Premier League

အငှားထွက်ကစားဖို့သတင်းထွက်နေချိန်မှာ တန်ဟက်ကို ဘာလိုချင်လဲပြောပြခဲ့တဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ အီတလီထိပ်သီးအသင်း ၄ သင်းထဲက တစ်သင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးနောက် လာမယ့်ရာသီမှာ ပွဲထွက်ကစားခွင့် ပိုလိုချင်တယ်လို့ တန်ဟက်ကို ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်၊ အေစီမီလန်၊ အင်တာ၊ ရိုးမားတို့အားလုံးဟာ ဟာရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့အတွက် တစ်ကြိုပေးခြင်းခံခဲ့ရတာဖြစ်ပြီး အင်္ဂလန်နောက်ခံလူဟာ နည်းပြ တန်ဟက်လက်အောက်မှာ ပဉ္စမမြောက် ပွဲထွက်ခွင့်ရကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးကြယ်ပွင့်ဟောင်းဟာ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို  ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တန်ဟက်ရဲ့ ရှားရှားပါးပါး ပွဲထွက်ခွင့်ပေးခြင်းခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၃ နေရာနဲ့ ရာသီကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မတိုင်ခင် အနာဂတ်နဲ့ပတ်သက်ပြီးသတင်းတွေ ထွက်နေတဲ့ မက်ဂွိုင်းယားကို MUTV က ယခုရာသီ မန်ချက်စတာယူနိုက်တက်အတွက် ပိုပြီး ပွဲထွက်ကစားခွင့် ရချင်ခဲ့လားလို့ မေးမြန်းခဲ့ရာမှာ “လိုချင်တာပေါ့။ ဒီမှာ နားထောင်။ ကျွန်တော်တို့မှာ နေရာအတွက် ယှဉ်ပြိုင်မှုတွေ အများကြီးရှိပြီး ဒါက အသင်းကြီးတွေမှာ လိုအပ်တဲ့အရာပါ။ လူစာရင်းထဲမှာ အရည်အသွေးတွေ အများကြီးရှိတယ်။ ခင်ဗျား ဒီနေ့ မိနစ် ၂၀ အကြာမှာ အဲဒါကို မြင်တွေ့ခဲ့ရမယ်ထင်ပါတယ်။ တကယ်ကို အပြုသဘောဆောင်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်”

“ကျွန်တော်တို့မှာ ဝင်ကစားခွင့်ရတဲ့သူ၊များများစားစား မကစားရတဲ့သူတွေ ရှိပြီး နည်းပြနဲ့ သူ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့အပေးမှာ အားထားလို့ရနိုင်တယ်လို့ ထင်တယ်။ သူသာ အပြောင်းအလဲတွေလုပ်မယ်ဆိုရင် ကျွန်တော်တို့ အလုပ် လုပ်နိုင်မှာပါ။ အဲဒီတော့ ဒီလူစာရင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေရတာက ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဒီရာသီ၊ နောက်ရာသီနဲ့ နောက်ထပ်လာမယ့်ရာသီတွေမှာ အောင်မြင်မှု ရရှိချင်တယ်ဆိုရင် ကျွန်တော်တို့ ကြီးမားတဲ့ လူစာရင်းကို လိုအပ်တော့မယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Give Me Sport ရဲ့ ဖော်ပြချက်အရ ခေါ်ယူနိုင်ခြေရှိတဲ့အသင်း ၄ သင်းရှိနေတာကြောင့် မက်ဂွိုင်းယားဟာ အီတလီမှာ အိမ်သစ်ကို ရှာဖွေရနိုင်တယ်လို့ သိရပြီး အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က အသက် ၃၀ အရွယ်ကစားသမားရဲ့ လက်ရွေးစင်အသင်းက နေရာဟာ ပွဲကစားချိန် မရှိမှုကြောင့် ခြိမ်းခြောက်မှုရှိလာနိင်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“မလွှဲမရှောင်သာ တသက်လုံး ဆက်သွားနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ ဟုတ်တာပေါ့။ ဒီအခြေအနေက ကြာလာလေ ပိုပြီး စိတ်ပူစရာကောင်းလာလေပဲ။ ကျွန်တော်တို့မှာ မာ့စ် ဂေးဟီ၊ လူးဝစ္စ ဒန့်ခ်၊ တိုင်ရုန်း မင်းစ်တို့လို ဥရောအတွေ့အကြုံ ဒါမှမဟုတ် နိုင်ငံတကာအတွေ့အကြုံမရှိဘဲ ကောင်းကောင်း ကစားနေတဲ့ ကစားသမားတွေ ရှိလာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွင်းထဲက အဲဒီနေရာမှာ ယှဉ်ပြိုင်မှုတွေ ဆက်လက် ရှာဖွေသွားရမှာပါ။”လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အသင်းခေါင်းဆောင်အဖြစ် ရှိနေဆဲဖြစ်တဲ့ မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားချင်နေမှာ ဖြစ်ပါတယ်။

