Premier League

အက်ဖ်အေဗိုလ်လုပွဲမှာ စီးတီးကို နိုင်ဖို့ ယူနိုက်တက်လုပ်ရမယ့်အရာကို ပြောပြလိုက်တဲ့ ဝိန်း ရူနီ

ဝိန်း ရူနီက မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့်အပတ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဆုဖလား ကိုင်မြှောက်ချင်တယ်ဆိုရင် ၎င်းတို့ရဲ့ နည်းဗျူဟာကို အနည်းငယ် လှည့်စားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝင်ဘလေကို ဒုတိယအကောင်းဆုံးအသင်းအဖြစ်နဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကတော့ ဆုဖလားရရှိဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအတွက်တော့ ဖလား ၃ လုံးလမ်းကြောင်းပေါ်က နောက်ထပ်ဖလားတစ်လုံးကို ရယူဖို့ ဖြစ်ပြီး အင်္ဂလန်မှာ ဆုဖလား ၃ လုံးရရှိဖူးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် စံချိန်တင်းထားတဲ့ မန်ယူနိုက်တက်အတွက်တော့ ဖျက်မျဉ်းလုပ်ဖို့ အခွင့်အရေးကောင်းဖြစ်လာတာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း အစ်တီဟတ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဂိုးပြတ် ချေမှုန်းခြင်းခံခဲ့ရတာဖြစ်ပြီး ၆ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဝင်ဘလေမှာ ၎င်းတို့ရဲ့ မြို့ခံပြိုင်ဘက်က ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားကစားသွားမယ်ဆိုတာကို သိနေမှာဖြစ်ပြီး အဲဒါက တန်ပြန်တိုက်စစ်ဆင်ဖို့အတွက် အခွင့်အရေး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဝိန်း ရူနီက မန်ချက်စတာယူနိုက်တက်အနေနဲ့ ၎င်းတို့ရဲ့ ပြိုင်ဘက်တွေကို ပြဿနာအသစ်တွေကို ပေးနိုင်ဖို့အတွက် တိုက်စစ်ကစားသမားတွေကို ရှေ့တက်ကစားစေချင်နေတာ ဖြစ်ပါတယ်။

“စီးတီးကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအတွက် အက်ဖ်အေဖလားဗိုလ်လုပွဲက မန်ယူနိုက်တက်လောက် အရေးပါမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ စိတ်လှုပ်ရှားစရာ ပွဲကြပ်တစ်ပွဲဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ အချိန်ပိုနဲ့ ပင်နယ်တီအထိ သွားရနိုင်တယ်လို့ ခံစားရပြီး အကြောင်းအရင်းအချို့ကြောင့် ယူနိုက်တက်က အနိုင်ရသွားနိုင်တယ်လို့ ခံစားရတယ်။ သူတို့တွေ အဲဒီလို လုပ်နိုင်မယ်လို့ ကျွန်တော် ကျိန်းသေပေါက် မျှော်လင့်နေပါတယ်”

“သူတို့တွေ အဲဒီလို ဘယ်လိုလုပ်နိုင်မှာလဲဆိုရင် ဟုတ်ပြီ။ တန်ဟက်အနေနဲ့ နည်းနည်းတော့ အလောင်းအစားလုပ်ရမယ်လို့ ထင်တယ်။ ကျွန်တော့်ရဲ့ နည်းဗျူဟာက မန်စီးတီးကို မတူညီတဲ့တစ်စုံတရာကို လုပ်ဖို့ တခြားနည်းလမ်းနဲ့ တောင်းဆိုသွားမှာပါ။ ကျွန်တော် ချဲလ်ဆီးကို ပထမဆုံး မော်ရင်ညို ကိုင်ခဲ့တဲ့အချိန်တုန်းက တစ်ခါတလေ သူ သုံးလေ့ရှိတဲ့ နည်းဗျူဟာနဲ့ ဆင်တူတဲ့အရာကို စမ်းသပ်ကြည့်မှာပါ”

