Ligue1

လာမယ့်ရာသီ အစီအစဉ်ကို အတည်ပြုလိုက်တဲ့ ဥက္ကဌကြီး

ခီလီယန် အမ်ဘာပေဟာ လိဂူးဝမ်းကလပ်အသင်းနဲ့ ကာလရှည် အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လာမယ့်ရာသီ ပီအက်စ်ဂျီမှာ ရှိနေမှာဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၎င်းကိုယ်တိုင် အသက်သွင်းမှသာ တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ ၂၀၂၅ ခုနှစ်အထိ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အဲဒီမတိုင်ခင် ရီးရဲလ်မက်ဒရစ်ကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးဟာ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ လိဂူးဝမ်းက ၂၈ ဂိုးအပါအဝင် သွင်းဂိုး ၄၀ အထိ အံ့အားသင့်ဖွယ် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ လိဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာမယ့်ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေက တနင်္ဂနွေနေ့မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ သမဂ္ဂရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူခဲ့ပြီးနောက် ဘယ်ကိုမှ သွားမှာမဟုတ်ဘဲ အသင်းမှာ ဆက်ရှိနေမယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အေးအေးဆေးဆေးပါပဲ။ ကျွန်တော် အရမ်းပျော်နေတယ်။ ကျွန်တော် ဒီမှာ ရှိနေတယ်။ ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ ကျွန်တော်က အကောင်းဆု့းကစားသမားပါ။ အဲဒါက အရေးအကြီးဆုံးအရာပါ။ ကျွန်တော့်မှာ စာချုပ်ရှိတယ်။ ကျွန်တော့်မှာ နောက်တစ်နှစ်ကျန်သေးတယ်။ ကျွန်တော် အဲဒီမှာပဲ ရှိနေမှာပါ။ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ်။”

အမ်ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ ၂ ရာသီဆက်တိုက် လိဂူးဝမ်းဖလား ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ခဲ့ပြီး စံချိန်မှတ်တမ်းတွေမှာ ၎င်းရဲ့ နာမည်ကို ချန်လှပ်ထားခဲ့ချင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“’ဒီမှတ်တမ်းက စိတ်ပျော်ရွှင်စရာပါ။ ကျွန်တော့်နာမည်ကို ကျွန်တော့်နိုင်ငံရဲ့ ချန်ပီယံရှစ်သမိုင်းမှာ ချန်ရစ်နိုင်ခဲ့အောင် အမြဲတမ်း အနိုင်ရချင်ခဲ့တယ်။ ကျွန်တော် ရည်မှန်းချက်တွေရှိပေမယ့်လည်း အများကြီး အနိုင်ရဖို့၊ မြန်မြန် အနိုင်ရဖို့ မတွေးပါဘူး။ အဲဒါက စစ်မှန်တဲ့ စိတ်ပျော်ရွှင်စရာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ လိဂူးဝမ္းကလပ္အသင္းနဲ႔ ကာလရွည္ အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း လာမယ့္ရာသီ ပီအက္စ္ဂ်ီမွာ ရွိေနမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အမ္ဘာေပဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ၎ကိုယ္တိုင္ အသက္သြင္းမွသာ တစ္ႏွစ္သက္တမ္းတိုးႏိုင္တဲ့ ၂၀၂၅ ခုႏွစ္အထိ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ အဲဒီမတိုင္ခင္ ရီးရဲလ္မက္ဒရစ္ကို ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးဟာ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ၿပီး ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္း အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ၄၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ လိဂူးဝမ္းက ၂၈ ဂိုးအပါအဝင္ သြင္းဂိုး ၄၀ အထိ အံ့အားသင့္ဖြယ္ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ လိဂူးဝမ္းခ်န္ပီယံေတြကို စြန႔္ခြာမယ့္ကစားသမားေတြထဲမွာ အပါအဝင္ျဖစ္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပက တနဂၤေႏြေန႔မွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ား သမဂၢရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရယူခဲ့ၿပီးေနာက္ ဘယ္ကိုမွ သြားမွာမဟုတ္ဘဲ အသင္းမွာ ဆက္ရွိေနမယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေအးေအးေဆးေဆးပါပဲ။ ကြၽန္ေတာ္ အရမ္းေပ်ာ္ေနတယ္။ ကြၽန္ေတာ္ ဒီမွာ ရွိေနတယ္။ ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေနတယ္။ ကြၽန္ေတာ္က အေကာင္းဆု႔းကစားသမားပါ။ အဲဒါက အေရးအႀကီးဆုံးအရာပါ။ ကြၽန္ေတာ့္မွာ စာခ်ဳပ္ရွိတယ္။ ကြၽန္ေတာ့္မွာ ေနာက္တစ္ႏွစ္က်န္ေသးတယ္။ ကြၽန္ေတာ္ အဲဒီမွာပဲ ရွိေနမွာပါ။ ကြၽန္ေတာ္ အရမ္း ေပ်ာ္႐ႊင္ေနပါတယ္။”

အမ္ဘာေပက ပီအက္စ္ဂ်ီအသင္းနဲ႔ ၂ ရာသီဆက္တိုက္ လိဂူးဝမ္းဖလား ရရွိခဲ့တဲ့အတြက္ ဝမ္းေျမာက္ခဲ့ၿပီး စံခ်ိန္မွတ္တမ္းေတြမွာ ၎ရဲ႕ နာမည္ကို ခ်န္လွပ္ထားခဲ့ခ်င္တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“’ဒီမွတ္တမ္းက စိတ္ေပ်ာ္႐ႊင္စရာပါ။ ကြၽန္ေတာ့္နာမည္ကို ကြၽန္ေတာ့္ႏိုင္ငံရဲ႕ ခ်န္ပီယံရွစ္သမိုင္းမွာ ခ်န္ရစ္ႏိုင္ခဲ့ေအာင္ အၿမဲတမ္း အႏိုင္ရခ်င္ခဲ့တယ္။ ကြၽန္ေတာ္ ရည္မွန္းခ်က္ေတြရွိေပမယ့္လည္း အမ်ားႀကီး အႏိုင္ရဖို႔၊ ျမန္ျမန္ အႏိုင္ရဖို႔ မေတြးပါဘူး။ အဲဒါက စစ္မွန္တဲ့ စိတ္ေပ်ာ္႐ႊင္စရာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.