Ligue1

ပီအက်စ်ဂျီရဲ့ ၁၁ ကြိမ်မြောက်ဖလားအောင်မြင်မှုကို တုံ့ပြန်လိုက်တဲ့ နေမာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ စနေနေ့က စထရာဘိုးကို ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ လိဂူးဝမ်းဖလားကို ရရှိခဲ့ပြီဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အောင်မြင်မှုကို တုံ့ပြန်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၃၇ ပွဲကနေ ရမှတ် ၈၅ မှတ် ရရှိခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာက လွန်းစ်အသင်းထက် ၄ မှတ်အသာနဲ့ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ လိဂူးဝမ်းချန်ပီယံလိဂ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုဟာ ပီအက်စ်ဂျီအသင်းအတွက်တော့ ၁၁ ကြိမ်မြောက် လိဂူးဝမ်းဖလား ဖြစ်ခဲ့တာဖြစ်သလို လိဂ်သမိုင်းမှာ စံချိန်တင် အောင်မြင်မှုဖြစ်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူး နေမာက အင်စတာဂရမ်စတိုရီမှာ အသင်းအောင်မြင်မှုကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ပြင်သစ်ရဲ့ နံပါတ် ၁။ အဖေ့အတွက် နောက်ထပ် ဆုဖလားတစ်လုံး”လို့ ရေးသားခဲ့ဖြစ်ပြီး နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ယခုရာသီကို လွဲချော်ခဲ့ပေမယ့်လည်း ရာသီအစောပိုင်းတုန်းက အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

နေမာဟာ ဒဏ်ရာရရှိပြီး အနားမယူရခင် ပီအက်စ်ဂျီအသင်းအတွက် လိဂူးဝမ်း ပွဲ ၂၀ မှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အနာဂတ်ဟာ လက်ရှိမှာ မရေမရာဖြစ်နေတာဖြစ်ပါတယ်။

L’Equipe ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ နေမာကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ စေနေန႔က စထရာဘိုးကို ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ လိဂူးဝမ္းဖလားကို ရရွိခဲ့ၿပီျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ေအာင္ျမင္မႈကို တုံ႔ျပန္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ၃၇ ပြဲကေန ရမွတ္ ၈၅ မွတ္ ရရွိခဲ့ၿပီး အမွတ္ေပးဇယားဒုတိယေနရာက လြန္းစ္အသင္းထက္ ၄ မွတ္အသာနဲ႔ တစ္ပြဲကစားဖို႔ က်န္ရွိေနေသးခ်ိန္မွာ လိဂူးဝမ္းခ်န္ပီယံလိဂ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဒီေအာင္ျမင္မႈဟာ ပီအက္စ္ဂ်ီအသင္းအတြက္ေတာ့ ၁၁ ႀကိမ္ေျမာက္ လိဂူးဝမ္းဖလား ျဖစ္ခဲ့တာျဖစ္သလို လိဂ္သမိုင္းမွာ စံခ်ိန္တင္ ေအာင္ျမင္မႈျဖစ္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉး ေနမာက အင္စတာဂရမ္စတိုရီမွာ အသင္းေအာင္ျမင္မႈကို တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ျပင္သစ္ရဲ႕ နံပါတ္ ၁။ အေဖ့အတြက္ ေနာက္ထပ္ ဆုဖလားတစ္လုံး”လို႔ ေရးသားခဲ့ျဖစ္ၿပီး ေနမာဟာ ေျခက်င္းဝတ္ဒဏ္ရာ ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးေနာက္ ယခုရာသီကို လြဲေခ်ာ္ခဲ့ေပမယ့္လည္း ရာသီအေစာပိုင္းတုန္းက အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ဒဏ္ရာရရွိၿပီး အနားမယူရခင္ ပီအက္စ္ဂ်ီအသင္းအတြက္ လိဂူးဝမ္း ပြဲ ၂၀ မွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ အနာဂတ္ဟာ လက္ရွိမွာ မေရမရာျဖစ္ေနတာျဖစ္ပါတယ္။

L’Equipe ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေနမာကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရၿပီး ယခုေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.