Premier League

ဖလား ၃ လုံးရရင် ရှိတ်ခ် မန်ဆော်ပေးခဲ့ရတဲ့ပမာဏထက်တောင် ပိုရမယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ဆုဖလား ၃ လုံးတပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ပေါင်သန်း ၃၀၀ နီးပါး ရရှိမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပေါင်သန်း ၁၈၀ ရရှိခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ကို အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရမယ်ဆိုရင် နောက်ထပ် ပေါင် ၈ သန်း ရရှိမှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်မှာ အင်တာမီလန်နဲ့ ရင်ဆိုင်ကစားချိန်မှာ ချန်ပီယံလိဂ်ဖလားကို မန်ချက်စတာစီးတီးအတွက် ပထမဆုံးအကြိမ် ဆွတ်ခူးပေးနိုင်မယ်ဆိုရင် နောက်ထပ် ပေါင်သန်း ၁၁၀ ရရှိဦးမှာ ဖြစ်ပါတယ်။

အဲဒါက ဘောလုံးသမိုင်းတလျှောက်မှာ မြင်တွေ့ခဲ့ရဖူးတဲ့ ဆုကြေးတွေထဲမှာ အကြီးမားဆုံး ဆုကြေးဖြစ်လာမှာဖြစ်ပြီး အဲဒီလို ဖြစ်လာမယ်ဆိုရင် ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးကို တိုးတက်စေနိုင်မယ်လို့ ယုံကြည်တဲ့ ဘယ်လိုကစားသမားမျိုးကိုမဆို ခေါ်ယူရာမှာ မျက်နှာပန်းပွင့်စေမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးသာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့မယ်ဆိုရင် အသင်းပိုင်ရှင် ရှိတ်ခ် မန်ဆော်အနေနဲ့ ၂၀၀၈ ခုနှစ်တုန်းက မန်ချက်စတာအသင်းကို ဝယ်ယူခဲ့တဲ့ပမာဏဖြစ်တဲ့ ပေါင် ၂၆၅ သန်းထက်တောင် ပိုမိုတဲ့ ငွေကြေးပမာဏကို ရရှိမှာ ဖြစ်ပါတယ်။

ရှိတ်ခ် မန်ဆော်ဟာ ရင်သပ်ရှုမောဖွယ် လေ့ကျင့်ရေးကွင်း၊ အစ်တီဟတ်ကွင်းနဲ့ အရှေ့မန်ချက်စတာက ဧရိယာပတ်ဝန်းကျင်ကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ပေါင်သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အစ်တီဟတ်ကွင်းကို လူ ၆ သောင်းဝင်ဆံ့တဲ့ ကွင်းအဖြစ် တိုးချဲ့ပြီး ပန်းခြံနဲ့ ဟိုတယ်တို့ကို တည်ဆောက်ဖို့အတွက် ပေါင်သန်း ၃၀၀ သုံးစွဲသွားမယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီမွာ ဆုဖလား ၃ လုံးတၿပိဳင္နက္တည္း ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ စုစုေပါင္း ေပါင္သန္း ၃၀၀ နီးပါး ရရွိမွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ေပါင္သန္း ၁၈၀ ရရွိခဲ့တာျဖစ္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူႏိုက္တက္ကို အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ အႏိုင္ရမယ္ဆိုရင္ ေနာက္ထပ္ ေပါင္ ၈ သန္း ရရွိမွာ ျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ဇြန္လ ၁၀ ရက္ေန႔ အစၥတန္ဘူလ္မွာ အင္တာမီလန္နဲ႔ ရင္ဆိုင္ကစားခ်ိန္မွာ ခ်န္ပီယံလိဂ္ဖလားကို မန္ခ်က္စတာစီးတီးအတြက္ ပထမဆုံးအႀကိမ္ ဆြတ္ခူးေပးႏိုင္မယ္ဆိုရင္ ေနာက္ထပ္ ေပါင္သန္း ၁၁၀ ရရွိဦးမွာ ျဖစ္ပါတယ္။

အဲဒါက ေဘာလုံးသမိုင္းတေလွ်ာက္မွာ ျမင္ေတြ႕ခဲ့ရဖူးတဲ့ ဆုေၾကးေတြထဲမွာ အႀကီးမားဆုံး ဆုေၾကးျဖစ္လာမွာျဖစ္ၿပီး အဲဒီလို ျဖစ္လာမယ္ဆိုရင္ ဂြါဒီယိုလာဟာ မန္ခ်က္စတာစီးတီးကို တိုးတက္ေစႏိုင္မယ္လို႔ ယုံၾကည္တဲ့ ဘယ္လိုကစားသမားမ်ိဳးကိုမဆို ေခၚယူရာမွာ မ်က္ႏွာပန္းပြင့္ေစမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးသာ သမိုင္းသစ္ ေရးထိုးႏိုင္ခဲ့မယ္ဆိုရင္ အသင္းပိုင္ရွင္ ရွိတ္ခ္ မန္ေဆာ္အေနနဲ႔ ၂၀၀၈ ခုႏွစ္တုန္းက မန္ခ်က္စတာအသင္းကို ဝယ္ယူခဲ့တဲ့ပမာဏျဖစ္တဲ့ ေပါင္ ၂၆၅ သန္းထက္ေတာင္ ပိုမိုတဲ့ ေငြေၾကးပမာဏကို ရရွိမွာ ျဖစ္ပါတယ္။

ရွိတ္ခ္ မန္ေဆာ္ဟာ ရင္သပ္ရႈေမာဖြယ္ ေလ့က်င့္ေရးကြင္း၊ အစ္တီဟတ္ကြင္းနဲ႔ အေရွ႕မန္ခ်က္စတာက ဧရိယာပတ္ဝန္းက်င္ကို ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔အတြက္ ေပါင္သန္း ၂၀၀ အထိ ရင္းႏွီးျမႇဳပ္ႏွံခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အစ္တီဟတ္ကြင္းကို လူ ၆ ေသာင္းဝင္ဆံ့တဲ့ ကြင္းအျဖစ္ တိုးခ်ဲ႕ၿပီး ပန္းၿခံနဲ႔ ဟိုတယ္တို႔ကို တည္ေဆာက္ဖို႔အတြက္ ေပါင္သန္း ၃၀၀ သုံးစြဲသြားမယ့္ အစီအစဥ္ကို ေၾကညာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.