“သူက ဂျိုးကိုး၊ အာယန် ရော်ဘင်၊ ဒေမီယန် ဒပ်ဖ်တို့လို ကစားသမားတွေကို နေရာတဝက်ပဲ ယူခိုင်းတယ်။ သူတို့တွေ ချဲလ်ဆီး ဘောလုံးပိုင်ဆိုင်မှု မရတဲ့အချိန်ကျရင် နောက်တန်းအကုန်ပြန်ဆင်းလာပြီး ခံစစ်မကစားကြဘူး။ ဒါပေမယ့် အဲဒီအစား နည်းနည်း လှည့်စားပြီး ချဲလ်ဆီး ဘောလုံးပြန်ရတာနဲ့ တန်ပြန်တိုက်စစ် တန်းဆင်လို့ရနိုင်တဲ့ နေရာတွေမှာ စောင့်နေကြတယ်။ အဲဒါက စီးတီးကို မတူညီတဲ့မေးခွန်းဖြစ်လာစေမှာပါ။ ဂျွန်စတုန်းက ကွင်းလယ်ထဲမှာပဲ နေမှာလား ဒါမှမဟုတ် ရက်ရှ်ဖို့ဒ် ပြေးဝင်ဖို့အတွက် တောင်ပံတွေကို ဒီတိုင်းထားထားမှာလား။ ကိုင်လီ ဝေါ်ကာ ဒီပွင့်နေတဲ့ နေရာလွတ်တွေကို ကာကွယ်မှာလား ဒါမှမဟုတ် ရှေ့တက်နေမှာလား”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီး နည်းပြဘဝမှာ အက်ဖ်အေဖလားကို တစ်ကြိမ်သာ ရရှိခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်တုန်းက ဝက်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အချိန်တုန်းက ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းကတော့ ယခုရာသီမှာ ဝင်ဘလေအောင်ပွဲကို ကာရာဘောင်းဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ မြည်းစမ်းခဲ့ပြီးဖြစ်ပြီး ၆ နှစ်ကြာ ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝိန္း ႐ူနီက မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လာမယ့္အပတ္ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဆုဖလား ကိုင္ေျမႇာက္ခ်င္တယ္ဆိုရင္ ၎တို႔ရဲ႕ နည္းဗ်ဴဟာကို အနည္းငယ္ လွည့္စားရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝင္ဘေလကို ဒုတိယအေကာင္းဆုံးအသင္းအျဖစ္နဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဆုဖလားရရွိဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္နဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ခဲ့ၿပီးျဖစ္တဲ့ မန္ခ်က္စတာစီးတီးအတြက္ေတာ့ ဖလား ၃ လုံးလမ္းေၾကာင္းေပၚက ေနာက္ထပ္ဖလားတစ္လုံးကို ရယူဖို႔ ျဖစ္ၿပီး အဂၤလန္မွာ ဆုဖလား ၃ လုံးရရွိဖူးတဲ့ တစ္သင္းတည္းေသာ အသင္းအျဖစ္ စံခ်ိန္တင္းထားတဲ့ မန္ယူႏိုက္တက္အတြက္ေတာ့ ဖ်က္မ်ဥ္းလုပ္ဖို႔ အခြင့္အေရးေကာင္းျဖစ္လာတာျဖစ္ပါတယ္။

တန္ဟက္ရဲ႕အသင္းဟာ ယခုရာသီမွာ မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိခဲ့ၿပီးျဖစ္ေပမယ့္လည္း အစ္တီဟတ္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ ဂိုးျပတ္ ေခ်မႈန္းျခင္းခံခဲ့ရတာျဖစ္ၿပီး ၆ ဂိုးအထိ ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဝင္ဘေလမွာ ၎တို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္က ေဘာလုံးပိုင္ဆိုင္မႈကို အဓိကထားကစားသြားမယ္ဆိုတာကို သိေနမွာျဖစ္ၿပီး အဲဒါက တန္ျပန္တိုက္စစ္ဆင္ဖို႔အတြက္ အခြင့္အေရး ျဖစ္လာမွာ ျဖစ္ပါတယ္။

ဝိန္း ႐ူနီက မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ၎တို႔ရဲ႕ ၿပိဳင္ဘက္ေတြကို ျပႆနာအသစ္ေတြကို ေပးႏိုင္ဖို႔အတြက္ တိုက္စစ္ကစားသမားေတြကို ေရွ႕တက္ကစားေစခ်င္ေနတာ ျဖစ္ပါတယ္။

