Ligue1

အမ်ဘာပေရဲ့ နောက်ဆုံးသတ်မှတ်ရက်ကို စောင့်ဆိုင်းနေတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါထိပ်သီးအသင်းကြီး ရီးရဲလ်မက်ဒရစ်ဟာ ကာလရှည်ပစ်မှတ် ခီလီယန် အမ်ဘာပေအနေနဲ့ လာမယ့်နှစ်မှာ အလွတ်နဲ့ ခေါ်ယူနိုင်မလားဆိုတာကို သိရဖို့ စောင့်ဆိုင်းနေပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးရဲ့ အသည်းအသန် လိုအပ်ခြင်းကို ခံခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီမှာ ဆက်နေရင် သစ္စာစောင့်သိကြေး ဆုကြေးငွေ ယူရိုသန်း ၉၀ ရရှိမှာဖြစ်တာကြောင့် ယခုရာသီမှာ ပဲရစ်မှာ ဆက်နေဖို့ ကျိန်းသေသလောက်နီးပါးဖြစ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါက လာမယ့် ၁၂ လအတွင်း ရီးရဲလ်မက်ဒရစ်အသင်းကို အမ်ဘာပေ အလွတ်နဲ့ ထွက်ခွာနိုင်ခြေကိုလည်း လမ်းပွင့်သွားစေခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၃-၂၀၂၄ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၅ ခုနှစ်အထိ လီဂူးဝမ်းချန်ပီယံတွေအတွက် ကစားပေးသွားမလား ဒါမှမဟုတ် အလွတ်နဲ့ တခြားတစ်နေရာကို ပြောင်းရွှေ့မလားဆိုတာကို ဇူလိုင်လမှာ ဆုံးဖြတ်ရမှာဖြစ်ပြီး L’Equipe ရဲ့ နောက်ဆုံးသတင်းအရ ပီအက်စ်ဂျီကြယ်ပွင့်က အလွတ်နဲ့မထွက်ခွာခင် နောက်ထပ်တစ်ရာသီ ဆက်နေရင် ကြီးမားတဲ့ သစ္စာစောင့်သိကြေးရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒါက အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်အောင်မြင်မှု ရရှိအောင် ကူညီပေးနိုင်ဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ကြိမ်သာရှိတော့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ပြီးခဲ့တဲ့မေလတုန်းက အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ရီးရဲလ်ကို ပြောင်းရွှေ့မယ့်သတင်းတွေကို လီဂူးဝမ်းထိပ်သီးအသင်းကြီးနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး ယာယီအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစာချုပ်သစ်ကြောင့် အမ်ဘာပေဟာ တစ်လလုပ်ခလစာ ပေါင် ၄ သန်းနဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်း နည်းပြခန့်အပ်မှုမှာ ထိန်းချုပ်ခွင့် ပေးအပ်ခြင်းခံခဲ့ရတာကြောင့် ယခုရာသီမှာ ၎င်းရဲ့ ကွင်းအတွင်း အပြုအမူအပေါ် ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေရဲ့ ဂိုးသွင်းအားကတော့ ကောင်းမွန်နေဆဲဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ နဲ့ အသင်းရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ အငြင်းပွားဖွယ် အခြေအနေတွေ ဖြစ်ခဲ့ပေမယ့်လည်း အမ်ဘာပေက ကွင်းထဲမှာ ဆက်လက် တောက်ပနေဆဲဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်ဟာ ပရိသတ်တွေကို တစ်ရာသီစာလက်မှတ် အသစ်ပြန်လည်ဝယ်ယူဖို့ လှုံ့ဆော်မှုအတွက် အဓိကမျက်နှာဖုံးရှင်အဖြစ် အသုံးချခံခဲ့ရတာကြောင့် အသင်းတာဝန်ရှိသူတွေနဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္လာလီဂါထိပ္သီးအသင္းႀကီး ရီးရဲလ္မက္ဒရစ္ဟာ ကာလရွည္ပစ္မွတ္ ခီလီယန္ အမ္ဘာေပအေနနဲ႔ လာမယ့္ႏွစ္မွာ အလြတ္နဲ႔ ေခၚယူႏိုင္မလားဆိုတာကို သိရဖို႔ ေစာင့္ဆိုင္းေနပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ စပိန္လာလီဂါထိပ္သီးအသင္းႀကီးရဲ႕ အသည္းအသန္ လိုအပ္ျခင္းကို ခံခဲ့ရေပမယ့္လည္း ပီအက္စ္ဂ်ီမွာ ဆက္ေနရင္ သစၥာေစာင့္သိေၾကး ဆုေၾကးေငြ ယူ႐ိုသန္း ၉၀ ရရွိမွာျဖစ္တာေၾကာင့္ ယခုရာသီမွာ ပဲရစ္မွာ ဆက္ေနဖို႔ က်ိန္းေသသေလာက္နီးပါးျဖစ္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒါက လာမယ့္ ၁၂ လအတြင္း ရီးရဲလ္မက္ဒရစ္အသင္းကို အမ္ဘာေပ အလြတ္နဲ႔ ထြက္ခြာႏိုင္ေျခကိုလည္း လမ္းပြင့္သြားေစခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ လက္ရွိစာခ်ဳပ္ဟာ ၂၀၂၃-၂၀၂၄ ရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၂၀၂၅ ခုႏွစ္အထိ လီဂူးဝမ္းခ်န္ပီယံေတြအတြက္ ကစားေပးသြားမလား ဒါမွမဟုတ္ အလြတ္နဲ႔ တျခားတစ္ေနရာကို ေျပာင္းေ႐ႊ႕မလားဆိုတာကို ဇူလိုင္လမွာ ဆုံးျဖတ္ရမွာျဖစ္ၿပီး L’Equipe ရဲ႕ ေနာက္ဆုံးသတင္းအရ ပီအက္စ္ဂ်ီၾကယ္ပြင့္က အလြတ္နဲ႔မထြက္ခြာခင္ ေနာက္ထပ္တစ္ရာသီ ဆက္ေနရင္ ႀကီးမားတဲ့ သစၥာေစာင့္သိေၾကးရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒါက အမ္ဘာေပအေနနဲ႔ ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ရရွိေအာင္ ကူညီေပးႏိုင္ဖို႔အတြက္ ေနာက္ထပ္ အခြင့္အေရးတစ္ႀကိမ္သာရွိေတာ့တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ေမလတုန္းက အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ရီးရဲလ္ကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြကို လီဂူးဝမ္းထိပ္သီးအသင္းႀကီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး ယာယီအဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီစာခ်ဳပ္သစ္ေၾကာင့္ အမ္ဘာေပဟာ တစ္လလုပ္ခလစာ ေပါင္ ၄ သန္းနဲ႔ ကမာၻေပၚက လစာအျမင့္မားဆုံး ကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္း နည္းျပခန႔္အပ္မႈမွာ ထိန္းခ်ဳပ္ခြင့္ ေပးအပ္ျခင္းခံခဲ့ရတာေၾကာင့္ ယခုရာသီမွာ ၎ရဲ႕ ကြင္းအတြင္း အျပဳအမူအေပၚ ေဝဖန္ျပစ္တင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပရဲ႕ ဂိုးသြင္းအားကေတာ့ ေကာင္းမြန္ေနဆဲျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ သြင္းဂိုး ၄၀ နဲ႔ အသင္းရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္စံခ်ိန္သစ္ကို ေရးထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီမွာ အျငင္းပြားဖြယ္ အေျခအေနေတြ ျဖစ္ခဲ့ေပမယ့္လည္း အမ္ဘာေပက ကြင္းထဲမွာ ဆက္လက္ ေတာက္ပေနဆဲျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ျပင္သစ္ၾကယ္ပြင့္ဟာ ပရိသတ္ေတြကို တစ္ရာသီစာလက္မွတ္ အသစ္ျပန္လည္ဝယ္ယူဖို႔ လႈံ႕ေဆာ္မႈအတြက္ အဓိကမ်က္ႏွာဖုံးရွင္အျဖစ္ အသုံးခ်ခံခဲ့ရတာေၾကာင့္ အသင္းတာဝန္ရွိသူေတြနဲ႔ လူသိရွင္ၾကား ျပႆနာတက္ခဲ့ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.