Bundesliga

ဒေါ့မွန်ကို ကျားသေအသက်သွင်းခဲ့သလို ဖြစ်စေခဲ့တဲ့ အိုလီဗာ ခန်းရဲ့ မှတ်ချက်

ဘိုင်ယန်မြူးနစ်အသင်းအတွက်တော့ ယခုရာသီဟာ ကြည့်လို့ကောင်းတဲ့ရာသီမဟုတ်ခဲ့ဘဲ ဘွန်ဒက်စ်လီဂါဖလားကို ဒေါ့မွန်ကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့အတွက် ထူးခြားဆန်းကြယ်တာတွေ ဖြစ်မှရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအချိန်အများစုကို ဦးဆောင်နေခဲ့တာဖြစ်ပေမယ့်လည်း ဘုတ်အဖွဲ့ရဲ့ ကံကြမ္မာဆိုးခဲ့တဲ့ အလောင်းအစားကြောင့် ဒုတိယနေရာကို ကျဆင်းသွားခဲ့တာဖြစ်ပြီး ပရိသတ်အများစုအတွက်တော့ ဒေါ့မွန်ကို အမှတ်ပေးဇယားထိပ်မှာ မြင်နေရတာ မကြုံစဖူးဖြစ်နိုင်ပါတယ်။

အဲဒီအရာကို ဘိုင်ယန်မြူးနစ် စီအီးအို အိုလီဗာ ခန်းက ပြုလုပ်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး ၂၀၂၁-၂၀၂၂ ရာသီ ဘွန်ဒက်စ်လီဂါဖလားအောင်ပွဲခံချိန်အတွင်း မောက်မာတဲ့ မိန့်ခွန်းက ဒေ့ါမွန်ကို အတင်းလှုပ်နှိုင်းလိုက်သလို ဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်။

“ဒေါ့မွန်က လာမယ့်ရာသီ ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ ပြိုင်ဆိုင်မှုကို ကျွန်တော် ကြားခဲ့ရပါတယ်။ ကျွန်တော် ဒီမှာ အရာတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ပေးထားပြီးပြီ။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် ပြောမယ်။ သူတို့တွေ မိတ်ကပ်လိမ်းထားလို့ ရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်နည်းပြဟောင်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဆယ်စုနှစ်တစ်ခုကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပြီး နှစ်တိုင်း ဘိုင်ယန်မြူးနစ်ကပဲ အနိုင်ရနေတာ ကြည့်လို့မကောင်းဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါဖလားပြိုင်ပွဲကို စောင့်ကြည့်နေခဲ့လားလို့ မေးမြန်းခဲ့ချိန်မှာ ကလော့ပ်က “ကြည့်နေပါတယ်။ ကျွန်တော် သေနေတာမဟုတ်ဘူး။ ကျွန်တော် အသက်ရှင်နေတာ။ ဟုတ်တာပေ့ါ။ ကျွန်တော် အဲဒါကို စောင့်ကြည့်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေတယ်။ တကယ်လို့ ဒေါ့မွန်က တစ်ကြိမ်လောက် မိုင့်ဇ်နဲ့ ရင်ဆိုင်ပြီး အနိုင်ရရှိသွားမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမယ်လို့ ပြောလို့ရနိုင်တယ်။ ဘာမှပြဿနာမရှိပါဘူး။ မိုင်ဇ့်သာ သူတို့ရဲ့ နောက်ဆုံးပွဲကို အနိုင်ရခဲ့ရင် သူတို့ ဥရောပဝင်ခွင့်ရရှိဖို့ အခွင့်အရေးရလိမ့်မယ်လို့ ကျွန်တော် ထင်ပြီး အဲဒီလိုဆို ပိုပြီး ရှုပ်ထွေးသွားပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက သိပ်တော့မဖြစ်နိုင်ဘူးလို့ ထင်တယ်”

