Premier League Serie A

လီဗိုင်းနဲ့ စပါးစ်ကို အခဲမကြေသေးဘူးဆိုတာကို ဒဲ့ပဲ ပြောလိုက်တဲ့ မော်ရင်ညို

ဟိုဆေး မော်ရင်ညိုက အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးနဲ့ ဥက္ကဌ ဒန်နီရယ် လီဗိုင်းကို နည်းပြခဲ့ဖူးသမျှအသင်းတွေထဲမှာ ဆက်နွယ်မှုရှိတယ်လို့ မခံစားခဲ့ရတဲ့အသင်းတစ်သင်းပဲရှိတယ်လို့ ပြောကြားပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။

စပယ်ရှယ်ဝမ်းလို့ ကိုယ့်ကိုကိုယ် နာမည်ပေးခဲ့တဲ့ မော်ရင်ညိုဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာ မန်ချက်စတာစီးတီးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲယှဉ်ပြိုင်မကစားမီ တစ်ပတ်လောက်အလိုမှာ တော့တင်ဟမ်ဟော့စပါးရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

နည်းပြ မော်ရင်ညိုလက်အောက် အသင်းအတွင်းမှာ တင်းမာမှုတွေ ရှိခဲ့ပြီး ပေါ်တူဂီလူမျိုးနည်းပြကို ထုတ်ပယ်ခဲ့ချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ရတာဖြစ်သလို ယူရိုပါလိဂ်ပြိုင်ပွဲကနေလည်း ပြုတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မော်ရင်ညိုဟာ စပါးစ်ကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့အဖြစ် အချိန်အကြာကြီးမနေလိုက်ရဘဲ စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ရိုးမားက အဲဒီနွေရာသီမှာပဲ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စပါးစ်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါကွန်းဖရင့်လိဂ်ဖလားကို ယူပေးခဲ့သလိုမျိုး ယခုရာသီမှာ ယူရိုပါလိဂ်ဖလားကို ရယူပေးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မော်ရင်ညိုဟာ တော့တင်ဟမ်ဟော့စပါးကလွဲရင် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အလုပ်လုပ်ခဲ့တဲ့ အသင်းတိုင်းအတွက် ဆုဖလားတွေကို ရယူပေးနိုင်ခဲ့သူအဖြစ် ကျော်ကြားခဲ့ပြီး လက်ရှိမှာတော့ စပါးစ်နဲ့ ဥက္ကဌလီဗိုင်းတို့ကို လွန်ခဲ့တဲ့ ၂ နှစ်က ဝင်ဘလေဗိုလ်လုပွဲအတွက် ကိုင်တွယ်ခွင့်ငြင်းပယ်ခဲ့မှုအတွက် ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။

“အမှန်တရားက စပါးစ်ပရိသတ်တွေ ကျွန်တော့်ကို အမြင်မစောင်းကြဖို့ မျှော်လင့်မိပေမယ့် ကျွန်တော့် နည်းပြဘဝမှာ လေးနက်တဲ့ခံစားမှုမျိုး မရှိခဲ့တဲ့ တစ်သင်းတည်းသောအသင်းက တော့တင်ဟမ်ပါ။ ကွင်းက ကိုဗစ်ကာလ လူတစ်ယောက်မှမရှိခဲ့လို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မစ္စတာ လီဗိုင်းက ကျွန်တော့်ကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ဆုဖလားရယူခွင့်မပေးခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက တစ်သင်းတည်းသောအသင်းပါ။ အဲဒီမတိုင်ခင်က ပေါ်တို၊ ချဲလ်ဆီး၊ အင်တာ၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်တို့အားလုံးက ဆက်နွယ်မှုရှိတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်”

“လူတွေက ခင်ဗျား အသင်းတိုင်းကို ချစ်လို့မရဘူးလေလို့ ပြောကောင်းပြောနိုင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ အသင်းတိုင်းကို ချစ်ပါတယ်။ ကျွန်တော် အသင်းတိုင်းကို ချစ်တယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာလည်း သူတို့က ကျွန်တော့်ကို ချစ်ကြတယ်လို့ အမြဲတမ်း ခံစားခဲ့ရလို့ပါ။ အဲဒီတော့ ရိုးမားကို တစ်နေ့ကျရင် စွန့်ခွာဖို့က ခက်ခဲပါလိမ့်မယ်။ အဲဒါက ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက တသက်လုံး ဆက်နွယ်နေကြမှာပါ။ အရင်တုန်းက နည်းပြဖူးတဲ့အသင်းတွေအားလုံးလိုပဲပေါ့။ မစ္စတာလီဗိုင်းရဲ့အသင်းတော့ အဲဒီအထဲမပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟိုေဆး ေမာ္ရင္ညိဳက အသင္းေဟာင္း ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ဥကၠဌ ဒန္နီရယ္ လီဗိုင္းကို နည္းျပခဲ့ဖူးသမွ်အသင္းေတြထဲမွာ ဆက္ႏြယ္မႈရွိတယ္လို႔ မခံစားခဲ့ရတဲ့အသင္းတစ္သင္းပဲရွိတယ္လို႔ ေျပာၾကားၿပီး ျပစ္တင္ေဝဖန္လိုက္ပါတယ္။

