Premier League

အယ်လ်ခမာပရိသတ်တွေကို ဒိုင်ခံကြုံးခဲ့လို့ WWE ပုံစံ ရုပ်တုနဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ နိုးလ်ဆီ

နိုးလ်ဆီလို့ လူသိများတဲ့ ဝက်စ်ဟမ်းပရိသတ် ခရစ္စ နိုးလ်ဟာ ပြီးခဲ့တဲ့အပတ်က အယ်လ်ခမာဆိုးသွမ်းပရိသတ်တွေကို ဗျင်းခဲ့ပြီးနောက် WWE ပုံစံ တိုက်ပွဲဝင်ရုပ်ပုံနဲ့အတူ ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

အသက် ၅၈ နှစ်အရွယ်ဝက်စ်ဟမ်းပရိသတ်ဟာ ပြီးခဲ့တဲ့အပတ်က ယူရိုပါကွန်းဖရင့်လိဂ်ပွဲစဉ်အတွင်း ဝက်စ်ဟမ်း ပရိသတ်တွေထိုင်ခုံရှိရာကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အယ်လ်ခမာ ဆိုးသွမ်းပရိသတ်တွေကို ခုခံကာကွယ်ခဲ့ပြီးနောက် နေ့ချင်းညချင်း သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကလေး ၄ ဦးရဲ့ဖခင်ဖြစ်တဲ့ နိုးလ်ဆီကို ၎င်းရဲ့ ရဲစွမ်းသတ္တိကြောင့် အယ်လ်ခမာနတ်သားလို့ ခေါ်ဝေါ်ခဲ့ကြပြီး အသင်း ပရိသတ်တွေကြားထဲမှာ ဂန္တဝင်ဂုဏ်ပုဒ် ရရှိသွားခဲ့တာဖြစ်ပါတယ်။ နယ်သာလန်မှာ နိုးလ်ဆီရဲ့ သူရဲကောင်းပုံစံ လုပ်ဆောင်ချက်အရ လက်ရှိမှာ ၎င်းရဲ့ ကိုယ်ပိုင်လှုပ်ရှားပုံကို ရုပ်တုနဲ့ အထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

အဲဒီရုပ်တုကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့သူတွေအနေနဲ့ စျေးပေါပေါနဲ့တော့ ဝယ်ယူလို့ ရမှာမဟုတ်ဘဲ လက်ရှိ eBay မှာ လေလံစျေး ပေါင် ၃၇၀ အထိ ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်အထိ လေလံဆွဲတဲ့အကြိမ်ရေ ၄၁ ကြိမ်အထိ ရှိခဲ့တာကြောင့် နောက်ဆုံးလေလံပိတ်ချိန်မှာ တန်ဖိုး ဒီထက်ပိုမိုများပြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုးလ်ဆီရဲ့ ရုပ်တုကို ပြုလုပ်ခဲ့တဲ့ ရောင်းချသူက ထုတ်ကုန်အတွက် ဖော်ပြချက်မှာ “နိုးလ်ဆီ အထူးရုပ်ပုံ။ ကျွန်တော် ဒီ ရုပ်တုကို ထူးခြားတဲ့ လိုက်ဖက်တဲ့ ထုပ်ပိုးမှုနဲ့အတူ လက်နဲ့ ဆေးခြယ်ပြီး ပြုလုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီရုပ်တုကို ပြုလုပ်ဖို့ အချိန် ၂၈ နာရီနီးပါး အချိန်ယူခဲ့ရပြီး ပြသထားဖို့ အလွန်ကောင်းမွန်တဲ့ပုံရှိပါတယ်။ အဲဒါက ပြီးပြည့်စုံတဲ့ တစ်ကြိမ်ပဲ ထုတ်တဲ့ပစ္စည်းပါ”လို့ ရေးသားထားပါတယ်။

နိုးလ်ဆီရဲ့ တိုက်ပွဲဝင် ရုပ်ပုံမှာ အယ်လ်ခမာ ပရိသတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ညတုန်းက ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားအတိုင်း တထပ်တည်း တူညီအောင် ဆေးခြယ်ထားပြီး မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးချင်းချင်းရဲနေတဲ့ လက်သီးကို ဆုပ်ပြီး အော်ဟစ်နေတဲ့ပုံစံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