“ဟုတ်ပါတယ်။ ကျွန်တော် ဒေါ့မွန်ပဲ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက(ဘွန်ဒက်စ်လီဂါမရခဲ့တာ) တော်တော်လေးကြာခဲ့ပြီလို့ ထင်ပါတယ်။ အီဒင်ကိုလည်း ကျွန်တော် အရမ်းကောင်းကောင်းသိတယ်။ ကျွန်တော် ဒေ့ါမွန်က လူတွေအများကြီးအကြောင်းကို ကောင်းကောင်းသိတယ်။ ကျွန်တော်တို့က အမြဲတမ်း အဆက်အသွယ်ရှိခဲ့ကြပြီး အခုလည်း အဆက်အသွယ်ရှိကြပါတယ်။အဲဒါက မြို့ကို ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာကို ကျွန်တော် သိပါတယ်။ ဘိုင်ယန်က အဲဒါကို မတူညီတဲ့ပုံစံနဲ့ မြင်မယ်ဆိုတာ ကျွန်တော် တွေးကြည့်လို့ရတယ်။ ဒါပေမယ့် တူညီတဲ့အသင်းကပဲ အမြဲတမ်း ချန်ပီယံဖြစ်လာရင် အဲဒါက ပျော်စရာမကောင်းတော့ပါဘူး”

“ကျွန်တော်တို့အားလုံး ဘယ်လိုနည်းနဲ့မဆို နောက်နှစ်မှာ ဘိုင်ယန်က ပြန်လည်ထိုးနှက်လာမယ်ဆိုတာ သိကြပါတယ်။ အဲဒီတော့ ကွာဟမှုရှိနေတယ်ဆိုရင် ဒေါ့မွန်အနေနဲ့ အဲဒါကို ကျော်ဖြတ်ရမှာပါ။ သူတို့တွေ လုပ်နိုင်မယ်လို့ တကယ်မျှော်လင့်မိပါတယ်။ သူတို့တွေက ခြေစွမ်းတက်လိုက်၊ ကျလိုက်ဖြစ်ခဲ့ပေမယ့် သူတို့တွေ အဲဒါကို လုပ်နိုင်မယ့်ပုံပေါ်ပါတယ်။ ဒါပေမယ့် သူတို့တွေ အဲဒီမှာရှိနေဖို့ လုပ်နိုင်ခဲ့ပြီးသားလို့ ဘယ်သူကမှ မတွေးကြပါဘူး။ ကျွန်တော်သာ အဲဒီမှာ နည်းပြဖြစ်နေရင် ခင်ဗျားဘဝရဲ့ အပြင်းထန်ဆုံးအချိန်အပိုင်းအခြား ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး ပွဲမတိုင်ခင် ရက်ဆိုရင် အားလုံးက ပါတီလုပ်ဖို့နဲ့ ဒီလို ကိစ္စတွေကို အစီအစဉ်ဆွဲကြတဲ့အချိန်မှာ ခင်ဗျားက ဟုတ်ပြီ။ ဒါပေမယ့် ငါ့ကို ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့လို့ ပြောရမှာပါ။ အဲဒါက တကယ်ကို အန္တရာယ်များပါတယ်။ အဲဒီတော့ အဲဒါက ပွဲကြီးတစ်ပွဲဖြစ်ပြီး သူတို့တွေ အဲဒါကို ဖြတ်ကျော်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အဲဒါက ကြီးမားတဲ့ ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ေတာ့ ယခုရာသီဟာ ၾကည့္လို႔ေကာင္းတဲ့ရာသီမဟုတ္ခဲ့ဘဲ ဘြန္ဒက္စ္လီဂါဖလားကို ေဒါ့မြန္ကို ေက်ာ္ျဖတ္ၿပီး ရယူႏိုင္ဖို႔အတြက္ ထူးျခားဆန္းၾကယ္တာေတြ ျဖစ္မွရမွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ရာသီအခ်ိန္အမ်ားစုကို ဦးေဆာင္ေနခဲ့တာျဖစ္ေပမယ့္လည္း ဘုတ္အဖြဲ႕ရဲ႕ ကံၾကမၼာဆိုးခဲ့တဲ့ အေလာင္းအစားေၾကာင့္ ဒုတိယေနရာကို က်ဆင္းသြားခဲ့တာျဖစ္ၿပီး ပရိသတ္အမ်ားစုအတြက္ေတာ့ ေဒါ့မြန္ကို အမွတ္ေပးဇယားထိပ္မွာ ျမင္ေနရတာ မႀကဳံစဖူးျဖစ္ႏိုင္ပါတယ္။

