Premier League

ရာသီနောက်ဆုံးနေ့ကို ဟောကိန်းထုတ်လိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က တန်းဆင်းဇုန်ကနေ ရှင်သန်ကျန်ရစ်နိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ အဲဗာတန်၊ လိဒ်စ်ယူနိုက်တက်၊ လက်စတာစီးတီးတို့ကြောင့် ပရီးမီးယားလိဂ် နောက်ဆုံးနေ့အတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပြီး ထိပ်ဆုံး ၄ နေရာကလည်း အဖြေပေါ်နေပြီးဖြစ်ပေမယ့်လည်း အမှတ်ပေါ်ဇယားအောက်ခြေဘက်မှာတော့ ကစားဖို့ အများကြီး ရှိနေသေးတာဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ တန်းဆင်းခဲ့ပြီးဖြစ်ပြီး အမှတ်ပေးဇယားအောက်ဆုံးမှာ ရာသီအဆုံးသတ်မှာဖြစ်ပေမယ့်လည်း အဲဗာတန်၊ လက်စတာစီးတီး၊ လိဒ်စ်ယူနိုက်တက်တို့ထဲက ၂ သင်းကတော့ လာမယ့်ရာသီချန်ပီယံရှစ်မှာ စိန့်တွေနဲ့အတူ ပူးပေါင်းသွားရမှာဖြစ်ပါတယ်။

အဲဗာတန်ဟာ လက်ရှိမှာတော့ လုံခြုံစိတ်ချရတဲ့နေရာမှာ ရှိနေပေမယ့်လည်း လိဒ်စ်ယူနိုက်တက်သာ တော့တင်ဟမ်၊ လက်စတာစီးတီးသာ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့ကြမယ်ဆိုရင် ဘုန်းမောက်နဲ့ပွဲမှာ အနည်းဆုံး သရေ ၁ မှတ်တော့ လိုအပ်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ဘရန့်တ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားပြီး ရာသီကို အောင်မြင်စွာနဲ့ အဆုံးသတ်မှာဖြစ်ပြီး ဒုတိယနေရာက အာဆင်နယ်အသင်းကလည်း ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပြီဖြစ်တဲ့ ဘရိုက်တန်ဟာ အက်စတန် ဗီလာအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားပြီး ဆိုးရွားတဲ့ရာသီကို အဆုံးသတ်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်ဟာ ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲတက်ရောက်ထားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ဖူလ်ဟမ်၊ လီဗာပူးလ်က ဆောက်သမ်တန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံးဟာ ညနေ ၄ နာရီခွဲမှာ ကစားသွားမှာဖြစ်ပြီး ပေါလ် မာဆန်က ရာသီနောက်ဆုံးနေ့အတွက် ၎င်းရဲ့ ဟောကိန်းကို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အက်စတန် ဗီလာ Vs ဘရိုက်တန်

အူနိုင်းအမ်မရီလက်အောက်မှာ အလွန်ကောင်းမွန်တဲ့ရာသီ ဒုတိယပိုင်းကို ပိုင်ဆိုင်ခဲ့တဲ့ အက်စတန် ဗီလာအသင်းက လုပ်စရာရှိတဲ့အလုပ်တွေကို အဆုံးသတ်သွားမယ်လို့ ပေါလ် မာဆန်က ယုံကြည်ထားပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(အက်စတန် ဗီလာ ၂-၀ ဘရိုက်တန်)

အဲဗာတန် Vs ဘုန်းမောက်

ကစားစရာအကြောင်းအရင်းများများစားစား မရှိတော့တဲ့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အရေးအကြီးဆုံးပွဲစဉ်တွေထဲက တစ်ပွဲကို ကစားသွားမယ့် အဲဗာတန်တို့ထဲမှာ ပေါလ် မာဆန်က မာဆေးဆိုဒ်သားတွေ နိင်ပွဲရယူပြီး တန်းဆင်းရမယ့်အရေးကနေ ရှောင်လွှဲနိုင်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(အဲဗာတန် ၂-၀ ဘုန်းမောက်)

