Premier League

ပရီးမီးယားလိဂ်ကို ဘယ်သူတွေ နှုတ်ဆက်ရမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ခရစ္စ ဆပ်တန်

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရာသီဟာ ယခုအပတ်မှာ အဆုံးသတ်တော့မှာဖြစ်ပြီး ချန်ပီယံထွက်ပေါ်ခဲ့ပြီးဖြစ်ပေမယ့် ဘယ်သူတွေက တန်းဆင်းရမလဲဆိုတဲ့ ဇယားအောက်ပိုင်း တိုက်ပွဲက အရှိန်အမြင့်ဆုံးအချိန်ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲဗာတန်၊ လက်စတာစီးတီး၊ လိဒ်စ်တို့အားလုံးဟာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေရတာဖြစ်ပေမယ့်လည်း ဒီ ၃ သင်းထဲက တစ်သင်းသာ ရာသီနောက်ဆုံးနေ့မှာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်ခဲ့မှာဖြစ်ပြီး ခရစ္စ ဆပ်တန်က ရာသီနောက်ဆုံးပွဲစဉ်တွေအတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။

အာဆင်နယ် ၂-၀ ဝုလ်ဗ်စ်

ဒီပွဲက ဘာမှ အရေးမပါတော့ပေမယ့် အာဆင်နယ်က အိမ်ကွင်းပရိသတ်တွေရှေ့မှာ အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ချင်ကြဦးမှာပါ။

အက်စတန် ဗီလာ ၁-၁ ဘရိုက်တန်

ဗီလာက ဒီရာသီအစောပိုင်းမှာဘရိုက်တန်ကို အနိုင်ရခ့ပေမယ့် သူတို့တွေ မနက်ဖြန်မှာ အဲဒီတိုင်းလုပ်နိုင်မလား မသေချာဘူး။ စင်ရော်တွေက အလှည့်ကျပွဲထွက်စာရင်းနဲ့ ထွက်လာနိုင်ပေမယ့်လည်း ဥရောပဝင်ခွင့် ရရှိခဲ့ပြီးနောက်မှာ သူတို့တွေရဲ့ အဆင့်အတန်းက မြင့်မားနေနိုင်ပါသေးတယ်။

ဘရန့်တ်ဖို့ဒ် ၁-၂ မန်စီးတီး

ဂွါဒီယိုလာရဲ့ ချန်ပီယံတွေကို ယခုရာသီမှာ  ၂ ကျော့စလုံးအနိုင်ရခဲ့မယ်ဆိုရင် ဘရန့်တ်ဖို့ဒ်အတွက် အရမ်းကောင်းမွန်တဲ့ရာသီဖြစ်မှာဖြစ်ပေမယ့် စီးတီးကပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ချဲလ်ဆီး ၀-၂ နယူးကာဆယ်

နယူးကာဆယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရသွားပြီဖြစ်တာကြောင့် အဓိကကစားသမားတွေကို အနားပေးနိုင်ပေမယ့် သူတို့တွေက ချဲလ်ဆီးအတွက်တော့ အရမ်းကောင်းလွန်းနေသေးမှာပါ။ ချဲလ်ဆီးက ဒီရာသီမှာ တော်တော်လေး ဆိုးရွားနေခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ် ၂-၀ နော်တင်ဟမ် ဖောရက်စ်

ပဲလေ့စ်မှာ ရွိုင်း ဟော့ဒ်ဆန်ထက်ပိုပြီး ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်တဲ့သူ များများစားစားရှိလိမ့်မယ်လို့ ကျွန်တော် မသေချာပါဘူး။ သူ့အသင်းက အိမ်ကွင်းနိုင်ပွဲနဲ့ ရာသီကို အဆုံးသတ်သင့်ပါတယ်။

အဲဗာတန် ၁-၀ ဘုန်းမောက်

ရှောင် ဒိုက်ချ်နဲ့ သူ့အသင်းအတွက်တော့ ဒီအသင်းက အသေပိတ်ကစားရင် စိတ်လှုပ်ရှားစရာနေ့ဖြစ်လာမယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူတို့တွေက ရအောင် ဂိုးသွင်းပြီး ရှင်သန်ကျန်ရစ်ဖို့ လုံလောက်တယ်လို့ ယုံတယ်။

လိဒ်စ် ၁-၁ စပါးစ်

ဘစ်ဆမ်က လိဒ်စ်ခံစစ်ကို မရှုံးအောင် လုပ်လာမှာဖြစ်ပြီး တစ်ရာသီလုံး ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေခဲ့တဲ့ စပါးစ်ကိုတော့ ဒီပွဲမှာ အနိုင်မရနိုင်ပါဘူး။

လက်စတာ ၂-၁ ဝက်စ်ဟမ်း

ဒင်း စမစ်က နယူးကာဆယ်နဲ့ပွဲမှာ သူတို့တွေ သရေကျနိုင်တယ်၊ ဒီပွဲနိုင်ပြီး တန်းဆင်းဇုန်အထက်မှာ နေနိုင်မယ်လို့ တွေးပြီး ကြီးမားတဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ ပထမဆုံး ၂ ပိုင်းကတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်နိုင်ပြီး တတိယဟာကတော့ သူတို့လက်ထဲမှာ မရှိပါဘူး။

မန်ယူနိုက်တက် ၂-၁ ဖူလ်ဟမ်

ဒီ ၂ သင်းနောက်ဆုံးတွေ့တုန်းက ပွဲကောင်းခဲ့ပြီး မာကို ဆေးလ်ဗားရဲ့အသင်းက ဒီတစ်ကြိမ်မှာလည်း မန်ချက်စတာယူနိုက်တက်ကို ယှဉ်နိုင်မှာမဟုတ်ပါဘူး။

ဆောက်သမ်တန် ၀-၂ လီဗာပူးလ်

စိန့်တွေက ဆိုးရွားတဲ့ ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ ပရိသတ်တွေကို ပြသဖို့ အကြွေးတင်နေတယ်။ ဒါပေမယ့် သူတို့တွေ အဲဒါကို လုပ်နိုင်မယ်လို့ မထင်ဘူး။ ကလော့ပ်ရဲ့အသင်းက တောင်ပိုင်းကမ်းရိုးတန်းမှာ သက်တောင့်သက်သာနိုင်ပွဲနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။