အဲဒီအရာကို ဘိုင္ယန္ျမဴးနစ္ စီအီးအို အိုလီဗာ ခန္းက ျပဳလုပ္ခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ၂၀၂၁-၂၀၂၂ ရာသီ ဘြန္ဒက္စ္လီဂါဖလားေအာင္ပြဲခံခ်ိန္အတြင္း ေမာက္မာတဲ့ မိန္႔ခြန္းက ေဒ့ါမြန္ကို အတင္းလႈပ္ႏႈိင္းလိုက္သလို ျဖစ္ခဲ့တာျဖစ္ႏိုင္ပါတယ္။

“ေဒါ့မြန္က လာမယ့္ရာသီ ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ေနတယ္ဆိုတဲ့ ၿပိဳင္ဆိုင္မႈကို ကြၽန္ေတာ္ ၾကားခဲ့ရပါတယ္။ ကြၽန္ေတာ္ ဒီမွာ အရာတစ္ခု ဒါမွမဟုတ္ ႏွစ္ခုေလာက္ ေပးထားၿပီးၿပီ။ ဒါေပမယ့္ ခင္ဗ်ားကို ကြၽန္ေတာ္ ေျပာမယ္။ သူတို႔ေတြ မိတ္ကပ္လိမ္းထားလို႔ ရတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္နည္းျပေဟာင္း လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဆယ္စုႏွစ္တစ္ခုၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ဘြန္ဒက္စ္လီဂါကို ကိုင္ေျမႇာက္ႏိုင္လိမ့္မယ္လို႔ ေထာက္ခံခဲ့ၿပီး ႏွစ္တိုင္း ဘိုင္ယန္ျမဴးနစ္ကပဲ အႏိုင္ရေနတာ ၾကည့္လို႔မေကာင္းဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဘြန္ဒက္စ္လီဂါဖလားၿပိဳင္ပြဲကို ေစာင့္ၾကည့္ေနခဲ့လားလို႔ ေမးျမန္းခဲ့ခ်ိန္မွာ ကေလာ့ပ္က “ၾကည့္ေနပါတယ္။ ကြၽန္ေတာ္ ေသေနတာမဟုတ္ဘူး။ ကြၽန္ေတာ္ အသက္ရွင္ေနတာ။ ဟုတ္တာေပ့ါ။ ကြၽန္ေတာ္ အဲဒါကို ေစာင့္ၾကည့္ေနတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ္ နည္းနည္း စိတ္လႈပ္ရွားေနတယ္။ တကယ္လို႔ ေဒါ့မြန္က တစ္ႀကိမ္ေလာက္ မိုင့္ဇ္နဲ႔ ရင္ဆိုင္ၿပီး အႏိုင္ရရွိသြားမယ္ဆိုရင္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိမယ္လို႔ ေျပာလို႔ရႏိုင္တယ္။ ဘာမွျပႆနာမရွိပါဘူး။ မိုင္ဇ့္သာ သူတို႔ရဲ႕ ေနာက္ဆုံးပြဲကို အႏိုင္ရခဲ့ရင္ သူတို႔ ဥေရာပဝင္ခြင့္ရရွိဖို႔ အခြင့္အေရးရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ၿပီး အဲဒီလိုဆို ပိုၿပီး ရႈပ္ေထြးသြားပါလိမ့္မယ္။ ဒါေပမယ့္ အဲဒါက သိပ္ေတာ့မျဖစ္ႏိုင္ဘူးလို႔ ထင္တယ္”

