟယ်အနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အိုလီဗာ ခန်းနဲ့ ဆာလီဟာမစ်ဂျစ်ချ်တို့နောက် လိုက်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

စနေနေ့ညက ၁၁ ကြိမ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့မှုဟာ အမှတ်ပေးဖလား ချန်ပီယံဖြစ်ပြီးနောက် နာရီပိုင်းအတွင်းမှာ အလုပ်အမှုဆောင်ချုပ် အိုလီဗာ ခန်းနဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဂျစ်ချ်တို့ ထုတ်ပယ်ခံရတဲ့သတင်းရဲ့ အရိပ်မိုးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဟာမန်းက မတ်လကမှ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ တူဟယ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အနှေးနဲ့ အမြန် ယနေ့မှာပဲ စွန့်ခွာသွားရနိင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားက လူတွေကို ဒီလိုမျိုး ဆက်ဆံတဲ့အခါကျရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်မေးရမယ်။ ဒီအသင်းအတွက် ခင်ဗျား အလုပ်လုပ်ပေးချင်ရဲ့လား။ ခင်ဗျား သိပ်မကြာမီ တူဟယ်လည်း ထွက်သွားနိုင်တယ်ဆိုတာကို ငြင်းနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူက သူ့သဘောဆန္ဒအလျောက် ထွက်ခွာမှာပါ။”

ဟာလန်းနဲ့အတူ တင်ဆက်နေတဲ့ ဘောလုံးဝေဖန်သူ အဲရစ် မိုင်ယာက “သူက တနင်္လာနေ့လောက်မှာ အသင်းကို စွန့်ခွာသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်ကို ကျော်ဖြတ်ပြီး နောက်ထပ် ဘွန်ဒက်စ်လီဂါဖလားတစ်လုံးကို ရရှိခဲ့ပေမယ့်လည်း ကိုယ့်အစွမ်းအစသက်သက်ပဲ မဟုတ်ခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်း ခြေချော်ဖို့ ဆုတောင်းခဲ့ရတာဖြစ်ပါတယ်။ ကိုလုံးနဲ့ပွဲစဉ်က ၈၉ မိနစ်မှာ သွင်းယူခဲ့တဲ့ မူစီအားလားရဲ့ နောက်ကျအနိုင်ဂိုးကြောင့် မိုင့်ဇ်နဲ့ ၂-၂ သရေကျခဲ့တဲ့ ဒေါ့မွန်ကို ဘိုင်ယန်မြူးနစ်က ဂိုးကွာခြားချက်နဲ့ အနိုင်ယူပြီး ၁၁ ကြိမ်ဆက်တိုက် ချန်ပီယံတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆုဖလားအောင်ပွဲခံမှု အခမ်းအနားမှာ စကားပြောဆိုရာမှာ တူဟယ်က “အရာအားလုံးကို တည်ငြိမ်အောင် လုပ်ဖို့နဲ့ ကျွန်တော်တို့အတွက် ဘောလုံးကို အာရုံစိုက်နိုင်အောင် အဲဒါက(ဆုဖလားအောင်မြင်မှု) အကူအညီဖြစ်မှာပါ။ ကျွန်တော်တို့ လုပ်ဖို့ အလုံအလောက်ရှိတယ်။ ကျွန်တော်တို့ ပိုပြီး မြန်မြန်၊ ပိုပြီး ကောင်းအောင်၊ ပိုပြီး တည်ငြိမ်မှုရှိအောင် လုပ်ရမယ်။ ကျွန်တော်တို့ အဆင့်အားလုံးမှာ တိုးတက်လာချင်တယ်။ ကျွန်တော်တို့ အစုအဖွဲ့အဖြစ်နဲ့ ပြန်လာရမှာပါ။ ကျွန်တော်တို့ မိသားစု ခံစားချက်မျိုး ရှိလာစေချင်ပြီး ကိုယ့်ကိုကိုယ် ပြင်ပက လွှမ်းမိုးမှုတွေနဲ့ ထင်မြင်ချက်တွေကနေလည်း ကာကွယ်စေချင်ပါတယ်။ ဒီဟာက အရမ်းအရေးကြီးတယ်။ အဲဒါမှသာ ကျွန်တော်တို့ ကစားသမားတွေဆီကနေ အရာအားလုံးကို တောင်းဆိုသွားလို့ရမှာပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီယက္မာ ဟာမန္းက ေသာမတ္စ္ တူဟယ္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကေန ထုတ္ပယ္ခံခဲ့ရတဲ့ အိုလီဗာ ခန္းနဲ႔ ဆာလီဟာမစ္ဂ်စ္ခ်္တို႔ေနာက္ လိုက္သြားႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စေနေန႔ညက ၁၁ ႀကိမ္ဆက္တိုက္ ဘြန္ဒက္စ္လီဂါဖလားကို ရရွိခဲ့မႈဟာ အမွတ္ေပးဖလား ခ်န္ပီယံျဖစ္ၿပီးေနာက္ နာရီပိုင္းအတြင္းမွာ အလုပ္အမႈေဆာင္ခ်ဳပ္ အိုလီဗာ ခန္းနဲ႔ အားကစားဒါ႐ိုက္တာ ဆာလီဟာမစ္ဂ်စ္ခ်္တို႔ ထုတ္ပယ္ခံရတဲ့သတင္းရဲ႕ အရိပ္မိုးျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ဘိုင္ယန္နဲ႔ လီဗာပူးလ္ကြင္းလယ္ကစားသမားေဟာင္း ဟာမန္းက မတ္လကမွ နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရတဲ့ တူဟယ္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းကို အေႏွးနဲ႔ အျမန္ ယေန႔မွာပဲ စြန႔္ခြာသြားရနိင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားက လူေတြကို ဒီလိုမ်ိဳး ဆက္ဆံတဲ့အခါက်ရင္ ခင္ဗ်ားကိုယ္ ခင္ဗ်ား ျပန္ေမးရမယ္။ ဒီအသင္းအတြက္ ခင္ဗ်ား အလုပ္လုပ္ေပးခ်င္ရဲ႕လား။ ခင္ဗ်ား သိပ္မၾကာမီ တူဟယ္လည္း ထြက္သြားႏိုင္တယ္ဆိုတာကို ျငင္းႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဒါေပမယ့္ သူက သူ႔သေဘာဆႏၵအေလ်ာက္ ထြက္ခြာမွာပါ။”

ဟာလန္းနဲ႔အတူ တင္ဆက္ေနတဲ့ ေဘာလုံးေဝဖန္သူ အဲရစ္ မိုင္ယာက “သူက တနလၤာေန႔ေလာက္မွာ အသင္းကို စြန႔္ခြာသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေဒါ့မြန္ကို ေက်ာ္ျဖတ္ၿပီး ေနာက္ထပ္ ဘြန္ဒက္စ္လီဂါဖလားတစ္လုံးကို ရရွိခဲ့ေပမယ့္လည္း ကိုယ့္အစြမ္းအစသက္သက္ပဲ မဟုတ္ခဲ့တာျဖစ္ၿပီး ေဒါ့မြန္အသင္း ေျခေခ်ာ္ဖို႔ ဆုေတာင္းခဲ့ရတာျဖစ္ပါတယ္။ ကိုလုံးနဲ႔ပြဲစဥ္က ၈၉ မိနစ္မွာ သြင္းယူခဲ့တဲ့ မူစီအားလားရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ မိုင့္ဇ္နဲ႔ ၂-၂ သေရက်ခဲ့တဲ့ ေဒါ့မြန္ကို ဘိုင္ယန္ျမဴးနစ္က ဂိုးကြာျခားခ်က္နဲ႔ အႏိုင္ယူၿပီး ၁၁ ႀကိမ္ဆက္တိုက္ ခ်န္ပီယံေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

တနဂၤေႏြေန႔က ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဆုဖလားေအာင္ပြဲခံမႈ အခမ္းအနားမွာ စကားေျပာဆိုရာမွာ တူဟယ္က “အရာအားလုံးကို တည္ၿငိမ္ေအာင္ လုပ္ဖို႔နဲ႔ ကြၽန္ေတာ္တို႔အတြက္ ေဘာလုံးကို အာ႐ုံစိုက္ႏိုင္ေအာင္ အဲဒါက(ဆုဖလားေအာင္ျမင္မႈ) အကူအညီျဖစ္မွာပါ။ ကြၽန္ေတာ္တို႔ လုပ္ဖို႔ အလုံအေလာက္ရွိတယ္။ ကြၽန္ေတာ္တို႔ ပိုၿပီး ျမန္ျမန္၊ ပိုၿပီး ေကာင္းေအာင္၊ ပိုၿပီး တည္ၿငိမ္မႈရွိေအာင္ လုပ္ရမယ္။ ကြၽန္ေတာ္တို႔ အဆင့္အားလုံးမွာ တိုးတက္လာခ်င္တယ္။ ကြၽန္ေတာ္တို႔ အစုအဖြဲ႕အျဖစ္နဲ႔ ျပန္လာရမွာပါ။ ကြၽန္ေတာ္တို႔ မိသားစု ခံစားခ်က္မ်ိဳး ရွိလာေစခ်င္ၿပီး ကိုယ့္ကိုကိုယ္ ျပင္ပက လႊမ္းမိုးမႈေတြနဲ႔ ထင္ျမင္ခ်က္ေတြကေနလည္း ကာကြယ္ေစခ်င္ပါတယ္။ ဒီဟာက အရမ္းအေရးႀကီးတယ္။ အဲဒါမွသာ ကြၽန္ေတာ္တို႔ ကစားသမားေတြဆီကေန အရာအားလုံးကို ေတာင္းဆိုသြားလို႔ရမွာပါ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.