Premier League

ဂန်းနားတွေရဲ့ ရဲရင့်တဲ့အပြောင်းအရွှေ့စီမံကိန်းရဲ့လက္ခဏာဖြစ်လာတဲ့ ချာကာရဲ့နှုတ်ဆက်မှု

လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက အာဆင်နယ်ပရိသတ်တွေဟာ ဂရာနစ်ချာကာကို မတ်တပ်ရပ် လက်ခုပ်ဩဘာပေးပြီး အသင်းမှာ ဆက်နေဖို့ ကြွေးကြော်ကြလိမ့်မယ်လို့ ဘယ်သူကမှ တွေးမိခဲ့မှာမဟုတ်တာဖြစ်ပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်လူဟာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရပြီး ပရိသတ်တွေနဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့ပြီးနောက် အာဆင်နယ်ကို စွန့်ခွာချင်နေခဲ့ပြီး ဘယ်သူကမှ မလိုချင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချိန်တွေက ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ချာကာဟာ ယခုနွေရာသီမှာ လေဗာကူဆင်အသင်းကို မပြောင်းရွှေ့မီ နောက်ဆုံးပွဲစဉ်အဖြစ် မျှော်မှန်းခြင်းခံထားရတဲ့ အမ်းမရိတ်စ်က ပွဲစဉ်မှာ ပြီးပြည့်စုံတဲ့ နှုတ်ဆက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ချာကာဟာ ဝုလ်ဗ်စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် အဖွင့် ၁၅ မိနစ်မှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုခြင်းခံရဖို့လည်း ထိုက်တန်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဆုဖလားလက်လွှတ်ခဲ့ရတဲ့ နာကျင်မှုကနေ တချို့တဝက် သက်သာစေခဲ့တာဖြစ်ပါတယ်။

အရာအားလုံး တည်ငြိမ်သွားတဲ့အချိန်မှာ ဒီရာသီကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ကြီးမားတဲ့ တိုးတက်မှုတွေထဲက တစ်ခုကို လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကို မြင်ကြမှာဖြစ်ပြီး ချန်ပီယံမန်စီးတီးနဲ့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ သွင်းဂိုး ၈၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းစံချိန်တင်သွင်းဂိုးအသစ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး မရှုံးနိမ့်နိုင်သောအသင်း တင်ရှိခဲ့တဲ့ လိဂ်နိုင်ပွဲ ၂၆ ပွဲကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အနေအထားဟာ ပြီးခဲ့တဲ့ဩဂုတ်လတုန်းက ဖြစ်မလာနိုင်တဲ့ပုံပေါ်ခဲ့ပြီး ရှေ့ဆက်သွားမယ့် စိတ်ခံစားမှုဟာ အကောင်းမြင်မှုအပြင် စိတ်ပျက်စရာတွေထဲက တစ်ခုလည်း ဖြစ်သင့်တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဝုလ်ဗ်စ်နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ပရိသတ်တွေကို နွေရာသီမှာ ပျော်ရွှင်စေခဲ့တာ ကျိန်းသေပြီး ဂန်းနားတွေဟာ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ခြေလှမ်းကြီးကြီး လှမ်းသွားဖို့လည်း ပြင်ဆင်နေတယ်ဆိုတာကို ချာကာရဲ့ ထွက်ခွာမှုက သက်သေပြသနေတာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ အမ်းမရိတ်စ်မှာ ရှိခဲ့တဲ့ကာလအတွင်း ၎င်းရဲ့ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ချာကာက အရင်တုန်းထက်တောင် ပိုပြီး ကြံ့ခိုင်လာတယ်လို့ ခံစားရကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆွစ်ဇာလန်ကွင်းလယ်ကစားသမားဟာ လေဗာကူဆင်အသင်းကို ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဝုလ်ဗ်စ်နဲ့ပွဲစဉ်က နောက်ဆုံးနှုတ်ဆက်မှုဖြစ်ခဲ့တယ်ဆိုရင် နှုတ်ဆက်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ချာကာဟာ ပထမပိုင်း ၁၁ မိနစ်နဲ့ ၁၄ မိနစ်တို့မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၆၀ မပြည့်ခင်မှာ ဟက်ထရစ်ရရှိဖို့အတွက် အလွန်ကောင်းမွန်တဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ချာကာကို ကွင်းထဲကနေ ထွက်ခွာခဲ့ချိန်မှာတော့ အာဆင်နယ်ပရိသတ်တွေဟာ အသင်းမှာ ဆက်နေဖို့အတွက် ကြွေးကြော်ခဲ့ကြတာဖြစ်ပြီး ဒီလိုမြင်ကွင်းဟာ ၂၀၁၉ ခုနှစ်တုန်းက ဂန်းနားကွင်းလယ်ကစားသမားဟာ ဒီကွင်းထဲမှာပဲ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေကို ခံခဲ့ရတာကို ပြန်တွေးကြည့်ရင် မယုံနိုင်စရာကောင်းခဲ့ပါတယ်။