“ဟုတ္ပါတယ္။ ကြၽန္ေတာ္ ေဒါ့မြန္ပဲ အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒါက(ဘြန္ဒက္စ္လီဂါမရခဲ့တာ) ေတာ္ေတာ္ေလးၾကာခဲ့ၿပီလို႔ ထင္ပါတယ္။ အီဒင္ကိုလည္း ကြၽန္ေတာ္ အရမ္းေကာင္းေကာင္းသိတယ္။ ကြၽန္ေတာ္ ေဒ့ါမြန္က လူေတြအမ်ားႀကီးအေၾကာင္းကို ေကာင္းေကာင္းသိတယ္။ ကြၽန္ေတာ္တို႔က အၿမဲတမ္း အဆက္အသြယ္ရွိခဲ့ၾကၿပီး အခုလည္း အဆက္အသြယ္ရွိၾကပါတယ္။အဲဒါက ၿမိဳ႕ကို ဘယ္ေလာက္အထိ အဓိပၸာယ္ရွိလဲဆိုတာကို ကြၽန္ေတာ္ သိပါတယ္။ ဘိုင္ယန္က အဲဒါကို မတူညီတဲ့ပုံစံနဲ႔ ျမင္မယ္ဆိုတာ ကြၽန္ေတာ္ ေတြးၾကည့္လို႔ရတယ္။ ဒါေပမယ့္ တူညီတဲ့အသင္းကပဲ အၿမဲတမ္း ခ်န္ပီယံျဖစ္လာရင္ အဲဒါက ေပ်ာ္စရာမေကာင္းေတာ့ပါဘူး”

“ကြၽန္ေတာ္တို႔အားလုံး ဘယ္လိုနည္းနဲ႔မဆို ေနာက္ႏွစ္မွာ ဘိုင္ယန္က ျပန္လည္ထိုးႏွက္လာမယ္ဆိုတာ သိၾကပါတယ္။ အဲဒီေတာ့ ကြာဟမႈရွိေနတယ္ဆိုရင္ ေဒါ့မြန္အေနနဲ႔ အဲဒါကို ေက်ာ္ျဖတ္ရမွာပါ။ သူတို႔ေတြ လုပ္ႏိုင္မယ္လို႔ တကယ္ေမွ်ာ္လင့္မိပါတယ္။ သူတို႔ေတြက ေျခစြမ္းတက္လိုက္၊ က်လိုက္ျဖစ္ခဲ့ေပမယ့္ သူတို႔ေတြ အဲဒါကို လုပ္ႏိုင္မယ့္ပုံေပၚပါတယ္။ ဒါေပမယ့္ သူတို႔ေတြ အဲဒီမွာရွိေနဖို႔ လုပ္ႏိုင္ခဲ့ၿပီးသားလို႔ ဘယ္သူကမွ မေတြးၾကပါဘူး။ ကြၽန္ေတာ္သာ အဲဒီမွာ နည္းျပျဖစ္ေနရင္ ခင္ဗ်ားဘဝရဲ႕ အျပင္းထန္ဆုံးအခ်ိန္အပိုင္းအျခား ျဖစ္ပါလိမ့္မယ္။ ဒီလိုမ်ိဳး ပြဲမတိုင္ခင္ ရက္ဆိုရင္ အားလုံးက ပါတီလုပ္ဖို႔နဲ႔ ဒီလို ကိစၥေတြကို အစီအစဥ္ဆြဲၾကတဲ့အခ်ိန္မွာ ခင္ဗ်ားက ဟုတ္ၿပီ။ ဒါေပမယ့္ ငါ့ကို ဒါေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ မလုပ္နဲ႔လို႔ ေျပာရမွာပါ။ အဲဒါက တကယ္ကို အႏၲရာယ္မ်ားပါတယ္။ အဲဒီေတာ့ အဲဒါက ပြဲႀကီးတစ္ပြဲျဖစ္ၿပီး သူတို႔ေတြ အဲဒါကို ျဖတ္ေက်ာ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ အဲဒါက ႀကီးမားတဲ့ ပြဲစဥ္ျဖစ္လာပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.