Premier League

ချဲလ်ဆီးကို အမုန်းဗျင်းပြီး သရဲနီတို့ ချန်ပီယံလိဂ်ဝင်ခွင့်အပိုင်ယူတဲ့ပွဲက ပြန်ပြောစရာအချက်များ

၁။ ကာစီမီရိုရဲ့အပြစ်ပေးခံခဲ့ရတဲ့ မာဒရစ်ခ်

မာဒရစ်အတွက်တော့ ဇန်နဝါရီလမှာ ပေါင် ၈၈.၅ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးကတည်းက ခက်ခဲတဲ့လအနည်းငယ်ဖြစ်ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံး ၁၆ ပွဲကစားခဲ့ရာမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၄ မိနစ်မှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့်လည်း လူးဝစ္စ ဟောလ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ပိတ်သွင်းရာမှာ ထိချက်မမှန်ဘဲ ဂိုးတိုင်ဘေးထွက်သွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၂ မိနစ်အကြာမှာ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုကို ပိုမိုဆိုးရွားသွားစေခဲ့တာက ကာစီမီရိုက အဲရစ်ဆင်ရဲ့ အလွတ်တည်ကန်ဘောကနေတဆင့် ခေါင်းတိုက်ပြီး မန်ယူနိုက်တက်အတွက် အစောပိုင်း ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၂။ အန်တိုနီရဲ့ နာကျင်မှု

အဲရစ် တန်ဟက်ရဲ့အသင်းက နောက်ထပ်တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ရာမှာ ချာလိုဘက်က အန်တိုနီကို ဖျက်ထုတ်ခဲ့ပြီးနောက် ဘရာဇီးလ်တောင်ပံကစားသမားဟာ မြက်ခင်းပေါ် လူးလှိမ့်နေခဲ့ပါတယ်။ အစပိုင်းတုန်းက ပြစ်ဒဏ်ဘောပေးတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီး စတူးဝပ် အတ်ဝဲလ်က ဆက်လက်ကစားစေခဲ့တာကြောင့် အန်တိုနီရဲ့ အော်သံက မရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ပထမဆုံးကစားတဲ့ရာသီအတွင်း တဖြည်းဖြည်းချင်း တိုးတက်လာနေခဲ့သူဖြစ်ပြီး ချာလိုဘက်ရဲ့ ဖျက်ထုတ်မှုကြောင့် သိပ်မကြာခင်မှာ ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အန်တိုနီဟာ ဥမင်လျှောက်လမ်းထဲ ဆင်းချိန်မှာ လာမယ့် စနေနေ့ မန်ချက်စတာဒါဘီ အက်ဖ်အေဖလားဗိုလ်လုပွဲကို လွဲချော်မှာကို တွေးမိတာကြောင့် မျက်ရည်တွေ ကျခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

၃။ အဆင့်အတန်း ကွာဟမှု

ပွဲကို မကြည့်လိုက်ရဘဲ ပထမပိုင်းအပြီးမှာ မန်ချက်စတာယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရနေတာကို မြင်တွေ့ရမယ်ဆိုရင် ပထမပိုင်းမှာ သရဲနီတွေက လွှမ်းမိုးထားခဲ့တယ်လို့ ယူဆမိမှာဖြစ်ပေမယ့်လည်း ဧည့်သည်တွေဟာ ယခုရာသီမှာ စတမ်းဖို့ဒ် ဘရစ်ချ်အမာခံပရိသတ်တွေ မြင်တွေ့နေကျအတိုင်း အခွင့်အရေးတွေ တစ်ခုပြီး တစ်ခု ဖြုန်းတီးခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၁-၀ နဲ့ ပထမပိုင်းပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကာစီမီရိုက ဆန်ချိုဆီ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုပြုလုပ်ခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားက တကိုယ်ကောင်းမဆန်ဘဲ လွတ်နေတဲ့ မာစီယယ်လ်ဆီ ထိုးပေးခဲ့ချိန်မှာ ပြင်သစ်တိုက်စစ်မှူးက အသာအယာ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဲဒါက အိမ်ရှင် သရဲနီတွေရဲ့ အလွန်ကောင်းမွန်တဲ့ တိုက်စစ်ကစားပုံဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ နှစ်သင်းကြားက အဆင့်အတန်း ကွာဟနေမှုကို ပြသခဲ့တာဖြစ်ပါတယ်။

