Premier League

ယူနိုက်တက်ကို ဝယ်ယူဖို့ ဂလေဇာတွေနဲ့ ဖုန်းပြောနေပြီဖြစ်တဲ့ ရှိတ်ခ် ဂျက်ဆင်း

မန်ချက်စတာယူနိုက်တက်အသင်းကို လက်လွှဲရောင်းချဖို့ဇာတ်လမ်းဟာ သေးငယ်တဲ့တိုးတက်မှုရှိလာပြီဖြစ်တာကြောင့် ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီဖြစ်ပါတယ်။

ဂလေဇာတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အသင်းကို အရောင်းတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကာတာဘဏ်ဥက္ကဌ ရှိတ် ဂျက်ဆင်းက မန်ယူနိုက်တက်ကို အလုံးစုံ ဝယ်ယူဖို့ ကမ်းလှမ်းမှု အများအပြား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

INEOS ဥက္ကဌ ဆာဂျင်မ် ရက်ကလစ်ဖ်ကလည်း ပြိုင်ပွဲမှာ ဦးဆောင်နေပြီး ဒီလို အခြေအနေတွေအားလုံး ဖြစ်နေချိန်မှာ တန်ဟက်က လာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ညက အိုးထရက်ဖို့ဒ်မှာ ချဲလ်ဆီးကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်နဲ့ ပီအက်စ်ဂျီကြယ်ပွင့် နေမာတို့က တန်ဟက်ရဲ့ ကြီးမားတဲ့ ပစ်မှတ်တွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

ရှိတ်ခ် ဂျက်ဆင်းဟာ ပြီးခဲ့တဲ့အပတ်က ပေါင် ၅ ဘီလီယံနဲ့ စတုတ္ထမြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဂလေဇာမိသားစုအသင်းက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပေါင် ၆ ဘီလီယံသတ်မှတ်ထားတာဖြစ်ပါတယ်။

ရှိတ်ခ် ဂျက်ဆင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဖုန်းဆက် စကားပြောဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ လက်လွှဲဝယ်ယူမယ်လို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းကို လက္လႊဲေရာင္းခ်ဖို႔ဇာတ္လမ္းဟာ ေသးငယ္တဲ့တိုးတက္မႈရွိလာၿပီျဖစ္တာေၾကာင့္ ပိုၿပီး စိတ္ဝင္စားစရာေကာင္းလာၿပီျဖစ္ပါတယ္။

ဂေလဇာေတြဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလမွာ အသင္းကို အေရာင္းတင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ကာတာဘဏ္ဥကၠဌ ရွိတ္ ဂ်က္ဆင္းက မန္ယူႏိုက္တက္ကို အလုံးစုံ ဝယ္ယူဖို႔ ကမ္းလွမ္းမႈ အမ်ားအျပား ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

INEOS ဥကၠဌ ဆာဂ်င္မ္ ရက္ကလစ္ဖ္ကလည္း ၿပိဳင္ပြဲမွာ ဦးေဆာင္ေနၿပီး ဒီလို အေျခအေနေတြအားလုံး ျဖစ္ေနခ်ိန္မွာ တန္ဟက္က လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြက္ ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၾကာသပေတးေန႔ညက အိုးထရက္ဖို႔ဒ္မွာ ခ်ဲလ္ဆီးကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေမဆန္ ေမာင့္နဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာတို႔က တန္ဟက္ရဲ႕ ႀကီးမားတဲ့ ပစ္မွတ္ေတြထဲမွာ အပါအဝင္ျဖစ္တယ္လို႔ သိရပါတယ္။

ရွိတ္ခ္ ဂ်က္ဆင္းဟာ ၿပီးခဲ့တဲ့အပတ္က ေပါင္ ၅ ဘီလီယံနဲ႔ စတုတၳေျမာက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဂေလဇာမိသားစုအသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေပါင္ ၆ ဘီလီယံသတ္မွတ္ထားတာျဖစ္ပါတယ္။

ရွိတ္ခ္ ဂ်က္ဆင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ဖုန္းဆက္ စကားေျပာဆိုခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အိုးထရက္ဖို႔ဒ္ကို ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ လက္လႊဲဝယ္ယူမယ္လို႔ စိတ္ပိုင္းျဖတ္ထားဆဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.