Premier League

ဆာလားရဲ့ပေါက်ကွဲမှုအပြီးမှာ လီဗာပူးလ်အသင်းသားတွေကို သတိပေးခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့မှုအပေါ် ဒေါသတကြီး ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ မိုဟာမက် ဆာလားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်က ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီးဖြစ်တာကြောင့် ကြာသပတေးနေ့ညမှာ မန်ချက်စတာယူနိုက်တက်က ချဲလ်ဆီးကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၄ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ကျိန်းသေသွားခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်ကို သွားကစားရတော့မှာဖြစ်ပြီး ၇ ရာသီအတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်က ပွဲပြီးဝီစီမှုတ်ချိန်မှာ ဆာလားက ၎င်းရဲ့ စိတ်ပျက်မှုကို တွစ်တာပေါ်မှာ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထုတ်ဖော်ခဲ့ပြီး ဒီအတွက် ဘာဆင်ခြေမှ ပေးစရာလုံးဝမရှိဘူးလို့ ပရိသတ်တွေကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ အန်းဖီးမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေစေမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့တဲ့အပေါ်မှာ စိတ်ပျက်နေပေမယ့်လည်း ကလော့ပ်က ကြယ်ပွင့်ကစားသမား အသင်းကို စွန့်ခွာချင်နေမှာကို စိုးရိမ်နေခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်က ထိပ်ဆုံး ၄ နေရာအပြင်ဘက်မှာ ရာသီပြီးဆုံးခဲ့တာကြောင့် အနာဂတ်ကို စဉ်းစားနေတဲ့ လူစာရင်းထဲက ကစားသမားတွေကို ၎င်းတို့ရဲ့ အသင်းသစ်ဆီ ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးမယ်လို့ သတိပေးခဲ့ပါတယ်။

“ဘာမှ စိတ်မပူပါဘူး။ မဟုတ်ပါဘူး(ဆာလားအသင်းက ထွက်ချင်နေတယ်ဆိုတာ)။ ကျွန်တော် အဲဒီဦးတည်ချက်ကို သွားတဲ့ဘယ်ဟာကိုမှ မဖတ်ခဲ့ပါဘူး။ မိုက ဒီမှာရှိရတာကို နှစ်သက်တာ သိသာပြီး မိုက အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ လုပ်ခဲ့တာအတွက် တောင်းပန်စကားပြောခဲ့တယ်။ တခြားလူတွေလုပ်ခဲ့တာအတွက် တောင်းပန်တာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ အတွေးကို လက်ခံရမှာပါ။ ကိစ္စမရှိပါဘူး။ အဲဒါ အားလုံးအဆင်ပြေတယ်။ တကယ်လို့များ ကစားသမားတစ်ယောက်က ကျွန်တော့်ကို လာပြီး အိုး ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူ။ ကျွန်တော် ထွက်ခွာရတော့မယ်လို့ လာပြောခဲ့ရင် ကျွန်တော်ကိုယ်တိုင် တခြားအသင်းကို ကားမောင်းပြီး လိုက်ပို့ပေးလိုက်မယ်။ ကျွန်တော့် ကားသော့ကို ယူပြီး ကားပေါ်တက်။ မင်း ဘယ်ကိုသွားချင်သလဲ။ ငါ ကားမောင်းပြီး ပို့ပေးမယ်လို့ ပြောမှာပါ”

“ဒါက ကျွန်တော် ဘယ်တုန်းကမှ နားမလည်တဲ့တစ်စုံတရာဖြစ်ပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူး။ ကျွန်တော် ချန်ပီယံလိဂ်မှာ အလုပ်လုပ်ဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော် သွားမယ်ဆိုပြီး ပြောသလိုပါပဲ။ ဒီအရှုပ်ထုပ်အတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်။ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ခင်ဗျား ဒီလိုအခိုက်အတန့်မှာ ဆက်သွားနိုင်မှာမဟုတ်ပါဘူး။ မိုက အဲဒီလိုဖြစ်တာမဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ ဘယ်သူမှလည်း ကျွန်တော့်ကို လာမမေးပါဘူး။ သူတို့တွေ ရက်ရှည် အားလပ်ရက်ရနိုင်မလားလို့ပဲ လာမေးကြပြီး အားလပ်ရက်အပြီးမှာ သူတို့တွေ ပြန်လာရမလားလို့ ဘယ်သူမှ မမေးဘူး။ အဲဒါက ကျွန်တော်တို့ ပြောဆိုခဲ့တဲ့စကားထဲမှာ မပါပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိခဲ့မႈအေပၚ ေဒါသတႀကီး ဖြင့္ဟ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ မိုဟာမက္ ဆာလားရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး စိုးရိမ္စရာမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

