Premier League

ဘောလုံးဘယ်တော့မှ မပေးတဲ့ အသင်းဖော် ၂ ဦးနာမည်ကို လူသိရှင်ကြားပြောပြလိုက်တဲ့ ဇင်ချန်ကို

အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ ဘောလုံးဘယ်တော့မှ မပေးပို့တဲ့ အာဆင်နယ်ကစားသမား ၂ ဦးကို ဟာသဖောက်ပြီး ပြောကြားခဲ့ပါတယ်။

ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက အကျိုးသက်ရောက်မှု ချက်ချင်းပြသနိုင်ခဲ့သူဖြစ်ပြီး ယူကရိန်းနောက်ခံလူဟာ အာတီတာရဲ့ အသင်း ယခုရာသီ ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကို ဆုဖလားပြိုင်ပွဲမှာ နောက်ဆုံးမှာတော့ ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း ဇင်ချန်ကိုဟာ လာမယ့်ရာသီ အာတီတာရဲ့ လူစာရင်းထဲမှာ ပထမအသင်း ဘယ်နောက်ခံနေရာအတွက် ပွဲထွက်ခွင့်နေရာ အခိုင်အမာ ရရှိလိမ့်မယ်လို့ ခံစားနေရမှာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဇင်ချန်ကိုဟာ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ခြေသလုံးဒဏ်ရာရရှိခဲ့ပြီးနောက် ယခုရာသီရဲ့ နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားကို ဘရိုက်တန်၊ ဖောရက်စ်တို့ကို ၂ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ သတိရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ အသင်းက ဘောလုံးပိုင်ဆိုင်မှု ရရှိနေချိန်မှာ ကွင်းလယ်ကို ဝင်ကစားပေးနိုင်တာကြောင့် ချာကာလိုမျိုး ကစားသမားဟာ ရှေ့တန်းကို လွတ်လွတ်လပ်လပ် တက်ကစားနိုင်ပြီး ယူကရိန်းနောက်ခံလူရဲ့ ဘောလုံးကိုင်ပြီး ကစားနိုင်မှု၊ အဝေးကန်တင်ပေးပို့နိုင်စွမ်းတွေက ဂန်းနားတွေအတွက် အားသာချက်တွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းထဲမှာ ရှိတဲ့ကစားသမားတိုင်းက ကိုယ်ကျိုးမကြည့်တဲ့သူတွေမဟုတ်ဘဲ ဇင်ချန်ကိုက မာတင် အော်ဒီဂွါဒ်နဲ့ ရော့ဘ် ဟိုးဒင်းတို့က ဘယ်တော့မှ ဘောလုံးမပေးဘူးလို့ ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနောက်ခံလူဟာ ပွဲစဉ်အတွင်း ဘောလုံးထိတွေ့မှုအများဆုံး ကစားသမားကို သတ်မှတ်ပေးဖို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး ဇင်ချန်ကိုက ဧပြီလက လိဒ်စ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်းက ထရော့ဆာ့ဒ်ကို ရွေးချယ်ခဲ့ပေမယ့်လည်း အမှန်တော့ အော်ဒီဂွါဒ်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူ(အော်ဒီဂွါဒ်)က ဘောလုံးထိတွေ့မှုပိုများခဲ့တယ်။ သူ ဘယ်တော့မှ ဘောလုံးမပေးဘူး။ သူ ဘယ်တော့မှ ဘောလုံးမပေးဘူး”လို့ ဇင်ချန်ကိုက ဟာသဖောက်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမှန်တော့ မာတင် အော်ဒီဂွါဒ်ရဲ့ ယခုရာသီ ဂိုးပါဝင်ပတ်သက်မှုကို မေးခွန်းထုတ်နိုင်တဲ့သူ အနည်းငယ်သာရှိပြီး နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာတင် သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇင်ချန်ကိုက ပြီးတဲ့နောက်မှာ ရော့ဘ် ဟိုးဒင်းက နောက်ထပ်ပွဲတစ်ပွဲမှာ ဘောလုံးထိတွေ့မှုအများဆုံးဖြစ်ခဲ့တယ်လို့ ပြောကြားခြင်းခံခဲ့ရချိန်မှာ “ကျွန်တော်ပြောတာ အဲဒါလေ။ ခင်ဗျားက ဘယ်တုန်းကမှ ဘောလုံးမပေးဘူး”လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုလက္ဇန္းဒါး ဇင္ခ်န္ကိုဟာ ေဘာလုံးဘယ္ေတာ့မွ မေပးပို႔တဲ့ အာဆင္နယ္ကစားသမား ၂ ဦးကို ဟာသေဖာက္ၿပီး ေျပာၾကားခဲ့ပါတယ္။

