Premier League

စာချုပ်သစ်အတွက် ဆာကာရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့တဲ့ အာဆင်နယ်

ဘူကာယို ဆာကာဟာ ဂန်းနားတွေက ၎င်းရဲ့ စာချုပ်သစ်ထဲမှာ စာချုပ်လျော်ကြေးအချက်ကို ထည့်သွင်းဖို့ ငြင်းပယ်ခဲ့ပြီးနောက် မူလစီစဉ်ထားတာထက် ပိုမို တိုတောင်းတဲ့ စာချုပ်ကိုသာ လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားဟာ ယခုအပတ်အစောပိုင်းမှာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို အာဆင်နယ်နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုပြီး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆာကာရဲ့ လစာဟာ ၃ ဆလောက် မြင့်တက်လာခဲ့ပြီး စွမ်းဆောင်ရည်အပေါ်မူတည်တဲ့ ထပ်ဆောင်းပေးချေမှုတွေ ရရှိမယ်ဆိုရင် တစ်ပတ်လုပ်ခလစာ ပေါင် ၂၁၀၀၀၀ ဝန်းကျင်ကနေ ပေါင် ၃ သိန်းအထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

အာဆင်နယ်အတွက် ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် သတင်းကောင်း ဖြစ်ခဲ့ပေမယ့်လည်း ဆွေးနွေးညှိနှိုင်းမှုမှာ အရာအားလုံးက ချောချောမွေ့မွေ့တော့ ဖြစ်မနေခဲ့တာ ဖြစ်ပါတယ်။

ဆာကာရဲ့ ကိုယ်စားလှယ်တွေဟာ စာချုပ်သစ်ထဲမှာ စာချုပ်လျော်ကြေးအချက်ကို ထည့်ပေးဖို့ တွန်းအားပေး တောင်းဆိုခဲ့ကြတာကြောင့်ဖြစ်ပြီး စာချုပ်လျော်ကြေးဟာ ဥရောပပြည်မကြီးမှာ ပိုပြီး အသုံးများလေ့ရှိပေမယ့်လည်း အင်္ဂလိပ်ဘောလုံးလောကထဲကိုလည်း စတင်ဝင်ရောက်လာနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်က အဲဒါက လာမယ့်နှစ်တွေမှာ ၎င်းတို့ရဲ့ ရပ်တည်မှုကို ပိုပြီး အားနည်းစေလိမ့်မယ်လို့ ခံစားခဲ့ရတာကြောင့် တောင်းဆိုမှုကို အခိုင်အမာ ငြင်းပယ်ခဲ့တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီအတွက် ဆာကာရဲ့ ကိုယ်စားလှယ်တွေဟာ အာဆင်နယ် မျှော်လင့်ထားတဲ့ စာချုပ်သက်တမ်းထက် ပိုမိုတိုတောင်းတဲ့ စာချုပ်ကို သဘောတူညီပြီး တုံ့ပြန်ခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ကို အသင်းတာဝန်ရှိသူတွေက ၆ နှစ်စာချုပ် ချုပ်ဆိုဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ ဆာကာရဲ့ ရပ်တည်မှုကို လာမယ့် ၂ နှစ်အတွင်းမှာ ပြန်လည်အကဲဖြတ်ရမှာဖြစ်ပြီး အဲဒီအချိန်ကျရင် စာချုပ်သစ် ထပ်ချုပ်နိုင်သလို ရောင်းချဖို့အတွက်လည်း စဉ်းစားရနိုင်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘူကာယို ဆာကာဟာ ဂန္းနားေတြက ၎ရဲ႕ စာခ်ဳပ္သစ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကးအခ်က္ကို ထည့္သြင္းဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ မူလစီစဥ္ထားတာထက္ ပိုမို တိုေတာင္းတဲ့ စာခ်ဳပ္ကိုသာ လက္မွတ္ထိုးခဲ့တယ္လို႔ သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ ယခုအပတ္အေစာပိုင္းမွာ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကို အာဆင္နယ္နဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး အဆုံးသတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဆာကာရဲ႕ လစာဟာ ၃ ဆေလာက္ ျမင့္တက္လာခဲ့ၿပီး စြမ္းေဆာင္ရည္အေပၚမူတည္တဲ့ ထပ္ေဆာင္းေပးေခ်မႈေတြ ရရွိမယ္ဆိုရင္ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၁၀၀၀၀ ဝန္းက်င္ကေန ေပါင္ ၃ သိန္းအထိ ရရွိႏိုင္မွာ ျဖစ္ပါတယ္။

 

အာဆင္နယ္အတြက္ ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အတြက္ သတင္းေကာင္း ျဖစ္ခဲ့ေပမယ့္လည္း ေဆြးေႏြးညႇိႏႈိင္းမႈမွာ အရာအားလုံးက ေခ်ာေခ်ာေမြ႕ေမြ႕ေတာ့ ျဖစ္မေနခဲ့တာ ျဖစ္ပါတယ္။

ဆာကာရဲ႕ ကိုယ္စားလွယ္ေတြဟာ စာခ်ဳပ္သစ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကးအခ်က္ကို ထည့္ေပးဖို႔ တြန္းအားေပး ေတာင္းဆိုခဲ့ၾကတာေၾကာင့္ျဖစ္ၿပီး စာခ်ဳပ္ေလ်ာ္ေၾကးဟာ ဥေရာပျပည္မႀကီးမွာ ပိုၿပီး အသုံးမ်ားေလ့ရွိေပမယ့္လည္း အဂၤလိပ္ေဘာလုံးေလာကထဲကိုလည္း စတင္ဝင္ေရာက္လာေနခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္က အဲဒါက လာမယ့္ႏွစ္ေတြမွာ ၎တို႔ရဲ႕ ရပ္တည္မႈကို ပိုၿပီး အားနည္းေစလိမ့္မယ္လို႔ ခံစားခဲ့ရတာေၾကာင့္ ေတာင္းဆိုမႈကို အခိုင္အမာ ျငင္းပယ္ခဲ့တယ္လို႔ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အဲဒီအတြက္ ဆာကာရဲ႕ ကိုယ္စားလွယ္ေတြဟာ အာဆင္နယ္ ေမွ်ာ္လင့္ထားတဲ့ စာခ်ဳပ္သက္တမ္းထက္ ပိုမိုတိုေတာင္းတဲ့ စာခ်ဳပ္ကို သေဘာတူညီၿပီး တုံ႔ျပန္ခဲ့တာျဖစ္ၿပီး ဂန္းနားၾကယ္ပြင့္ကို အသင္းတာဝန္ရွိသူေတြက ၆ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ဆာကာရဲ႕ ရပ္တည္မႈကို လာမယ့္ ၂ ႏွစ္အတြင္းမွာ ျပန္လည္အကဲျဖတ္ရမွာျဖစ္ၿပီး အဲဒီအခ်ိန္က်ရင္ စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ႏိုင္သလို ေရာင္းခ်ဖို႔အတြက္လည္း စဥ္းစားရႏိုင္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.