Premier League

ဘယ်လင်ဂမ် ငိုကြွေးရအောင် သူနဲ့ ချန်ပီယံဆုကို လဲစားလိုက်တဲ့ ရုပ်ပေါက် ဒေါ့မွန်

ပြီးခဲ့တဲ့ မိုင့်ဇ်အသင်းကို အိမ်ကွင်းမှာ သရေကျခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် ဘိုင်ယန်မြူးနစ်ကို အရှုံးပေးခဲ့ရတဲ့ ဒေါ့မွန်တို့အနေနဲ့ ဒီပွဲကို ချဉ်းကပ်ခဲ့ပုံက ရိုးဖြောင့်မှု မရှိဘူးလို့ ပရိသတ်တွေကြားမှာ သံသယတွေ ရှိနေခဲ့ပြီး အဝါရောင်တွေအနေနဲ့ အသင်းက ထွက်ခွာတော့မယ့် ကွင်းလယ် ကစားသမား ဂျုဒ် ဘယ်လင်ဂမ်ကို အရန်ခုံ ထိုင်ခိုင်းထားတာက သို့လောသို့လော ပြောစရာဖြစ်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီလို့ သတင်းထွက်နေခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူအနေနဲ့ ပြီးခဲ့တဲ့‌ အော့စ်ဘတ်နဲ့ပွဲကိုလည်း လွဲခဲ့တာ ဖြစ်ပေမယ့် ဒီနေ့လို ချန်ပီယံဆုအတွက် ကစားရတဲ့ ပွဲမျိုးမှာ အနိုင်ရဖို့ လိုအပ်နေချိန်မှာ သူ့ကို ဘယ်လိုဒဏ်ရာပဲရှိရှိ အသင်းရဲ့ အားသာချက်အတွက် ထည့်သုံးရမှာက ကလေးတောင် သိတဲ့ စွန့်စားဖို့ လိုအပ်မှုလည်းဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ အီဒင် တာဇစ်ချ်အနေနဲ့ ဘယ်လင်ဂမ်တစ်ယောက် သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ဝင်ကစားလိုတဲ့ အရိပ်အယောင်တွေ ပြသနေတာကို လုံးဝလစ်လျူရှုသွားခဲ့ပြီး နိုင်မှဖြစ်မယ့် ပွဲစဉ်မှာ ပွဲအဖြေကို ပြောင်းလဲဖို့အတွက်တောင် မထည့်ခဲ့သလို ဒါက ငွေနဲ့ပေါက်ခံထားရလို့များ ဖြစ်နေတာလားလို့ တွေးစရာဖြစ်ခဲ့တာပါ။

ပရိသတ်တွေအနေနဲ့ ဘိုင်ယန်ကပဲ ငွေပေးတာလား၊ ရီးရဲလ်မက်ဒရစ်ကပဲ သူတို့ဆီကို ရောက်လာရင် ဒဏ်ရာပါမလာအောင် ငွေပေးထားတာလား မေးစရာဖြစ်ခဲ့ရပြီး အနည်းဆုံးတော့ ဒီနေ့ပွဲထဲက ဒွန်ယဲလ် မာလန်၊ ဂျူလီယန် ဘရန့်ဒ်တို့ကို လူစားလဲချိန်မှာ သူ့ကို ထည့်သွင်းခဲ့သင့်ပေမယ့် နောက်ဆုံးမှာ ရိုင်ယာဆန်အစား မိုဒက်စ်တီကို ငါးဦးမြောက် လဲခဲ့တာတောင်မှ ဘယ်လင်ဂမ်ကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူအနေနဲ့ ဒီအသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုတာကို သိထားပုံပေါ်ပြီး ဂျာမန်မြေကို မစွန့်ခွာခင်မှာ အမှတ်ပေးချန်ပီယံဆုနဲ့ မှတ်ကျောက်တင်ခံထားချင်တဲ့ ဆန္ဒကတော့ လေထဲက မီးခိုးငွေ့တွေလို လွင့်ပါးသွားခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ ငိုကြွေးခဲ့ရတာကြောင့် ဒေါ့မွန်တို့ရဲ့ ရုပ်ပေါက်လွန်းတဲ့ လုပ်ရပ်က ပြောစရာဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.