“ရာသီက မပြီးသေးပါဘူး။ ဒါပေမယ့် အခုအချိန်အထိတော့ ကျွန်တော်တို့ ရှိခဲ့တဲ့နေရာကဆိုရင် အပြုသဘောဆောင်တဲ့ ရာသီဖြစ်ခဲ့ပြီး ကျွန်တော်တို့ တိုးတက်မှုတွေ ပြုလုပ်နေတယ်လို့ ပြောရမှာပါ။ အဲဒါက ကြီးမားတဲ့ တိုးတက်မှုဖြစ်ခဲ့ပြီး မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ခြေလှမ်းနေတာပါ”လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္မွာ ေနရာမရျဖစ္ေနတဲ့ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ အီတလီထိပ္သီးအသင္း ၄ သင္းထဲက တစ္သင္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီးေနာက္ လာမယ့္ရာသီမွာ ပြဲထြက္ကစားခြင့္ ပိုလိုခ်င္တယ္လို႔ တန္ဟက္ကို ေျပာၾကားခဲ့ပါတယ္။

ဂ်ဴဗင္တပ္၊ ေအစီမီလန္၊ အင္တာ၊ ႐ိုးမားတို႔အားလုံးဟာ ဟာရီ မက္ဂြိဳင္းယားကို ေခၚယူဖို႔အတြက္ တစ္ႀကိဳေပးျခင္းခံခဲ့ရတာျဖစ္ၿပီး အဂၤလန္ေနာက္ခံလူဟာ နည္းျပ တန္ဟက္လက္ေအာက္မွာ ပၪၥမေျမာက္ ပြဲထြက္ခြင့္ရကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းဟာ တနဂၤေႏြေန႔က ဖူလ္ဟမ္ကို  ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ တန္ဟက္ရဲ႕ ရွားရွားပါးပါး ပြဲထြက္ခြင့္ေပးျခင္းခံခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ အဆင့္ ၃ ေနရာနဲ႔ ရာသီကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မတိုင္ခင္ အနာဂတ္နဲ႔ပတ္သက္ၿပီးသတင္းေတြ ထြက္ေနတဲ့ မက္ဂြိဳင္းယားကို MUTV က ယခုရာသီ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပိုၿပီး ပြဲထြက္ကစားခြင့္ ရခ်င္ခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ “လိုခ်င္တာေပါ့။ ဒီမွာ နားေထာင္။ ကြၽန္ေတာ္တို႔မွာ ေနရာအတြက္ ယွဥ္ၿပိဳင္မႈေတြ အမ်ားႀကီးရွိၿပီး ဒါက အသင္းႀကီးေတြမွာ လိုအပ္တဲ့အရာပါ။ လူစာရင္းထဲမွာ အရည္အေသြးေတြ အမ်ားႀကီးရွိတယ္။ ခင္ဗ်ား ဒီေန႔ မိနစ္ ၂၀ အၾကာမွာ အဲဒါကို ျမင္ေတြ႕ခဲ့ရမယ္ထင္ပါတယ္။ တကယ္ကို အျပဳသေဘာေဆာင္တဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔မွာ ဝင္ကစားခြင့္ရတဲ့သူ၊မ်ားမ်ားစားစား မကစားရတဲ့သူေတြ ရွိၿပီး နည္းျပနဲ႔ သူ႔ အဖြဲ႕ဝင္ေတြက ကြၽန္ေတာ္တို႔အေပးမွာ အားထားလို႔ရႏိုင္တယ္လို႔ ထင္တယ္။ သူသာ အေျပာင္းအလဲေတြလုပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ အလုပ္ လုပ္ႏိုင္မွာပါ။ အဲဒီေတာ့ ဒီလူစာရင္းရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ရွိေနရတာက ေကာင္းမြန္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီရာသီ၊ ေနာက္ရာသီနဲ႔ ေနာက္ထပ္လာမယ့္ရာသီေတြမွာ ေအာင္ျမင္မႈ ရရွိခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ လူစာရင္းကို လိုအပ္ေတာ့မယ္လို႔ ထင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Give Me Sport ရဲ႕ ေဖာ္ျပခ်က္အရ ေခၚယူႏိုင္ေျခရွိတဲ့အသင္း ၄ သင္းရွိေနတာေၾကာင့္ မက္ဂြိဳင္းယားဟာ အီတလီမွာ အိမ္သစ္ကို ရွာေဖြရႏိုင္တယ္လို႔ သိရၿပီး အဂၤလန္လက္ေ႐ြးစင္နည္းျပ ေဆာက္ဂိတ္က အသက္ ၃၀ အ႐ြယ္ကစားသမားရဲ႕ လက္ေ႐ြးစင္အသင္းက ေနရာဟာ ပြဲကစားခ်ိန္ မရွိမႈေၾကာင့္ ၿခိမ္းေျခာက္မႈရွိလာနိင္တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“မလႊဲမေရွာင္သာ တသက္လုံး ဆက္သြားႏိုင္တဲ့အေျခအေနမဟုတ္ပါဘူး။ ဟုတ္တာေပါ့။ ဒီအေျခအေနက ၾကာလာေလ ပိုၿပီး စိတ္ပူစရာေကာင္းလာေလပဲ။ ကြၽန္ေတာ္တို႔မွာ မာ့စ္ ေဂးဟီ၊ လူးဝစၥ ဒန႔္ခ္၊ တိုင္႐ုန္း မင္းစ္တို႔လို ဥေရာအေတြ႕အႀကဳံ ဒါမွမဟုတ္ ႏိုင္ငံတကာအေတြ႕အႀကဳံမရွိဘဲ ေကာင္းေကာင္း ကစားေနတဲ့ ကစားသမားေတြ ရွိလာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကြင္းထဲက အဲဒီေနရာမွာ ယွဥ္ၿပိဳင္မႈေတြ ဆက္လက္ ရွာေဖြသြားရမွာပါ။”လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ အသင္းေခါင္းေဆာင္အျဖစ္ ရွိေနဆဲျဖစ္တဲ့ မက္ဂြိဳင္းယားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားသြားခ်င္ေနမွာ ျဖစ္ပါတယ္။

“ရာသီက မၿပီးေသးပါဘူး။ ဒါေပမယ့္ အခုအခ်ိန္အထိေတာ့ ကြၽန္ေတာ္တို႔ ရွိခဲ့တဲ့ေနရာကဆိုရင္ အျပဳသေဘာေဆာင္တဲ့ ရာသီျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ တိုးတက္မႈေတြ ျပဳလုပ္ေနတယ္လို႔ ေျပာရမွာပါ။ အဲဒါက ႀကီးမားတဲ့ တိုးတက္မႈျဖစ္ခဲ့ၿပီး မွန္ကန္တဲ့ ဦးတည္ခ်က္အတိုင္း ေျခလွမ္းေနတာပါ”လို႔ ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.