Other Leagues Premier League

လာမယ့်ရာသီကို ၈ မှတ်လျော့နဲ့ စတင်ရမယ့် အင်္ဂလန်ထိပ်တန်းအသင်း

ဝီဂန်အသင်းဟာ လစာပေးချေမှုနဲ့ပတ်သက်ပြီး ဒုတိယ ၄ မှတ်လျော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး လာမယ့်ရာသီ လိဂ်ဝမ်းမှာ ၈ မှတ်လျော့နဲ့ စတင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဝီဂန်အသင်းဟာ မတ်လနဲ့ မေတို့မှာ လစာပေးချေမှု ၂ ကြိမ်နောက်ကျခဲ့မှုအတွက် ပြီးခဲ့တဲ့အပတ်မှာ ကနဦး ရမှတ်လျှော့ချခြင်း ခံခဲ့ရတာဖြစ်ပြီး နောက်ထပ် ၄ မှတ်လျှော့ပြစ်ဒဏ်ကို ဆိုင်းငံ့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ဟာ ဗုဒ္ဓဟူးနေ့မှာ အမည်စာရင်းတင်ထားတဲ့ အကောင့်ထဲကို တစ်လစာ လစာပေးချေမှုစာရင်းရဲ့ ၁၂၅ ရာခိုင်နှုန်းနဲ့ တူညီတဲ့ ငွေပမာဏကို ပေးချေဖို့လိုအပ်ခဲ့တာဖြစ်ပေမယ့်လည်း အဲဒီအတိုင်း မလုပ်ခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ နောက်ထပ် ပြစ်ဒဏ်ချမှတ်မှုတွေ ခံခဲ့ရတာဖြစ်ပြီး ဝီဂန်အသင်းဟာ ထုတ်ပြန်ကြေညာချက်ထဲမှာ EFL ကို တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားနိုင်ခြေရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီနောက်ဆုံး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလွန်အမင်း စိတ်ပျက်မိပါတယ် ။ ကျွန်တော်တို့အသင်းဟာ ရာသီလက်ကျန်နဲ့ လာမယ့်ရာသီတစ်ခုလုံးအတွက် ဂဏန်း ၈ လုံးကို ပေးချေဖို့ ချမှတ်ထားတဲ့ EFLနဲ့ အရမ်းကို ပွင့်လင်းမြင်သာမှုရှိခဲ့ပါတယ်။ ဒီအသင်းဟာ လက်ရှိမှာ ဒီဟာကို တုံ့ပြန်ဖို့ တရားဥပဒေကြောင်းအရအပါအဝင် ရနိုင်တဲ့ ရွေးချယ်စရာတွေအားလုံးကို စဉ်းစားနေပြီး အခုအချိန်မှာတော့ နောက်ထပ်မှတ်ချက်ပေးမှာမဟုတ်ပါဘူး”လို့ ရေးသားထားတာဖြစ်ပါတယ်။

EFL က အစောပိုင်းမှာ ဝီဂန်အသင်းနဲ့ ပြောဆိုဆွေးနွေးနေမှုဟာ ဗုဒ္ဓဟူးနေ့ကတည်းက လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ဘာအဖြေမှ မရခဲ့ဘူးလို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

“EFL ဟာ ပြဿနာကနေ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်ထွက်ပေါ်လာဖို့ ကြိုးပမ်းခဲ့တဲ့ အသင်းနဲ့ ပြောဆိုဆွေးနွေးမှုအတွက် ပြီးခဲ့တဲ့ ၄၈ နာရီကို ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် သောကြာနေ့ မနက် ၉ နာရီအထိ လိုအပ်တဲ့ ငွေကြေးကို မအပ်နှံခဲ့ပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝီဂန်အသင်းဥက္ကဌ အဗ္ဗဒူလ်ရာမန် အယ်လ်ဂျာစမီက ရမှတ်လျော့ပြစ်ဒဏ် မကြေညာခင် အသင်းဝက်ဆိုက်မှာ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး လစာအချိန်မီ မပေးနိုင်တဲ့ကိစ္စကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