“စီးတီးကစားသမားေတြ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ပရိသတ္ေတြအတြက္ အက္ဖ္ေအဖလားဗိုလ္လုပြဲက မန္ယူႏိုက္တက္ေလာက္ အေရးပါမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ကေတာ့ စိတ္လႈပ္ရွားစရာ ပြဲၾကပ္တစ္ပြဲျဖစ္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အခ်ိန္ပိုနဲ႔ ပင္နယ္တီအထိ သြားရႏိုင္တယ္လို႔ ခံစားရၿပီး အေၾကာင္းအရင္းအခ်ိဳ႕ေၾကာင့္ ယူႏိုက္တက္က အႏိုင္ရသြားႏိုင္တယ္လို႔ ခံစားရတယ္။ သူတို႔ေတြ အဲဒီလို လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ က်ိန္းေသေပါက္ ေမွ်ာ္လင့္ေနပါတယ္”

“သူတို႔ေတြ အဲဒီလို ဘယ္လိုလုပ္ႏိုင္မွာလဲဆိုရင္ ဟုတ္ၿပီ။ တန္ဟက္အေနနဲ႔ နည္းနည္းေတာ့ အေလာင္းအစားလုပ္ရမယ္လို႔ ထင္တယ္။ ကြၽန္ေတာ့္ရဲ႕ နည္းဗ်ဴဟာက မန္စီးတီးကို မတူညီတဲ့တစ္စုံတရာကို လုပ္ဖို႔ တျခားနည္းလမ္းနဲ႔ ေတာင္းဆိုသြားမွာပါ။ ကြၽန္ေတာ္ ခ်ဲလ္ဆီးကို ပထမဆုံး ေမာ္ရင္ညိဳ ကိုင္ခဲ့တဲ့အခ်ိန္တုန္းက တစ္ခါတေလ သူ သုံးေလ့ရွိတဲ့ နည္းဗ်ဴဟာနဲ႔ ဆင္တူတဲ့အရာကို စမ္းသပ္ၾကည့္မွာပါ”

“သူက ဂ်ိဳးကိုး၊ အာယန္ ေရာ္ဘင္၊ ေဒမီယန္ ဒပ္ဖ္တို႔လို ကစားသမားေတြကို ေနရာတဝက္ပဲ ယူခိုင္းတယ္။ သူတို႔ေတြ ခ်ဲလ္ဆီး ေဘာလုံးပိုင္ဆိုင္မႈ မရတဲ့အခ်ိန္က်ရင္ ေနာက္တန္းအကုန္ျပန္ဆင္းလာၿပီး ခံစစ္မကစားၾကဘူး။ ဒါေပမယ့္ အဲဒီအစား နည္းနည္း လွည့္စားၿပီး ခ်ဲလ္ဆီး ေဘာလုံးျပန္ရတာနဲ႔ တန္ျပန္တိုက္စစ္ တန္းဆင္လို႔ရႏိုင္တဲ့ ေနရာေတြမွာ ေစာင့္ေနၾကတယ္။ အဲဒါက စီးတီးကို မတူညီတဲ့ေမးခြန္းျဖစ္လာေစမွာပါ။ ဂြၽန္စတုန္းက ကြင္းလယ္ထဲမွာပဲ ေနမွာလား ဒါမွမဟုတ္ ရက္ရွ္ဖို႔ဒ္ ေျပးဝင္ဖို႔အတြက္ ေတာင္ပံေတြကို ဒီတိုင္းထားထားမွာလား။ ကိုင္လီ ေဝၚကာ ဒီပြင့္ေနတဲ့ ေနရာလြတ္ေတြကို ကာကြယ္မွာလား ဒါမွမဟုတ္ ေရွ႕တက္ေနမွာလား”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ မန္ခ်က္စတာစီးတီး နည္းျပဘဝမွာ အက္ဖ္ေအဖလားကို တစ္ႀကိမ္သာ ရရွိခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္တုန္းက ဝက္ဖို႔ဒ္ကို ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့အခ်ိန္တုန္းက ဗိုလ္စြဲခဲ့တာ ျဖစ္ပါတယ္။ တန္ဟက္ရဲ႕အသင္းကေတာ့ ယခုရာသီမွာ ဝင္ဘေလေအာင္ပြဲကို ကာရာေဘာင္းဖလားဗိုလ္လုပြဲအျဖစ္ နယူးကာဆယ္နဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္မွာ ျမည္းစမ္းခဲ့ၿပီးျဖစ္ၿပီး ၆ ႏွစ္ၾကာ ဆုဖလားေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.