Ligue1

ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ချိုးခဲ့တဲ့ မက်ဆီကို တကယ့်GOAT အစစ်လို့ ချီးကျူးခဲ့တဲ့ ပရိသတ်များ

လီယွန်နယ် မက်ဆီဟာ စထရာဘိုးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒို ရေးထိုးထားခဲ့တဲ့ နောက်ထပ်စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဘလွန်ဒေါဆုကို ၁၂ ကြိမ်အထိ အလှည့်ကျ ရယူခဲ့ကြပြီး လိဂ် မတူညီတော့တာတောင်မှ ပရိသတ်တွေကြားမှာ အမြဲတမ်း နှိုင်းယှဉ်စရာဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီဟာ စနေနေ့ညမှာတော့ ကာလရှည်ပြိုင်ဘက်ထက် အသာစီး ရရှိသွားခဲ့ပြီဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ပီအက်စ်ဂျီအသင်းကို လီဂူးဝမ်းဖလား ဆွတ်ခူးနိုင်စေမယ့် ယခုရာသီ ၁၆ ဂိုးမြောက် လိဂ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ သွင်းဂိုးဟာ အဲဒီထက်တောင် အရေးပါခဲ့သေးတာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ၄၉၆ ဂိုးမြောက် သွင်းဂိုး ဖြစ်ခဲ့တာကြောင့် ၄၉၅ ဂိုး သွင်းယူထားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ခီလီယန် အမ်ဘာပေရဲ့ ကောင်းမွန်တဲ့ ပေးပို့မှုအပြီးမှာ ဂိုးကန်သွင်းမှု ပြုလုပ်သွားနိုင်ခဲ့တာဖြစ်ပြီး ၄၉၆ ဂိုး စံချိန်သစ်ကို ၄၉ ပွဲလျော့ကစားပြီး ရေးထိုးသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းပရိသတ်တွေနဲ့ ဆက်ဆံရေး ဆိုးရွားနေခဲ့တာဖြစ်ပြီး လိုရွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဆော်ဒီ အာရေဗျကိုအလည်အပတ်သွားရောက်ခဲ့တာကြောင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းနဲ့ ပရိသတ်တွေကို အပြည့်အဝ တောင်းပန်မှုတွေ၊ ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ယခုလအစောပိုင်း အဂျက်စီယိုနဲ့ ပွဲမှာ ပြန်လည်ပါဝင်ကစားချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီ လီဂူးဝမ်းမှာ သွင်းဂိုး ၁၆ ဂိုး၊ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားသူဖြစ်ပြီး လာမယ့် စနေနေ့ ကလဲမွန့်က ပီအက်စ်ဂျီအိမ်ကွင်းကို လာရောက်ယှဉ်ပြိုင်မယ့် ပွဲစဉ်အပြီးမှာ အာဂျင်တီးနားကြယ်ပွင့်ဟာ တိုတောင်းတဲကာလအတွင်း ၂ ကြိမ်မြောက် လိဂူးဝမ်းဖလားကို ကိုင်မြှောက်သွားတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စနေနေ့ညမှာ စထရာဘိုးနဲ့ စိတ်လှုပ်ရှားဖွယ် ထိပ်တိုက်တွေ့ဆုံမှုမှာ သရေရလဒ်သာ ရှိခဲ့ပေမယ့်လည်း ဒုတိယနေရာက လွန်းစ်နဲ့ ၄ မှတ်အထိ ကွာဟနေတာကြောင့် လာမယ့်ပွဲစဉ်ရလဒ်က ဘယ်လိုပဲထွက်ပေါ်လာသည်ဖြစ်စေ ၂ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ အစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ပြည်တွင်းမှာတော့ ဘယ်အသင်းမှ ယှဉ်လို့မရဘူးဆိုတာကို ထပ်မံသက်သေပြသခဲ့ပြီး ၅၉ မိနစ်မှာ လီယွန်နယ် မက်ဆီက ကလပ်အသင်းသွင်းဂိုး ၄၉၆ ဂိုးမြောက် စံချိန်သစ် ရေးထိုးနိုင်မယ့် သွင်းဂိုးနဲ့ လိဂူးဝမ်းကလပ်အသင်းကို နောက်ထပ်တစ်ကြိမ် ဆုဖလားရရှိစေခဲ့တာဖြစ်ပါတယ်။