လက်ရှိမှာတော့ ချာကာဟာ အာဆင်နယ်ရဲ့ သူရဲကောင်းအဖြစ်နဲ့ ကြီးမားတဲ့အရာတွေအတွက် စိတ်ပိုင်းဖြတ်ထားတဲ့ အာဆင်နယ်အသင်းကို ကျောခိုင်းတော့မှာဖြစ်ပြီး ဂန်းနားတွေရဲ့ အနာဂတ်ကလည်း တောက်ပနေပုံပေါ်နေတာဖြစ်ပါတယ်။ ဆာကာက အာဆင်နယ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို ညာတောင်ပံကနေ ချိုးဝင်ပြီး ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဂါဘရီယဲလ် ဂျေးဇုက ဒုတိယပိုင်းမှာ စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ခီဗီယောဟာ အာဆင်နယ်ရဲ့ ပဉ္စမမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့နောက်ဂန်းနားတွေအတွက် ပထမဆုံးသော သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ယခုရာသီမှာ အမှတ်ပေးဖလားက အမ်းမရိတ်စ်ကို မရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ယုံကြည်မှုကတော့ ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္တုန္းက အာဆင္နယ္ပရိသတ္ေတြဟာ ဂရာနစ္ခ်ာကာကို မတ္တပ္ရပ္ လက္ခုပ္ဩဘာေပးၿပီး အသင္းမွာ ဆက္ေနဖို႔ ေႂကြးေၾကာ္ၾကလိမ့္မယ္လို႔ ဘယ္သူကမွ ေတြးမိခဲ့မွာမဟုတ္တာျဖစ္ပါတယ္။

ဆြစ္ဇာလန္ကြင္းလယ္လူဟာ အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားျခင္းခံခဲ့ရၿပီး ပရိသတ္ေတြနဲ႔ လူသိရွင္ၾကား ျပႆနာတက္ခဲ့ၿပီးေနာက္ အာဆင္နယ္ကို စြန႔္ခြာခ်င္ေနခဲ့ၿပီး ဘယ္သူကမွ မလိုခ်င္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခ်ိန္ေတြက ေျပာင္းလဲသြားခဲ့ၿပီျဖစ္ၿပီး ခ်ာကာဟာ ယခုေႏြရာသီမွာ ေလဗာကူဆင္အသင္းကို မေျပာင္းေ႐ႊ႕မီ ေနာက္ဆုံးပြဲစဥ္အျဖစ္ ေမွ်ာ္မွန္းျခင္းခံထားရတဲ့ အမ္းမရိတ္စ္က ပြဲစဥ္မွာ ၿပီးျပည့္စုံတဲ့ ႏႈတ္ဆက္မႈကို ရရွိခဲ့တာျဖစ္ပါတယ္။

ခ်ာကာဟာ ဝုလ္ဗ္စ္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ အဖြင့္ ၁၅ မိနစ္မွာ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ မတ္တပ္ရပ္ လက္ခုပ္တီးဂုဏ္ျပဳျခင္းခံရဖို႔လည္း ထိုက္တန္ခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ ရာသီကို အေကာင္းဆုံး အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က ဆုဖလားလက္လႊတ္ခဲ့ရတဲ့ နာက်င္မႈကေန တခ်ိဳ႕တဝက္ သက္သာေစခဲ့တာျဖစ္ပါတယ္။

အရာအားလုံး တည္ၿငိမ္သြားတဲ့အခ်ိန္မွာ ဒီရာသီကို ျပန္ၾကည့္မယ္ဆိုရင္ အာဆင္နယ္အသင္းဟာ ႀကီးမားတဲ့ တိုးတက္မႈေတြထဲက တစ္ခုကို လုပ္ေဆာင္ႏိုင္ခဲ့တယ္ဆိုတာကို ျမင္ၾကမွာျဖစ္ၿပီး ခ်န္ပီယံမန္စီးတီးနဲ႔ ၅ မွတ္အကြာ ဒုတိယေနရာမွာ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ သြင္းဂိုး ၈၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အသင္းစံခ်ိန္တင္သြင္းဂိုးအသစ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး မရႈံးနိမ့္ႏိုင္ေသာအသင္း တင္ရွိခဲ့တဲ့ လိဂ္ႏိုင္ပြဲ ၂၆ ပြဲကို လိုက္မီခဲ့တာလည္း ျဖစ္ပါတယ္။