“ဂဏန်း ၈ လုံးပမာဏကို ရရှိဖို့ လက်ရှိမှာ လုပ်ဆောင်နေပြီဖြစ်ပြီး သိပ်မကြာခင် အသင်းအကောင့်ထဲကို ရောက်လာပါလိမ့်မယ်။ ဒီငွေကြေးက ဇွန်လနဲ့ ၂၀၂၃-၂၀၂၄ ရာသီအတွက် ဘဏ္ဍာရေးပိုင်းတည်ငြိမ်မှုကို ရရှိစေမှာပါ။ နောက်ကျနေတဲ့ လစာပေးချေမှုအများအပြားကို ဖြေရှင်းဖို့က အရေးကြီးပါတယ်။ ကျွန်တော် အရင်တုန်းက ပြောခဲ့တဲ့အတိုင်း ဒီဟာက လုံးဝကို လက်မခံနိုင်စရာဆိုတာကို အသိအမှတ်ပြုပါတယ်။ Phoenix 2021 က ဝီဂန်ကို ၂၀၂၁ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့အချိန်ကတည်းက ပိုင်ရှင်အုပ်စုဟာ ဒီနေ့အထိ အသင်းထဲကို ပေါင်သန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ငွေကြေးစီးဆင်းမှု ပြဿနာဖြစ်စေခဲ့ပြီး ဇန်နဝါရီလက EFL နဲ့ သဘောတူထားတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ မလိုက်နာနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း လုပ်ခလစာပေးချေပြီးသားဖြစ်တာ သေချာအောင် တတ်နိုင်သမျှ အရာအားလုံး လုပ်ခဲ့ပါတယ်။ နှောင့်နှေးကြန့်ကြာမှုက ပြည်ပငွေပေးချေမှုတွေမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့်လည်း ဒါက လစာပေးချေမှုနောက်ကျခဲ့တဲ့အတွက် ဆင်ခြေပေးလို့မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက ပရီးမီးယားလိဂ်မှာ ဘဏ္ဍာရေးစည်းမျဉ်းပေါင်း တစ်ရာကျော်ကို ချိုးဖောက်ခဲ့တယ်လို့ ယခုရာသီဝက်ကတည်းက စွပ်စွဲခံထားရတဲ့ မန်ချက်စတာစီးတီးကတော့ အရေးယူခံရခြင်းမရှိသေးဘဲ အက်ဖ်အေဟာ ချန်ပီယံရှစ်က ဝီဂန်လို မျက်နှာမွဲ အင်အားနည်းအသင်းကိုတော့ ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝီဂန္အသင္းဟာ လစာေပးေခ်မႈနဲ႔ပတ္သက္ၿပီး ဒုတိယ ၄ မွတ္ေလ်ာ့ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရၿပီး လာမယ့္ရာသီ လိဂ္ဝမ္းမွာ ၈ မွတ္ေလ်ာ့နဲ႔ စတင္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဝီဂန္အသင္းဟာ မတ္လနဲ႔ ေမတို႔မွာ လစာေပးေခ်မႈ ၂ ႀကိမ္ေနာက္က်ခဲ့မႈအတြက္ ၿပီးခဲ့တဲ့အပတ္မွာ ကနဦး ရမွတ္ေလွ်ာ့ခ်ျခင္း ခံခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္ ၄ မွတ္ေလွ်ာ့ျပစ္ဒဏ္ကို ဆိုင္းငံ့ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

လြတ္လပ္တဲ့ စည္းကမ္းထိန္းသိမ္းေရးေကာ္မရွင္ဟာ ဗုဒၶဟူးေန႔မွာ အမည္စာရင္းတင္ထားတဲ့ အေကာင့္ထဲကို တစ္လစာ လစာေပးေခ်မႈစာရင္းရဲ႕ ၁၂၅ ရာခိုင္ႏႈန္းနဲ႔ တူညီတဲ့ ေငြပမာဏကို ေပးေခ်ဖို႔လိုအပ္ခဲ့တာျဖစ္ေပမယ့္လည္း အဲဒီအတိုင္း မလုပ္ခဲ့တာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ေနာက္ထပ္ ျပစ္ဒဏ္ခ်မွတ္မႈေတြ ခံခဲ့ရတာျဖစ္ၿပီး ဝီဂန္အသင္းဟာ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ EFL ကို တရားဥပေဒေၾကာင္းအရ ရင္ဆိုင္သြားႏိုင္ေျခရွိတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီေနာက္ဆုံး ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အလြန္အမင္း စိတ္ပ်က္မိပါတယ္ ။ ကြၽန္ေတာ္တို႔အသင္းဟာ ရာသီလက္က်န္နဲ႔ လာမယ့္ရာသီတစ္ခုလုံးအတြက္ ဂဏန္း ၈ လုံးကို ေပးေခ်ဖို႔ ခ်မွတ္ထားတဲ့ EFLနဲ႔ အရမ္းကို ပြင့္လင္းျမင္သာမႈရွိခဲ့ပါတယ္။ ဒီအသင္းဟာ လက္ရွိမွာ ဒီဟာကို တုံ႔ျပန္ဖို႔ တရားဥပေဒေၾကာင္းအရအပါအဝင္ ရႏိုင္တဲ့ ေ႐ြးခ်ယ္စရာေတြအားလုံးကို စဥ္းစားေနၿပီး အခုအခ်ိန္မွာေတာ့ ေနာက္ထပ္မွတ္ခ်က္ေပးမွာမဟုတ္ပါဘူး”လို႔ ေရးသားထားတာျဖစ္ပါတယ္။