စထရာဘိုးအသင်းအတွက် ၇၉ မိနစ်မှာ ဂမီရိုက ပြန်လည်ချေပခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းက တုန်လှုပ်သွားခဲ့ပေမယ့်လည်း သရေကျရင်တောင် ဖလားရပြီဆိုတဲ့စိတ်နဲ့ ကွင်းထဲဝင်ရောက်လာခဲ့တဲ့ ပါရီသားတွေက ကြံ့ကြံ့ခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပရိသတ်တွေဟာ စထရာဘိုးနဲ့ပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ မယိမ်းယိုင်တဲ့ အဆုံးသတ်နိုင်စွမ်းကို လေးစားကြောင်း လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“၈ ကြိမ်မြောက် ဘလွန်ဒေါကလည်း စောင့်နေပါပြီ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဆုဖလားအနိုင်ရစေမယ့် သွင်းဂိုးကို သွင်းခဲ့တယ်။ ဒီရာသီမှာလည်း ဆုဖလားအနိုင်ရမယ့်သွင်းဂိုးကို သွင်းယူခဲ့တယ်။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ စထရာဘိုးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရးထိုးထားခဲ့တဲ့ ေနာက္ထပ္စံခ်ိန္တစ္ခုကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ဟာ ဘလြန္ေဒါဆုကို ၁၂ ႀကိမ္အထိ အလွည့္က် ရယူခဲ့ၾကၿပီး လိဂ္ မတူညီေတာ့တာေတာင္မွ ပရိသတ္ေတြၾကားမွာ အၿမဲတမ္း ႏႈိင္းယွဥ္စရာျဖစ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မက္ဆီဟာ စေနေန႔ညမွာေတာ့ ကာလရွည္ၿပိဳင္ဘက္ထက္ အသာစီး ရရွိသြားခဲ့ၿပီျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပီအက္စ္ဂ်ီအသင္းကို လီဂူးဝမ္းဖလား ဆြတ္ခူးႏိုင္ေစမယ့္ ယခုရာသီ ၁၆ ဂိုးေျမာက္ လိဂ္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ႕ သြင္းဂိုးဟာ အဲဒီထက္ေတာင္ အေရးပါခဲ့ေသးတာျဖစ္ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ၄၉၆ ဂိုးေျမာက္ သြင္းဂိုး ျဖစ္ခဲ့တာေၾကာင့္ ၄၉၅ ဂိုး သြင္းယူထားခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ မက္ဆီဟာ ခီလီယန္ အမ္ဘာေပရဲ႕ ေကာင္းမြန္တဲ့ ေပးပို႔မႈအၿပီးမွာ ဂိုးကန္သြင္းမႈ ျပဳလုပ္သြားႏိုင္ခဲ့တာျဖစ္ၿပီး ၄၉၆ ဂိုး စံခ်ိန္သစ္ကို ၄၉ ပြဲေလ်ာ့ကစားၿပီး ေရးထိုးသြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြနဲ႔ ဆက္ဆံေရး ဆိုး႐ြားေနခဲ့တာျဖစ္ၿပီး လို႐ြန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ အသင္းရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ေဆာ္ဒီ အာေရဗ်ကိုအလည္အပတ္သြားေရာက္ခဲ့တာေၾကာင့္ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ဟာ အသင္းနဲ႔ ပရိသတ္ေတြကို အျပည့္အဝ ေတာင္းပန္မႈေတြ၊ ရွင္းလင္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ယခုလအေစာပိုင္း အဂ်က္စီယိုနဲ႔ ပြဲမွာ ျပန္လည္ပါဝင္ကစားခ်ိန္မွာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုရာသီ လီဂူးဝမ္းမွာ သြင္းဂိုး ၁၆ ဂိုး၊ ဂိုးဖန္တီးမႈ ၁၆ ႀကိမ္ ျပဳလုပ္ထားသူျဖစ္ၿပီး လာမယ့္ စေနေန႔ ကလဲမြန႔္က ပီအက္စ္ဂ်ီအိမ္ကြင္းကို လာေရာက္ယွဥ္ၿပိဳင္မယ့္ ပြဲစဥ္အၿပီးမွာ အာဂ်င္တီးနားၾကယ္ပြင့္ဟာ တိုေတာင္းတဲကာလအတြင္း ၂ ႀကိမ္ေျမာက္ လိဂူးဝမ္းဖလားကို ကိုင္ေျမႇာက္သြားေတာ့မွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ စေနေန႔ညမွာ စထရာဘိုးနဲ႔ စိတ္လႈပ္ရွားဖြယ္ ထိပ္တိုက္ေတြ႕ဆုံမႈမွာ သေရရလဒ္သာ ရွိခဲ့ေပမယ့္လည္း ဒုတိယေနရာက လြန္းစ္နဲ႔ ၄ မွတ္အထိ ကြာဟေနတာေၾကာင့္ လာမယ့္ပြဲစဥ္ရလဒ္က ဘယ္လိုပဲထြက္ေပၚလာသည္ျဖစ္ေစ ၂ ႏွစ္ဆက္ ခ်န္ပီယံျဖစ္ခဲ့ၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္မွာ အစြမ္းမျပႏိုင္ခဲ့ေပမယ့္လည္း ျပည္တြင္းမွာေတာ့ ဘယ္အသင္းမွ ယွဥ္လို႔မရဘူးဆိုတာကို ထပ္မံသက္ေသျပသခဲ့ၿပီး ၅၉ မိနစ္မွာ လီယြန္နယ္ မက္ဆီက ကလပ္အသင္းသြင္းဂိုး ၄၉၆ ဂိုးေျမာက္ စံခ်ိန္သစ္ ေရးထိုးႏိုင္မယ့္ သြင္းဂိုးနဲ႔ လိဂူးဝမ္းကလပ္အသင္းကို ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားရရွိေစခဲ့တာျဖစ္ပါတယ္။