၄။ တကယ်အားထားရတဲ့ ဟောလ်

အာဂျင်တီးနားမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်ယူ-၂၀ အသင်းနဲ့ သွားရောက်ပူးပေါင်းခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဟာ ဘယ်နောက်ခံလူ ဘန် ချေးဝဲလ်နဲ့ ကူကူရယ်လာတို့ ၂ ဒဏ်ရာရရှိနေတာကြောင့် ပွဲထွက်ခွင့် အခွင့်အရေး ရရှိခဲ့ပါတယ်။ ဟောလ်ဟာ မန်ယူနိုက်တက်ခံစစ်ကို ဖြတ်တင်ဘောတွေ၊ အလွန်အားကောင်းတဲ့ ကန်ချက်တစ်ကြိမ်နဲ့ ဒုက္ခပေးနိုင်ခဲ့ပြီး မာဒရစ်ခ်သာ ဖြတ်တင်ပေးပို့မှုကို အဆုံးသတ်နိုင်ခဲ့ရင် ဂိုးဖန်တီးမှုတောင် ပြုလုပ်နိုင်ခဲ့မှာဖြစ်ပါတယ်။ ခိုင် ဟာဗတ်ဇ်လည်း ချဲလ်ဆီးအသင်း နောက်ကနေ လိုက်ကစားနေရချိန်မှာ လူးဝစ္စ ဟောလ်ရဲ့ ပေးပို့မှုကို ဖြုန်းတီးခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် နောက်ခံကစားသမားဟာ နည်းပြသစ် ပိုချက်တီနို နှစ်သက်မယ့်လက္ခဏာတွေကို ပြသခဲ့တာဖြစ်ပါတယ်။

၅။ သွင်းဂိုး ၃၀ မြောက်ဂိုးကို လက်ဆောင်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်

သွင်းဂိုးအပိုင်းကနေကြည့်ရင် အကောင်းဆုံးသော ရာသီအဖြစ် အဆုံးသတ်ဖို့ ချဉ်းကပ်လာနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ စတုတ္ထမြောက်ဦးဆောင်ဂိုးကို အလွယ်ကူဆုံးပုံစံနဲ့ သွင်းယူသွားခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ချဲလ်ဆီးဟာ သိပ်မကြာခင်မှာ အိမ်ရှင်တွေကို နောက်ထပ်တစ်ဂိုး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ကီပါရဲ့ ကနဦး ကာကွယ်မှုအပြီးမှာ ပိတ်သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဆာအဲလက်စ် ဖာဂူဆန် နောက်ဆုံးတာဝန်ယူကိုင်တွယ်ခဲ့တဲ့ ရာသီတုန်းက ရော်ဘင် ဗန်ပါစီနောက်ပိုင်းပြိုင်ပွဲစုံ သွင်းဂိုး ၃၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးအတွက် နောက်ထပ် ၂ ပွဲ ဂိုးသွင်းယူခွင့် ကျန်ရှိနေသေးတာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ ၂ ရက်မှာ သွင်းဂိုးအရေအတွက်ကို တိုးမြှင့်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

၆။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ခြင်း

ကြာသပတေးနေ့ညဘောလုံးပြိုင်ပွဲဟာ အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ မန်ယူနိုက်တက်အတွက် ထပ်ရှိလာတော့မှာမဟုတ်ဘဲ မန်ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့ပြီဖြစ်ပြီး ဥရောပထိပ်တန်းပြိုင်ပွဲမှာ တစ်နေရာကျိန်းသေရဖို့ သရေ ၁ မှတ်သာ လိုတော့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့ ပွဲဦးထွက်ရာသီ မူလရည်မှန်းချက်တွေထဲက တစ်ခုဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဖြစ်ပြီး လီဗာပူးလ်က လိုက်မီလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဥရောပဝင်ခွင့်တစ်နေရာက သေချာသွားခဲ့ပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ဖူလ်ဟမ်ကို အနိုင်ရရှိမယ်ဆိုရင် တတိယနေရာနဲ့ ရာသီပြီးဆုံးနိုင်တော့မှာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အမှတ်ပေးဇယားအောက်ပိုင်းမှာ အရှက်ရဖွယ်ရာသီပြီးဆုံးရတော့မယ်ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ကာစီမီ႐ိုရဲ႕အျပစ္ေပးခံခဲ့ရတဲ့ မာဒရစ္ခ္