လိဒ်စ် Vs စပါးစ်

နှစ်သင်းစလုံးက ပြီးခဲ့တဲ့အပတ်တွေမှာ ခန့်မှန်းလို့မရလောက်အောင် ဖြစ်ခဲ့ကြတာကြောင့် ဒီပွဲမှာလည်း ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ ပေါလ် မာဆန်အတွက် ကျိန်းသေပေါက်မပြောနိုင်ဘဲ သရေကျရင် နှစ်ဖက်စလုံးအတွက် ကောင်းမှာမဟုတ်ပေမယ့် ဂိုးများပြီး သရေပဲ သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(လိဒ်စ် ၂-၂ စပါးစ်)

ဘရန့်တ်ဖို့ဒ် Vs မန်စီးတီး

ချန်ပီယံဖြစ်ပြီးသားဖြစ်တဲ့ မန်စီးတီးဟာ အရေးကြီးတဲ့ ဗိုလ်လုပွဲ ၂ ပွဲကစားဖို့ရှိနေတာကြောင့် ပျားတွေနဲ့ ပွဲမှာ နောက်ထပ်တစ်ကြိမ် အပြောင်းအလဲတွေ အများကြီးလုပ်ထားတဲ့ လူစာရင်းနဲ့ ချာတိတ်တွေ ပွဲထုတ်လာမှာဖြစ်ပြီး ဂုဏ်သိက္ခာအရ သရေအနည်းဆုံး ထိန်းကစားသွားမယ်လို့ ပေါလ် မာဆန်က ခန့်မှန်းခဲ့ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ဘရန့်တ်ဖို့ဒ် ၂-၂ မန်စီးတီး)

မန်ချက်စတာယူနိုက်တက် Vs ဖူလ်ဟမ်

မန်ချက်စတာယူနိုက်တက်က ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီးနောက် လာမယ့်ရာသီ ဥရောပဝင်ခွင့်ကျိန်းသေခဲ့ပြီဖြစ်တာကြောင့် မန်စီးတီးနဲ့ ကစားရမယ့် ဖလားဗိုလ်လုပွဲအတွက် တန်ဟက် လူချန်သွားမှာဖြစ်တာကြောင့် မာကို ဆေးလ်ဗားရဲ့အသင်းက ပိုပြီး အနိုင်ရဖို့ ရေပန်းစားနေတယ်လို့ ပေါလ် မာဆန်က ယူဆထားပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(မန်ချက်စတာယူနိုက်တက် ၁-၂ ဖူလ်ဟမ်)

ချဲလ်ဆီး Vs နယူးကာဆယ်

လမ်းပတ်လက်အောက်မှာ ခြေစွမ်းပိုင်း ဆိုးရွားချင်တိုင်း ဆိုးရွားနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ မန်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နယးကာဆယ်ကို အိမ်ကွင်းမှာ အနိင်ကစားဖို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ အက်ဒီဟောင်းလုပ်ပြနေတဲ့ အရည်အသွေးတွေကြောင့် ချဲလ်ဆီးတို့ နောက်ထပ်တစ်ကြိမ် အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှုံးပွဲမတွေ့ဘူးလို့ မပြောနိုင်ဘဲ ပေါလ် မာဆန်ကတော့ သရေလောက်တော့ ခံကန်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၂-၂ နယူးကာဆယ်)

လက်စတာစီးတီး Vs ဝက်စ်ဟမ်း

အဲဗာတန်နဲ့ လိဒ်စ်တို့ကို တန်းဆင်းဇုန်တိုက်ပွဲအတွက် လက်စတာစီးတီးက ဖိအားပေးနိုင်ဖို့ ဒီပွဲမှာ အနိုင်ကစားသွားလိမ့်မယ်လို့ ပေါလ် မာဆန်က ယုံကြည်နေပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(လက်စတာစီးတီး ၃-၁ ဝက်စ်ဟမ်း)

အာဆင်နယ် Vs ဝုလ်ဗ်စ်

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပရိသတ်တွေကို တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့တာကြောင့် ဝုလ်ဗ်စ်ကိုတော့ ကျိန်းသေပေါက်အနိုင်ယူသွားမှာဖြစ်ပြီး ဂိုးပြတ်နဲ့ အနိုင်ယူပြီး ရာသီကို အဆုံးသတ်လိမ့်မယ်လို့ ပေါလ် မာဆန်က ဟောကိန်းထုတ်ခဲ့ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဝုလ်ဗ်စ်)

ဆောက်သမ်တန် Vs လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ရာသီကို အကောင်းဆုံးအဆုံးသတ်ဖို့အတွက် တန်းဆင်းပြီးသားဖြစ်တဲ့ စိန့်တွေကို မညှာမတာ ချေမှုန်းသွားမှာဖြစ်တယ်လို့ ပေါလ် မာဆန်က သုံးသပ်ခဲ့ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်( ဆောက်သမ်တန် ၀-၄ လီဗာပူးလ်)

ခရစ္စတယ်ပဲလေ့စ် Vs နော်တင်ဟမ် ဖောရက်စ်

စတိဗ် ကူးပါးရဲ့ ဖောရက်စ်ဟာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်အောင် မယုံနိုင်စရာ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်တာကြောင့် ရာသီနောက်ဆုံးပွဲစဉ်မှာ ဘာအတွက်မှ တိုက်ပွဲဝင်စရာမရှိတော့ဘဲ ရွိုင်း ဟော့ဒ်ဆန် လက်အောက်မှာ ခြေပြန်စွာလာတဲ့ ပဲလေ့စ်ပဲ အနိုင်ရသွားမယ်လို့ ယုံကြည်နေပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ခရစ္စတယ် ပဲလေ့စ် ၃-၁ နော်တင်ဟမ် ဖောရက်စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ မာဆန္က တန္းဆင္းဇုန္ကေန ရွင္သန္က်န္ရစ္ႏိုင္ဖို႔ တိုက္ပြဲဝင္ေနတဲ့ အဲဗာတန္၊ လိဒ္စ္ယူႏိုက္တက္၊ လက္စတာစီးတီးတို႔ေၾကာင့္ ပရီးမီးယားလိဂ္ ေနာက္ဆုံးေန႔အတြက္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးက ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးသြားႏိုင္ခဲ့ၿပီျဖစ္ၿပီး ထိပ္ဆုံး ၄ ေနရာကလည္း အေျဖေပၚေနၿပီးျဖစ္ေပမယ့္လည္း အမွတ္ေပၚဇယားေအာက္ေျခဘက္မွာေတာ့ ကစားဖို႔ အမ်ားႀကီး ရွိေနေသးတာျဖစ္ပါတယ္။

ေဆာက္သမ္တန္ဟာ တန္းဆင္းခဲ့ၿပီးျဖစ္ၿပီး အမွတ္ေပးဇယားေအာက္ဆုံးမွာ ရာသီအဆုံးသတ္မွာျဖစ္ေပမယ့္လည္း အဲဗာတန္၊ လက္စတာစီးတီး၊ လိဒ္စ္ယူႏိုက္တက္တို႔ထဲက ၂ သင္းကေတာ့ လာမယ့္ရာသီခ်န္ပီယံရွစ္မွာ စိန႔္ေတြနဲ႔အတူ ပူးေပါင္းသြားရမွာျဖစ္ပါတယ္။

အဲဗာတန္ဟာ လက္ရွိမွာေတာ့ လုံၿခဳံစိတ္ခ်ရတဲ့ေနရာမွာ ရွိေနေပမယ့္လည္း လိဒ္စ္ယူႏိုက္တက္သာ ေတာ့တင္ဟမ္၊ လက္စတာစီးတီးသာ ဝက္စ္ဟမ္းကို အႏိုင္ရရွိခဲ့ၾကမယ္ဆိုရင္ ဘုန္းေမာက္နဲ႔ပြဲမွာ အနည္းဆုံး သေရ ၁ မွတ္ေတာ့ လိုအပ္မွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ ဘရန႔္တ္ဖို႔ဒ္နဲ႔ ယွဥ္ၿပိဳင္ကစားၿပီး ရာသီကို ေအာင္ျမင္စြာနဲ႔ အဆုံးသတ္မွာျဖစ္ၿပီး ဒုတိယေနရာက အာဆင္နယ္အသင္းကလည္း ဝုလ္ဗ္စ္အသင္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ လာမယ့္ရာသီ ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိခဲ့ၿပီျဖစ္တဲ့ ဘ႐ိုက္တန္ဟာ အက္စတန္ ဗီလာအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ နယူးကာဆယ္နဲ႔ ရင္ဆိုင္ကစားၿပီး ဆိုး႐ြားတဲ့ရာသီကို အဆုံးသတ္ရမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ တန္းဆင္းဇုန္ကေန လြတ္ေျမာက္သြားခဲ့တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္ဟာ ယူ႐ိုပါကြန္းဖရင့္လိဂ္ ဗိုလ္လုပြဲတက္ေရာက္ထားႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ဖူလ္ဟမ္၊ လီဗာပူးလ္က ေဆာက္သမ္တန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအားလုံးဟာ ညေန ၄ နာရီခြဲမွာ ကစားသြားမွာျဖစ္ၿပီး ေပါလ္ မာဆန္က ရာသီေနာက္ဆုံးေန႔အတြက္ ၎ရဲ႕ ေဟာကိန္းကို ထုတ္ေဖာ္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