စပယ္ရွယ္ဝမ္းလို႔ ကိုယ့္ကိုကိုယ္ နာမည္ေပးခဲ့တဲ့ ေမာ္ရင္ညိဳဟာ ၂၀၂၁ ခုႏွစ္ ဧၿပီလမွာ မန္ခ်က္စတာစီးတီးနဲ႔ ကာရာေဘာင္းဖလား ဗိုလ္လုပြဲယွဥ္ၿပိဳင္မကစားမီ တစ္ပတ္ေလာက္အလိုမွာ ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ ထုတ္ပယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

နည္းျပ ေမာ္ရင္ညိဳလက္ေအာက္ အသင္းအတြင္းမွာ တင္းမာမႈေတြ ရွိခဲ့ၿပီး ေပၚတူဂီလူမ်ိဳးနည္းျပကို ထုတ္ပယ္ခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၇ ေနရာမွာ ရပ္တည္ေနခဲ့ရတာျဖစ္သလို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေနလည္း ျပဳတ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေမာ္ရင္ညိဳဟာ စပါးစ္ကေန ထုတ္ပယ္ခံရၿပီးေနာက္ အသင္းလက္မဲ့အျဖစ္ အခ်ိန္အၾကာႀကီးမေနလိုက္ရဘဲ စီးရီးေအထိပ္သီးအသင္းႀကီးျဖစ္တဲ့ ႐ိုးမားက အဲဒီေႏြရာသီမွာပဲ နည္းျပအျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ စပါးစ္နည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ယူ႐ိုပါကြန္းဖရင့္လိဂ္ဖလားကို ယူေပးခဲ့သလိုမ်ိဳး ယခုရာသီမွာ ယူ႐ိုပါလိဂ္ဖလားကို ရယူေပးဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ေတာ့တင္ဟမ္ေဟာ့စပါးကလြဲရင္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခုအတြင္း အလုပ္လုပ္ခဲ့တဲ့ အသင္းတိုင္းအတြက္ ဆုဖလားေတြကို ရယူေပးႏိုင္ခဲ့သူအျဖစ္ ေက်ာ္ၾကားခဲ့ၿပီး လက္ရွိမွာေတာ့ စပါးစ္နဲ႔ ဥကၠဌလီဗိုင္းတို႔ကို လြန္ခဲ့တဲ့ ၂ ႏွစ္က ဝင္ဘေလဗိုလ္လုပြဲအတြက္ ကိုင္တြယ္ခြင့္ျငင္းပယ္ခဲ့မႈအတြက္ ျပစ္တင္ေဝဖန္လိုက္တာျဖစ္ပါတယ္။

“အမွန္တရားက စပါးစ္ပရိသတ္ေတြ ကြၽန္ေတာ့္ကို အျမင္မေစာင္းၾကဖို႔ ေမွ်ာ္လင့္မိေပမယ့္ ကြၽန္ေတာ့္ နည္းျပဘဝမွာ ေလးနက္တဲ့ခံစားမႈမ်ိဳး မရွိခဲ့တဲ့ တစ္သင္းတည္းေသာအသင္းက ေတာ့တင္ဟမ္ပါ။ ကြင္းက ကိုဗစ္ကာလ လူတစ္ေယာက္မွမရွိခဲ့လို႔ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ မစၥတာ လီဗိုင္းက ကြၽန္ေတာ့္ကို ဗိုလ္လုပြဲမွာ အႏိုင္ယူၿပီး ဆုဖလားရယူခြင့္မေပးခဲ့လို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒါက တစ္သင္းတည္းေသာအသင္းပါ။ အဲဒီမတိုင္ခင္က ေပၚတို၊ ခ်ဲလ္ဆီး၊ အင္တာ၊ ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔အားလုံးက ဆက္ႏြယ္မႈရွိတယ္လို႔ ကြၽန္ေတာ္ ခံစားခဲ့ရပါတယ္”

“လူေတြက ခင္ဗ်ား အသင္းတိုင္းကို ခ်စ္လို႔မရဘူးေလလို႔ ေျပာေကာင္းေျပာႏိုင္ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အသင္းတိုင္းကို ခ်စ္ပါတယ္။ ကြၽန္ေတာ္ အသင္းတိုင္းကို ခ်စ္တယ္။ ဘာလို႔လဲဆိုေတာ့ တစ္ဖက္မွာလည္း သူတို႔က ကြၽန္ေတာ့္ကို ခ်စ္ၾကတယ္လို႔ အၿမဲတမ္း ခံစားခဲ့ရလို႔ပါ။ အဲဒီေတာ့ ႐ိုးမားကို တစ္ေန႔က်ရင္ စြန႔္ခြာဖို႔က ခက္ခဲပါလိမ့္မယ္။ အဲဒါက ခက္ခဲလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြက တသက္လုံး ဆက္ႏြယ္ေနၾကမွာပါ။ အရင္တုန္းက နည္းျပဖူးတဲ့အသင္းေတြအားလုံးလိုပဲေပါ့။ မစၥတာလီဗိုင္းရဲ႕အသင္းေတာ့ အဲဒီအထဲမပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.