မာဒရစ္အတြက္ေတာ့ ဇန္နဝါရီလမွာ ေပါင္ ၈၈.၅ သန္းနဲ႔ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ခက္ခဲတဲ့လအနည္းငယ္ျဖစ္ခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပထမဆုံး ၁၆ ပြဲကစားခဲ့ရာမွာ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ၄ မိနစ္မွာ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ဖို႔ အေကာင္းဆုံးအခြင့္အေရးရခဲ့ေပမယ့္လည္း လူးဝစၥ ေဟာလ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ပိတ္သြင္းရာမွာ ထိခ်က္မမွန္ဘဲ ဂိုးတိုင္ေဘးထြက္သြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၂ မိနစ္အၾကာမွာ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားရဲ႕ အပိုင္အခြင့္အေရး လြဲေခ်ာ္မႈကို ပိုမိုဆိုး႐ြားသြားေစခဲ့တာက ကာစီမီ႐ိုက အဲရစ္ဆင္ရဲ႕ အလြတ္တည္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္ၿပီး မန္ယူႏိုက္တက္အတြက္ အေစာပိုင္း ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၂။ အန္တိုနီရဲ႕ နာက်င္မႈ

အဲရစ္ တန္ဟက္ရဲ႕အသင္းက ေနာက္ထပ္တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ခ်ာလိုဘက္က အန္တိုနီကို ဖ်က္ထုတ္ခဲ့ၿပီးေနာက္ ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ျမက္ခင္းေပၚ လူးလွိမ့္ေနခဲ့ပါတယ္။ အစပိုင္းတုန္းက ျပစ္ဒဏ္ေဘာေပးေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ဒိုင္လူႀကီး စတူးဝပ္ အတ္ဝဲလ္က ဆက္လက္ကစားေစခဲ့တာေၾကာင့္ အန္တိုနီရဲ႕ ေအာ္သံက မရပ္တန႔္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္ဟာ အဂၤလိပ္ေဘာလုံးေလာကမွာ ပထမဆုံးကစားတဲ့ရာသီအတြင္း တျဖည္းျဖည္းခ်င္း တိုးတက္လာေနခဲ့သူျဖစ္ၿပီး ခ်ာလိုဘက္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ သိပ္မၾကာခင္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ အန္တိုနီဟာ ဥမင္ေလွ်ာက္လမ္းထဲ ဆင္းခ်ိန္မွာ လာမယ့္ စေနေန႔ မန္ခ်က္စတာဒါဘီ အက္ဖ္ေအဖလားဗိုလ္လုပြဲကို လြဲေခ်ာ္မွာကို ေတြးမိတာေၾကာင့္ မ်က္ရည္ေတြ က်ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

၃။ အဆင့္အတန္း ကြာဟမႈ

ပြဲကို မၾကည့္လိုက္ရဘဲ ပထမပိုင္းအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္က ၂-၀ နဲ႔ အႏိုင္ရေနတာကို ျမင္ေတြ႕ရမယ္ဆိုရင္ ပထမပိုင္းမွာ သရဲနီေတြက လႊမ္းမိုးထားခဲ့တယ္လို႔ ယူဆမိမွာျဖစ္ေပမယ့္လည္း ဧည့္သည္ေတြဟာ ယခုရာသီမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္အမာခံပရိသတ္ေတြ ျမင္ေတြ႕ေနက်အတိုင္း အခြင့္အေရးေတြ တစ္ခုၿပီး တစ္ခု ျဖဳန္းတီးခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၁-၀ နဲ႔ ပထမပိုင္းၿပီးဆုံးလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ကာစီမီ႐ိုက ဆန္ခ်ိဳဆီ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈျပဳလုပ္ခဲ့ၿပီး အဂၤလန္ေတာင္ပံကစားသမားက တကိုယ္ေကာင္းမဆန္ဘဲ လြတ္ေနတဲ့ မာစီယယ္လ္ဆီ ထိုးေပးခဲ့ခ်ိန္မွာ ျပင္သစ္တိုက္စစ္မႉးက အသာအယာ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အဲဒါက အိမ္ရွင္ သရဲနီေတြရဲ႕ အလြန္ေကာင္းမြန္တဲ့ တိုက္စစ္ကစားပုံျဖစ္ခဲ့ၿပီး တိုက္စစ္ပိုင္းမွာ ႏွစ္သင္းၾကားက အဆင့္အတန္း ကြာဟေနမႈကို ျပသခဲ့တာျဖစ္ပါတယ္။