အက္စတန္ ဗီလာ Vs ဘ႐ိုက္တန္

အူႏိုင္းအမ္မရီလက္ေအာက္မွာ အလြန္ေကာင္းမြန္တဲ့ရာသီ ဒုတိယပိုင္းကို ပိုင္ဆိုင္ခဲ့တဲ့ အက္စတန္ ဗီလာအသင္းက လုပ္စရာရွိတဲ့အလုပ္ေတြကို အဆုံးသတ္သြားမယ္လို႔ ေပါလ္ မာဆန္က ယုံၾကည္ထားပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(အက္စတန္ ဗီလာ ၂-၀ ဘ႐ိုက္တန္)

အဲဗာတန္ Vs ဘုန္းေမာက္

ကစားစရာအေၾကာင္းအရင္းမ်ားမ်ားစားစား မရွိေတာ့တဲ့ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္သမိုင္းမွာ အေရးအႀကီးဆုံးပြဲစဥ္ေတြထဲက တစ္ပြဲကို ကစားသြားမယ့္ အဲဗာတန္တို႔ထဲမွာ ေပါလ္ မာဆန္က မာေဆးဆိုဒ္သားေတြ နိင္ပြဲရယူၿပီး တန္းဆင္းရမယ့္အေရးကေန ေရွာင္လႊဲႏိုင္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(အဲဗာတန္ ၂-၀ ဘုန္းေမာက္)

လိဒ္စ္ Vs စပါးစ္

ႏွစ္သင္းစလုံးက ၿပီးခဲ့တဲ့အပတ္ေတြမွာ ခန႔္မွန္းလို႔မရေလာက္ေအာင္ ျဖစ္ခဲ့ၾကတာေၾကာင့္ ဒီပြဲမွာလည္း ဘယ္အသင္းက အႏိုင္ရသြားမလဲဆိုတာ ေပါလ္ မာဆန္အတြက္ က်ိန္းေသေပါက္မေျပာႏိုင္ဘဲ သေရက်ရင္ ႏွစ္ဖက္စလုံးအတြက္ ေကာင္းမွာမဟုတ္ေပမယ့္ ဂိုးမ်ားၿပီး သေရပဲ သြားမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(လိဒ္စ္ ၂-၂ စပါးစ္)

ဘရန႔္တ္ဖို႔ဒ္ Vs မန္စီးတီး

ခ်န္ပီယံျဖစ္ၿပီးသားျဖစ္တဲ့ မန္စီးတီးဟာ အေရးႀကီးတဲ့ ဗိုလ္လုပြဲ ၂ ပြဲကစားဖို႔ရွိေနတာေၾကာင့္ ပ်ားေတြနဲ႔ ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္ထားတဲ့ လူစာရင္းနဲ႔ ခ်ာတိတ္ေတြ ပြဲထုတ္လာမွာျဖစ္ၿပီး ဂုဏ္သိကၡာအရ သေရအနည္းဆုံး ထိန္းကစားသြားမယ္လို႔ ေပါလ္ မာဆန္က ခန႔္မွန္းခဲ့ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ဘရန႔္တ္ဖို႔ဒ္ ၂-၂ မန္စီးတီး)

