Premier League Transfer News

EPLဈေးကွက်ထဲက ထိပ်တန်းကစားသမား ၅ ဦး မိုးပျံဈေးတွေနဲ့ ပြောင်းရွှေ့ကြမှာလား

စပါးစ်ကို ပလစ်တော့မယ့် ဟာရီကိန်း
စပါးစ်တို့ရဲ့ လမ်းပြမြေပုံကိုတော့ ဘယ်နည်းပြမှ မယုံတော့သလို ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ မိန်းမငယ်လေးတစ်ယောက်လို အပြောင်းအလဲ များလွန်းတဲ့ အသင်းဥက္ကဌ ဒန်နီယယ်လ် လီဗိုင်းကိုလည်း ကြောက်နေကြလို့ အနာဂတ် ဝေဝါးနေချိန်မှာ တိုက်စစ်မှူး ဟာရီကိန်းကလည်း သူ ဒီလောက် ဂိုးသွင်းပေးထားတာတောင် အဖြစ်မရှိတဲ့ ကလပ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပြီဖြစ်ပါတယ်။ စပါးစ်တို့အနေနဲ့ သူ့အတွက် ပေါင်သန်း ၁၀၀ လောက် တောင်းဆိုသွားဖွယ်ရှိပြီး ရေတို တိုက်စစ်မှူး ခေါ်ယူမှုနဲ့ နာမည်ကြီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဝင်ရောက်ဆွေးနွေးဖွယ်ရှိနေပါတယ်။

ရိုက်စ်အတွက် လူလည်လုပ်ချင်နေတဲ့ မွိုက်စ်
အာဆင်နယ်အသင်းကို ပြောင်းချင်တယ်လို့ အရိပ်အယောင် ပြထားတဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်အတွက်တော့ နည်းပြ ဒေးဗစ်မွိုက်စ်အနေနဲ့ လူလည်လုပ်ချင်နေပြီး ဂန်းနားတွေ ပေးတဲ့ အဖွင့်ဈေး သန်း ၉၀ ထက် ပိုလိုချင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ပေါင်သန်း ၁၂၀ တန်တယ်လို့ စကော့တလန်သားက ယုံကြည်နေပြီး တစ်ခါက အဖေတော်ဖူးတဲ့ မန်ယူက ဒီဈေးပေးလိမ့်မယ်လို့လည်း မျှော်လင့်နေတာပါ။

မက္ကယ်လစ္စတာကို ဘရိုက်တန်ကြောင့် ခက်မယ့် လီဗာပူးလ်
ဖဲလ်မားကွင်းမှာ ၂၀၂၅ အထိ စာချုပ်ရှိနေပြီး အသင်းဘက်က တစ်နှစ်သက်တမ်းတိုးပိုင်ခွင့်ရှိတဲ့ မက္ကယ်လစ္စတာအတွက် ဘရိုက်တန်တို့အနေနဲ့ မူလက ထွက်ခွာခွင့် ပေးနိုင်တဲ့ တန်ကြေး ပေါင်သန်း ၆၀ ထက် ပိုလိုချင်နေလို့ လီဗာပူးလ်တို့ ခေါင်းကိုက်ကုန်ကြပါပြီ။ အသင်းရဲ့ ငွေဆက်တိုက်သုံးပြီး မအောင်မြင်ခဲ့သလို ချန်ပီယံလိဂ် မဝင်နိုင်မှုက ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားသားကို ခေါ်ယူဖို့ ပေသီးခေါက်ရစေချိန်မှာ ထိပ်ဆုံး ၆ သင်းနဲ့ ဆွေးနွေးခွင့်ကို ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်လူကြောင့်သာ တစ်နည်းတစ်လမ်းနဲ့ အဆင်ပြေမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရှင်းထုတ်မယ်ပြောပြီး ၇၅ သန်းဆိုတဲ့ မေဆန်မောင့်
ချဲလ်ဆီးတို့ဆီမှာ အစွမ်းမပြနိုင်တော့သလို အသင်းမှာလည်း မပျော်တော့လို့ ရောင်းထုတ်မယ်ဆိုတဲ့ မေဆန်မောင့်အတွက် ခေါ်ဈေးက ပေါင် ၇၅ သန်းဆိုလို့ လိုချင်သူတွေ လက်လန်ကုန်ကြပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့တဲ့ မောင့်ကို အစကတည်းက ချဲလ်ဆီးနဲ့ အမြင်မကြည်တဲ့ သူ့ဖခင်က ဆွဲထုတ်နေတာလည်းဖြစ်ပြီး ဒီဈေးနှုန်းက နံပါတ်တစ် သင့်တော်သူ နယူးကာဆယ်လ်တို့က ပေးမလား၊ အာဆင်နယ်၊ မန်ယူနဲ့ တခြားအသင်းတွေဆီပဲ ဈေးလျှော့ပြီး ရောက်သွားမလား၊ အရန်ခုံထိုင်ခိုင်းမလားဆိုတာကတော့ ပိုချက်တီနို လာမှပဲ ပိုမိုသဲကွဲတော့မှာပါ။

မက်ဒီဆန်တစ်ယောက်တည်း တန်းပြန်တက်ဖို့
လက်စတာတို့ တန်းဆင်းသွားချိန်မှာ ကစားသမားတွေကတော့ တန်းပြန်တက်ကြမှာဖြစ်ပါတယ်။ ကင်းပါဝါကနေ ယူရီ တီးလီးမန်းစ်က အလွတ်နဲ့ ထွက်ခွာမှာဖြစ်သလို ချန်ပီယံရှစ်ရဲ့ အသုံးစရိတ် သတ်မှတ်ချက်အရ လစာငွေလျှော့တာတွေ၊ လူရောင်းရမှာတွေကို ထိုင်းပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရတော့မယ့်အချိန်မှာ အသင်းကြီးတွေ သဘောကျတဲ့ ဂျိမ်းစ် မက်ဒီဆန်ကလည်း ထွက်ခွာဖို့ ဖြစ်လာမှာကြောင့် နယူးကာဆယ်လ်နဲ့ စပါးစ်တို့များ ပွဲလန့်တုန်း ဖျာခင်းမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.