နယူးကာဆယ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ၾကာသပေတးေန႔ညမွာ မန္ခ်က္စတာယူႏိုက္တက္က ခ်ဲလ္ဆီးကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အဆင့္ ၄ ေနရာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ က်ိန္းေသသြားခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ လီဗာပူးလ္အသင္းဟာ ယူ႐ိုပါလိဂ္ကို သြားကစားရေတာ့မွာျဖစ္ၿပီး ၇ ရာသီအတြင္းမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ အိုးထရက္ဖို႔ဒ္က ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာ ဆာလားက ၎ရဲ႕ စိတ္ပ်က္မႈကို တြစ္တာေပၚမွာ ျပင္းထန္တဲ့ စကားလုံးေတြနဲ႔ ထုတ္ေဖာ္ခဲ့ၿပီး ဒီအတြက္ ဘာဆင္ေျခမွ ေပးစရာလုံးဝမရွိဘူးလို႔ ပရိသတ္ေတြကို ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

ဆာလားဟာ ၿပီးခဲ့တဲ့ဇူလိုင္လကမွ အန္းဖီးမွာ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနေစမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ခဲ့တဲ့အေပၚမွာ စိတ္ပ်က္ေနေပမယ့္လည္း ကေလာ့ပ္က ၾကယ္ပြင့္ကစားသမား အသင္းကို စြန႔္ခြာခ်င္ေနမွာကို စိုးရိမ္ေနျခင္းမရွိတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကေလာ့ပ္က ထိပ္ဆုံး ၄ ေနရာအျပင္ဘက္မွာ ရာသီၿပီးဆုံးခဲ့တာေၾကာင့္ အနာဂတ္ကို စဥ္းစားေနတဲ့ လူစာရင္းထဲက ကစားသမားေတြကို ၎တို႔ရဲ႕ အသင္းသစ္ဆီ ကိုယ္တိုင္ ကားေမာင္းၿပီး လိုက္ပို႔ေပးမယ္လို႔ သတိေပးခဲ့ပါတယ္။

“ဘာမွ စိတ္မပူပါဘူး။ မဟုတ္ပါဘူး(ဆာလားအသင္းက ထြက္ခ်င္ေနတယ္ဆိုတာ)။ ကြၽန္ေတာ္ အဲဒီဦးတည္ခ်က္ကို သြားတဲ့ဘယ္ဟာကိုမွ မဖတ္ခဲ့ပါဘူး။ မိုက ဒီမွာရွိရတာကို ႏွစ္သက္တာ သိသာၿပီး မိုက အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ပါတယ္။ သူက ကြၽန္ေတာ္တို႔ လုပ္ခဲ့တာအတြက္ ေတာင္းပန္စကားေျပာခဲ့တယ္။ တျခားလူေတြလုပ္ခဲ့တာအတြက္ ေတာင္းပန္တာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ သူတို႔ အေတြးကို လက္ခံရမွာပါ။ ကိစၥမရွိပါဘူး။ အဲဒါ အားလုံးအဆင္ေျပတယ္။ တကယ္လို႔မ်ား ကစားသမားတစ္ေယာက္က ကြၽန္ေတာ့္ကို လာၿပီး အိုး ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္မရဘူ။ ကြၽန္ေတာ္ ထြက္ခြာရေတာ့မယ္လို႔ လာေျပာခဲ့ရင္ ကြၽန္ေတာ္ကိုယ္တိုင္ တျခားအသင္းကို ကားေမာင္းၿပီး လိုက္ပို႔ေပးလိုက္မယ္။ ကြၽန္ေတာ့္ ကားေသာ့ကို ယူၿပီး ကားေပၚတက္။ မင္း ဘယ္ကိုသြားခ်င္သလဲ။ ငါ ကားေမာင္းၿပီး ပို႔ေပးမယ္လို႔ ေျပာမွာပါ”

“ဒါက ကြၽန္ေတာ္ ဘယ္တုန္းကမွ နားမလည္တဲ့တစ္စုံတရာျဖစ္ပါလိမ့္မယ္။ အဲဒါက ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ဘူး။ ကြၽန္ေတာ္ ခ်န္ပီယံလိဂ္မွာ အလုပ္လုပ္ဖို႔ လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ သြားမယ္ဆိုၿပီး ေျပာသလိုပါပဲ။ ဒီအရႈပ္ထုပ္အတြက္ ကြၽန္ေတာ့္မွာ တာဝန္ရွိတယ္။ ဒါမွမဟုတ္ ဘာပဲျဖစ္ျဖစ္ ခင္ဗ်ား ဒီလိုအခိုက္အတန႔္မွာ ဆက္သြားႏိုင္မွာမဟုတ္ပါဘူး။ မိုက အဲဒီလိုျဖစ္တာမဟုတ္ပါဘူး။ လုံးဝမဟုတ္ပါဘူး။ ဘယ္သူမွလည္း ကြၽန္ေတာ့္ကို လာမေမးပါဘူး။ သူတို႔ေတြ ရက္ရွည္ အားလပ္ရက္ရႏိုင္မလားလို႔ပဲ လာေမးၾကၿပီး အားလပ္ရက္အၿပီးမွာ သူတို႔ေတြ ျပန္လာရမလားလို႔ ဘယ္သူမွ မေမးဘူး။ အဲဒါက ကြၽန္ေတာ္တို႔ ေျပာဆိုခဲ့တဲ့စကားထဲမွာ မပါပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.