ဇင္ခ်န္ကိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာစီးတီးကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အက်ိဳးသက္ေရာက္မႈ ခ်က္ခ်င္းျပသႏိုင္ခဲ့သူျဖစ္ၿပီး ယူကရိန္းေနာက္ခံလူဟာ အာတီတာရဲ႕ အသင္း ယခုရာသီ ဆုဖလားစိန္ေခၚမႈမွာ အဓိကက်တဲ့ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကို ဆုဖလားၿပိဳင္ပြဲမွာ ေနာက္ဆုံးမွာေတာ့ ရႈံးနိမ့္သြားခဲ့ေပမယ့္လည္း ဇင္ခ်န္ကိုဟာ လာမယ့္ရာသီ အာတီတာရဲ႕ လူစာရင္းထဲမွာ ပထမအသင္း ဘယ္ေနာက္ခံေနရာအတြက္ ပြဲထြက္ခြင့္ေနရာ အခိုင္အမာ ရရွိလိမ့္မယ္လို႔ ခံစားေနရမွာျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဇင္ခ်န္ကိုဟာ နယူးကာဆယ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ေျခသလုံးဒဏ္ရာရရွိခဲ့ၿပီးေနာက္ ယခုရာသီရဲ႕ ေနာက္ဆုံးပြဲစဥ္ကို ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားကို ဘ႐ိုက္တန္၊ ေဖာရက္စ္တို႔ကို ၂ ပြဲဆက္ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ေတြမွာ သတိရစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ဇင္ခ်န္ကိုဟာ အသင္းက ေဘာလုံးပိုင္ဆိုင္မႈ ရရွိေနခ်ိန္မွာ ကြင္းလယ္ကို ဝင္ကစားေပးႏိုင္တာေၾကာင့္ ခ်ာကာလိုမ်ိဳး ကစားသမားဟာ ေရွ႕တန္းကို လြတ္လြတ္လပ္လပ္ တက္ကစားႏိုင္ၿပီး ယူကရိန္းေနာက္ခံလူရဲ႕ ေဘာလုံးကိုင္ၿပီး ကစားႏိုင္မႈ၊ အေဝးကန္တင္ေပးပို႔ႏိုင္စြမ္းေတြက ဂန္းနားေတြအတြက္ အားသာခ်က္ေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းထဲမွာ ရွိတဲ့ကစားသမားတိုင္းက ကိုယ္က်ိဳးမၾကည့္တဲ့သူေတြမဟုတ္ဘဲ ဇင္ခ်န္ကိုက မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ေရာ့ဘ္ ဟိုးဒင္းတို႔က ဘယ္ေတာ့မွ ေဘာလုံးမေပးဘူးလို႔ ဟာသေဖာက္ခဲ့တာျဖစ္ပါတယ္။

ယူကရိန္းေနာက္ခံလူဟာ ပြဲစဥ္အတြင္း ေဘာလုံးထိေတြ႕မႈအမ်ားဆုံး ကစားသမားကို သတ္မွတ္ေပးဖို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး ဇင္ခ်န္ကိုက ဧၿပီလက လိဒ္စ္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအတြင္းက ထေရာ့ဆာ့ဒ္ကို ေ႐ြးခ်ယ္ခဲ့ေပမယ့္လည္း အမွန္ေတာ့ ေအာ္ဒီဂြါဒ္ျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူ(ေအာ္ဒီဂြါဒ္)က ေဘာလုံးထိေတြ႕မႈပိုမ်ားခဲ့တယ္။ သူ ဘယ္ေတာ့မွ ေဘာလုံးမေပးဘူး။ သူ ဘယ္ေတာ့မွ ေဘာလုံးမေပးဘူး”လို႔ ဇင္ခ်န္ကိုက ဟာသေဖာက္ၿပီး တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

အမွန္ေတာ့ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ယခုရာသီ ဂိုးပါဝင္ပတ္သက္မႈကို ေမးခြန္းထုတ္ႏိုင္တဲ့သူ အနည္းငယ္သာရွိၿပီး ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာတင္ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဇင္ခ်န္ကိုက ၿပီးတဲ့ေနာက္မွာ ေရာ့ဘ္ ဟိုးဒင္းက ေနာက္ထပ္ပြဲတစ္ပြဲမွာ ေဘာလုံးထိေတြ႕မႈအမ်ားဆုံးျဖစ္ခဲ့တယ္လို႔ ေျပာၾကားျခင္းခံခဲ့ရခ်ိန္မွာ “ကြၽန္ေတာ္ေျပာတာ အဲဒါေလ။ ခင္ဗ်ားက ဘယ္တုန္းကမွ ေဘာလုံးမေပးဘူး”လို႔ ျပန္လည္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.