ဒီလိုမ်ိဳး အေနအထားဟာ ၿပီးခဲ့တဲ့ဩဂုတ္လတုန္းက ျဖစ္မလာႏိုင္တဲ့ပုံေပၚခဲ့ၿပီး ေရွ႕ဆက္သြားမယ့္ စိတ္ခံစားမႈဟာ အေကာင္းျမင္မႈအျပင္ စိတ္ပ်က္စရာေတြထဲက တစ္ခုလည္း ျဖစ္သင့္တာ ျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ဝုလ္ဗ္စ္နဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ ပရိသတ္ေတြကို ေႏြရာသီမွာ ေပ်ာ္႐ႊင္ေစခဲ့တာ က်ိန္းေသၿပီး ဂန္းနားေတြဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲမွာ ေျခလွမ္းႀကီးႀကီး လွမ္းသြားဖို႔လည္း ျပင္ဆင္ေနတယ္ဆိုတာကို ခ်ာကာရဲ႕ ထြက္ခြာမႈက သက္ေသျပသေနတာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ကစားသမားဟာ အမ္းမရိတ္စ္မွာ ရွိခဲ့တဲ့ကာလအတြင္း ၎ရဲ႕ အေကာင္းဆုံးရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ခ်ာကာက အရင္တုန္းထက္ေတာင္ ပိုၿပီး ႀကံ့ခိုင္လာတယ္လို႔ ခံစားရေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆြစ္ဇာလန္ကြင္းလယ္ကစားသမားဟာ ေလဗာကူဆင္အသင္းကို ေပါင္ ၁၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနၿပီျဖစ္ၿပီး ဝုလ္ဗ္စ္နဲ႔ပြဲစဥ္က ေနာက္ဆုံးႏႈတ္ဆက္မႈျဖစ္ခဲ့တယ္ဆိုရင္ ႏႈတ္ဆက္ဖို႔ ၿပီးျပည့္စုံတဲ့ နည္းလမ္းျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ာကာဟာ ပထမပိုင္း ၁၁ မိနစ္နဲ႔ ၁၄ မိနစ္တို႔မွာ အာဆင္နယ္အတြက္ ဦးေဆာင္ဂိုးေတြကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္ ၆၀ မျပည့္ခင္မွာ ဟက္ထရစ္ရရွိဖို႔အတြက္ အလြန္ေကာင္းမြန္တဲ့အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ာကာကို ကြင္းထဲကေန ထြက္ခြာခဲ့ခ်ိန္မွာေတာ့ အာဆင္နယ္ပရိသတ္ေတြဟာ အသင္းမွာ ဆက္ေနဖို႔အတြက္ ေႂကြးေၾကာ္ခဲ့ၾကတာျဖစ္ၿပီး ဒီလိုျမင္ကြင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက ဂန္းနားကြင္းလယ္ကစားသမားဟာ ဒီကြင္းထဲမွာပဲ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္သံေတြကို ခံခဲ့ရတာကို ျပန္ေတြးၾကည့္ရင္ မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။

လက္ရွိမွာေတာ့ ခ်ာကာဟာ အာဆင္နယ္ရဲ႕ သူရဲေကာင္းအျဖစ္နဲ႔ ႀကီးမားတဲ့အရာေတြအတြက္ စိတ္ပိုင္းျဖတ္ထားတဲ့ အာဆင္နယ္အသင္းကို ေက်ာခိုင္းေတာ့မွာျဖစ္ၿပီး ဂန္းနားေတြရဲ႕ အနာဂတ္ကလည္း ေတာက္ပေနပုံေပၚေနတာျဖစ္ပါတယ္။ ဆာကာက အာဆင္နယ္အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ညာေတာင္ပံကေန ခ်ိဳးဝင္ၿပီး ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ဂါဘရီယဲလ္ ေဂ်းဇုက ဒုတိယပိုင္းမွာ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ခီဗီေယာဟာ အာဆင္နယ္ရဲ႕ ပၪၥမေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့ေနာက္ဂန္းနားေတြအတြက္ ပထမဆုံးေသာ သြင္းဂိုးကိုလည္း သြင္းယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ယခုရာသီမွာ အမွတ္ေပးဖလားက အမ္းမရိတ္စ္ကို မေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ ယုံၾကည္မႈကေတာ့ ျပန္လည္ရရွိခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.