EFL က အေစာပိုင္းမွာ ဝီဂန္အသင္းနဲ႔ ေျပာဆိုေဆြးေႏြးေနမႈဟာ ဗုဒၶဟူးေန႔ကတည္းက လုပ္ေဆာင္ေနခဲ့တာျဖစ္ၿပီး ဘာအေျဖမွ မရခဲ့ဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“EFL ဟာ ျပႆနာကေန အေပါင္းလကၡဏာေဆာင္တဲ့ရလဒ္ထြက္ေပၚလာဖို႔ ႀကိဳးပမ္းခဲ့တဲ့ အသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈအတြက္ ၿပီးခဲ့တဲ့ ၄၈ နာရီကို ကုန္ဆုံးခဲ့ပါတယ္။ ဒါေပမယ့္ ေသာၾကာေန႔ မနက္ ၉ နာရီအထိ လိုအပ္တဲ့ ေငြေၾကးကို မအပ္ႏွံခဲ့ပါဘူး။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဝီဂန္အသင္းဥကၠဌ အဗၺဒူလ္ရာမန္ အယ္လ္ဂ်ာစမီက ရမွတ္ေလ်ာ့ျပစ္ဒဏ္ မေၾကညာခင္ အသင္းဝက္ဆိုက္မွာ ထုတ္ျပန္ေၾကညာခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး လစာအခ်ိန္မီ မေပးႏိုင္တဲ့ကိစၥကို ရွင္းျပခဲ့တာျဖစ္ပါတယ္။

“ဂဏန္း ၈ လုံးပမာဏကို ရရွိဖို႔ လက္ရွိမွာ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး သိပ္မၾကာခင္ အသင္းအေကာင့္ထဲကို ေရာက္လာပါလိမ့္မယ္။ ဒီေငြေၾကးက ဇြန္လနဲ႔ ၂၀၂၃-၂၀၂၄ ရာသီအတြက္ ဘ႑ာေရးပိုင္းတည္ၿငိမ္မႈကို ရရွိေစမွာပါ။ ေနာက္က်ေနတဲ့ လစာေပးေခ်မႈအမ်ားအျပားကို ေျဖရွင္းဖို႔က အေရးႀကီးပါတယ္။ ကြၽန္ေတာ္ အရင္တုန္းက ေျပာခဲ့တဲ့အတိုင္း ဒီဟာက လုံးဝကို လက္မခံႏိုင္စရာဆိုတာကို အသိအမွတ္ျပဳပါတယ္။ Phoenix 2021 က ဝီဂန္ကို ၂၀၂၁ ခုႏွစ္မွာ ဝယ္ယူခဲ့တဲ့အခ်ိန္ကတည္းက ပိုင္ရွင္အုပ္စုဟာ ဒီေန႔အထိ အသင္းထဲကို ေပါင္သန္း ၃၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ေငြေၾကးစီးဆင္းမႈ ျပႆနာျဖစ္ေစခဲ့ၿပီး ဇန္နဝါရီလက EFL နဲ႔ သေဘာတူထားတဲ့ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္တို႔ မလိုက္နာႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း လုပ္ခလစာေပးေခ်ၿပီးသားျဖစ္တာ ေသခ်ာေအာင္ တတ္ႏိုင္သမွ် အရာအားလုံး လုပ္ခဲ့ပါတယ္။ ေႏွာင့္ေႏွးၾကန႔္ၾကာမႈက ျပည္ပေငြေပးေခ်မႈေတြမွာ ျဖစ္႐ိုးျဖစ္စဥ္ျဖစ္ေပမယ့္လည္း ဒါက လစာေပးေခ်မႈေနာက္က်ခဲ့တဲ့အတြက္ ဆင္ေျခေပးလို႔မရႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အံ့အားသင့္စရာေကာင္းတာက ပရီးမီးယားလိဂ္မွာ ဘ႑ာေရးစည္းမ်ဥ္းေပါင္း တစ္ရာေက်ာ္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ယခုရာသီဝက္ကတည္းက စြပ္စြဲခံထားရတဲ့ မန္ခ်က္စတာစီးတီးကေတာ့ အေရးယူခံရျခင္းမရွိေသးဘဲ အက္ဖ္ေအဟာ ခ်န္ပီယံရွစ္က ဝီဂန္လို မ်က္ႏွာမြဲ အင္အားနည္းအသင္းကိုေတာ့ ခ်က္ခ်င္း အေရးယူေဆာင္႐ြက္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.