၄။ တကယ္အားထားရတဲ့ ေဟာလ္

အာဂ်င္တီးနားမွာ က်င္းပေနတဲ့ ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲကို အဂၤလန္ယူ-၂၀ အသင္းနဲ႔ သြားေရာက္ပူးေပါင္းခြင့္ပိတ္ပင္ခံခဲ့ရတဲ့ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားဟာ ဘယ္ေနာက္ခံလူ ဘန္ ေခ်းဝဲလ္နဲ႔ ကူကူရယ္လာတို႔ ၂ ဒဏ္ရာရရွိေနတာေၾကာင့္ ပြဲထြက္ခြင့္ အခြင့္အေရး ရရွိခဲ့ပါတယ္။ ေဟာလ္ဟာ မန္ယူႏိုက္တက္ခံစစ္ကို ျဖတ္တင္ေဘာေတြ၊ အလြန္အားေကာင္းတဲ့ ကန္ခ်က္တစ္ႀကိမ္နဲ႔ ဒုကၡေပးႏိုင္ခဲ့ၿပီး မာဒရစ္ခ္သာ ျဖတ္တင္ေပးပို႔မႈကို အဆုံးသတ္ႏိုင္ခဲ့ရင္ ဂိုးဖန္တီးမႈေတာင္ ျပဳလုပ္ႏိုင္ခဲ့မွာျဖစ္ပါတယ္။ ခိုင္ ဟာဗတ္ဇ္လည္း ခ်ဲလ္ဆီးအသင္း ေနာက္ကေန လိုက္ကစားေနရခ်ိန္မွာ လူးဝစၥ ေဟာလ္ရဲ႕ ေပးပို႔မႈကို ျဖဳန္းတီးခဲ့တာျဖစ္ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ နည္းျပသစ္ ပိုခ်က္တီႏို ႏွစ္သက္မယ့္လကၡဏာေတြကို ျပသခဲ့တာျဖစ္ပါတယ္။

၅။ သြင္းဂိုး ၃၀ ေျမာက္ဂိုးကို လက္ေဆာင္ရခဲ့တဲ့ ရက္ရွ္ဖို႔ဒ္

သြင္းဂိုးအပိုင္းကေနၾကည့္ရင္ အေကာင္းဆုံးေသာ ရာသီအျဖစ္ အဆုံးသတ္ဖို႔ ခ်ဥ္းကပ္လာေနတဲ့ ရက္ရွ္ဖို႔ဒ္ဟာ စတုတၳေျမာက္ဦးေဆာင္ဂိုးကို အလြယ္ကူဆုံးပုံစံနဲ႔ သြင္းယူသြားခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီသြင္းဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးဟာ သိပ္မၾကာခင္မွာ အိမ္ရွင္ေတြကို ေနာက္ထပ္တစ္ဂိုး လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ကီပါရဲ႕ ကနဦး ကာကြယ္မႈအၿပီးမွာ ပိတ္သြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ဆာအဲလက္စ္ ဖာဂူဆန္ ေနာက္ဆုံးတာဝန္ယူကိုင္တြယ္ခဲ့တဲ့ ရာသီတုန္းက ေရာ္ဘင္ ဗန္ပါစီေနာက္ပိုင္းၿပိဳင္ပြဲစုံ သြင္းဂိုး ၃၀ ျပည့္ေျမာက္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ အဂၤလန္တိုက္စစ္မႉးအတြက္ ေနာက္ထပ္ ၂ ပြဲ ဂိုးသြင္းယူခြင့္ က်န္ရွိေနေသးတာျဖစ္ၿပီး လာမယ့္ တနဂၤေႏြေန႔ ၂ ရက္မွာ သြင္းဂိုးအေရအတြက္ကို တိုးျမႇင့္ႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

၆။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့ျခင္း

ၾကာသပေတးေန႔ညေဘာလုံးၿပိဳင္ပြဲဟာ အနည္းဆုံး ၂၀၂၄ ခုႏွစ္အထိ မန္ယူႏိုက္တက္အတြက္ ထပ္ရွိလာေတာ့မွာမဟုတ္ဘဲ မန္ယူႏိုက္တက္ဟာ ဒီႏိုင္ပြဲေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရရွိခဲ့ၿပီျဖစ္ၿပီး ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ တစ္ေနရာက်ိန္းေသရဖို႔ သေရ ၁ မွတ္သာ လိုေတာ့တာျဖစ္ပါတယ္။ တန္ဟက္ရဲ႕ ပြဲဦးထြက္ရာသီ မူလရည္မွန္းခ်က္ေတြထဲက တစ္ခုဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ျဖစ္ၿပီး လီဗာပူးလ္က လိုက္မီလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ ဥေရာပဝင္ခြင့္တစ္ေနရာက ေသခ်ာသြားခဲ့ၿပီျဖစ္ပါတယ္။ တနဂၤေႏြေန႔ ဖူလ္ဟမ္ကို အႏိုင္ရရွိမယ္ဆိုရင္ တတိယေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကလည္း အမွတ္ေပးဇယားေအာက္ပိုင္းမွာ အရွက္ရဖြယ္ရာသီၿပီးဆုံးရေတာ့မယ္ဆိုတာကို သိခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.