စထရာဘိုးအသင္းအတြက္ ၇၉ မိနစ္မွာ ဂမီ႐ိုက ျပန္လည္ေခ်ပခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းက တုန္လႈပ္သြားခဲ့ေပမယ့္လည္း သေရက်ရင္ေတာင္ ဖလားရၿပီဆိုတဲ့စိတ္နဲ႔ ကြင္းထဲဝင္ေရာက္လာခဲ့တဲ့ ပါရီသားေတြက ႀကံ့ႀကံ့ခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြဟာ စထရာဘိုးနဲ႔ပြဲစဥ္အၿပီးမွာ လီယြန္နယ္ မက္ဆီရဲ႕ ထူးျခားတဲ့ စြမ္းေဆာင္ရည္နဲ႔ မယိမ္းယိုင္တဲ့ အဆုံးသတ္ႏိုင္စြမ္းကို ေလးစားေၾကာင္း လူမႈကြန္ရက္ေပၚမွာ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

“၈ ႀကိမ္ေျမာက္ ဘလြန္ေဒါကလည္း ေစာင့္ေနပါၿပီ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ဆုဖလားအႏိုင္ရေစမယ့္ သြင္းဂိုးကို သြင္းခဲ့တယ္။ ဒီရာသီမွာလည္း ဆုဖလားအႏိုင္ရမယ့္သြင္းဂိုးကို သြင္းယူခဲ့တယ္။”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.