မန္ခ်က္စတာယူႏိုက္တက္ Vs ဖူလ္ဟမ္

မန္ခ်က္စတာယူႏိုက္တက္က ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့ၿပီးေနာက္ လာမယ့္ရာသီ ဥေရာပဝင္ခြင့္က်ိန္းေသခဲ့ၿပီျဖစ္တာေၾကာင့္ မန္စီးတီးနဲ႔ ကစားရမယ့္ ဖလားဗိုလ္လုပြဲအတြက္ တန္ဟက္ လူခ်န္သြားမွာျဖစ္တာေၾကာင့္ မာကို ေဆးလ္ဗားရဲ႕အသင္းက ပိုၿပီး အႏိုင္ရဖို႔ ေရပန္းစားေနတယ္လို႔ ေပါလ္ မာဆန္က ယူဆထားပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(မန္ခ်က္စတာယူႏိုက္တက္ ၁-၂ ဖူလ္ဟမ္)

ခ်ဲလ္ဆီး Vs နယူးကာဆယ္

လမ္းပတ္လက္ေအာက္မွာ ေျခစြမ္းပိုင္း ဆိုး႐ြားခ်င္တိုင္း ဆိုး႐ြားေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္ယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ နယးကာဆယ္ကို အိမ္ကြင္းမွာ အနိင္ကစားဖို႔အတြက္ အေကာင္းဆုံးအခြင့္အေရးျဖစ္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီရာသီ အက္ဒီေဟာင္းလုပ္ျပေနတဲ့ အရည္အေသြးေတြေၾကာင့္ ခ်ဲလ္ဆီးတို႔ ေနာက္ထပ္တစ္ႀကိမ္ အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရႈံးပြဲမေတြ႕ဘူးလို႔ မေျပာႏိုင္ဘဲ ေပါလ္ မာဆန္ကေတာ့ သေရေလာက္ေတာ့ ခံကန္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၂-၂ နယူးကာဆယ္)

လက္စတာစီးတီး Vs ဝက္စ္ဟမ္း

အဲဗာတန္နဲ႔ လိဒ္စ္တို႔ကို တန္းဆင္းဇုန္တိုက္ပြဲအတြက္ လက္စတာစီးတီးက ဖိအားေပးႏိုင္ဖို႔ ဒီပြဲမွာ အႏိုင္ကစားသြားလိမ့္မယ္လို႔ ေပါလ္ မာဆန္က ယုံၾကည္ေနပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(လက္စတာစီးတီး ၃-၁ ဝက္စ္ဟမ္း)

အာဆင္နယ္ Vs ဝုလ္ဗ္စ္

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ပရိသတ္ေတြကို ေတာ္ေတာ္ေလး စိတ္ပ်က္လက္ပ်က္ျဖစ္ေစခဲ့တာေၾကာင့္ ဝုလ္ဗ္စ္ကိုေတာ့ က်ိန္းေသေပါက္အႏိုင္ယူသြားမွာျဖစ္ၿပီး ဂိုးျပတ္နဲ႔ အႏိုင္ယူၿပီး ရာသီကို အဆုံးသတ္လိမ့္မယ္လို႔ ေပါလ္ မာဆန္က ေဟာကိန္းထုတ္ခဲ့ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဝုလ္ဗ္စ္)

ေဆာက္သမ္တန္ Vs လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ ရာသီကို အေကာင္းဆုံးအဆုံးသတ္ဖို႔အတြက္ တန္းဆင္းၿပီးသားျဖစ္တဲ့ စိန႔္ေတြကို မညႇာမတာ ေခ်မႈန္းသြားမွာျဖစ္တယ္လို႔ ေပါလ္ မာဆန္က သုံးသပ္ခဲ့ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္( ေဆာက္သမ္တန္ ၀-၄ လီဗာပူးလ္)

ခရစၥတယ္ပဲေလ့စ္ Vs ေနာ္တင္ဟမ္ ေဖာရက္စ္

စတိဗ္ ကူးပါးရဲ႕ ေဖာရက္စ္ဟာ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ႏိုင္ေအာင္ မယုံႏိုင္စရာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ရာသီေနာက္ဆုံးပြဲစဥ္မွာ ဘာအတြက္မွ တိုက္ပြဲဝင္စရာမရွိေတာ့ဘဲ ႐ြိဳင္း ေဟာ့ဒ္ဆန္ လက္ေအာက္မွာ ေျချပန္စြာလာတဲ့ ပဲေလ့စ္ပဲ အႏိုင္ရသြားမယ္လို႔ ယုံၾကည္ေနပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ခရစၥတယ္ ပဲေလ့စ္ ၃-၁ ေနာ္တင္ဟမ္ ေဖာရက္စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.