အဲဒီရုပ်ပုံကို ထုပ်ပိုးထားတဲ့ဗူးမှာ ဝက်စ်ဟမ်းအသင်းတံဆိပ်အပြင် အယ်လ် ခမာပရိသတ်တွေနဲ့ တိုက်ခိုက်နေတဲ့ရုပ်ပုံနဲ့အတူ ပွဲအပြီး မျက်လုံးတဝိုက်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း ပါဝင်တာဖစြ်ပါတယ်။

နိုးလ်ဆီဟာ လိဒ်စ်ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ချိန်မှာ သူရဲကောင်းတစ်ဦးလို ကြိုဆိုခြင်းကို ခံခဲ့ရပြီး လန်ဒန်ကွင်းထဲမှာ မတ်တပ်ရပ် လက်ခုပ်ဩဘာပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

နိုးလ်ဆီဟာ မျက်လုံးနားတဝိုက်မှာ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိနေပေမယ့်လည်း ကွင်းထဲမှာ ပရိသတ်တွေနဲ့အတူ ပြုံးရွှင်ပြီး အလွန်ပျော်ရွှင်နေတဲ့ပုံစံနဲ့ ဓာတ်ပုံအတူ ရိုက်ကူးပေးခဲ့သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႏိုးလ္ဆီလို႔ လူသိမ်ားတဲ့ ဝက္စ္ဟမ္းပရိသတ္ ခရစၥ ႏိုးလ္ဟာ ၿပီးခဲ့တဲ့အပတ္က အယ္လ္ခမာဆိုးသြမ္းပရိသတ္ေတြကို ဗ်င္းခဲ့ၿပီးေနာက္ WWE ပုံစံ တိုက္ပြဲဝင္႐ုပ္ပုံနဲ႔အတူ ဂုဏ္ျပဳျခင္း ခံခဲ့ရပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ဝက္စ္ဟမ္းပရိသတ္ဟာ ၿပီးခဲ့တဲ့အပတ္က ယူ႐ိုပါကြန္းဖရင့္လိဂ္ပြဲစဥ္အတြင္း ဝက္စ္ဟမ္း ပရိသတ္ေတြထိုင္ခုံရွိရာကို က်ဴးေက်ာ္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ အယ္လ္ခမာ ဆိုးသြမ္းပရိသတ္ေတြကို ခုခံကာကြယ္ခဲ့ၿပီးေနာက္ ေန႔ခ်င္းညခ်င္း သူရဲေကာင္းတစ္ဦးျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ကေလး ၄ ဦးရဲ႕ဖခင္ျဖစ္တဲ့ ႏိုးလ္ဆီကို ၎ရဲ႕ ရဲစြမ္းသတၱိေၾကာင့္ အယ္လ္ခမာနတ္သားလို႔ ေခၚေဝၚခဲ့ၾကၿပီး အသင္း ပရိသတ္ေတြၾကားထဲမွာ ဂႏၲဝင္ဂုဏ္ပုဒ္ ရရွိသြားခဲ့တာျဖစ္ပါတယ္။ နယ္သာလန္မွာ ႏိုးလ္ဆီရဲ႕ သူရဲေကာင္းပုံစံ လုပ္ေဆာင္ခ်က္အရ လက္ရွိမွာ ၎ရဲ႕ ကိုယ္ပိုင္လႈပ္ရွားပုံကို ႐ုပ္တုနဲ႔ အထိမ္းအမွတ္အေနနဲ႔ ဂုဏ္ျပဳျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။

အဲဒီ႐ုပ္တုကို ဝယ္ယူဖို႔ စိတ္ဝင္စားေနတဲ့သူေတြအေနနဲ႔ ေစ်းေပါေပါနဲ႔ေတာ့ ဝယ္ယူလို႔ ရမွာမဟုတ္ဘဲ လက္ရွိ eBay မွာ ေလလံေစ်း ေပါင္ ၃၇၀ အထိ ေရာက္ရွိေနၿပီျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ေလလံဆြဲတဲ့အႀကိမ္ေရ ၄၁ ႀကိမ္အထိ ရွိခဲ့တာေၾကာင့္ ေနာက္ဆုံးေလလံပိတ္ခ်ိန္မွာ တန္ဖိုး ဒီထက္ပိုမိုမ်ားျပားလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ႏိုးလ္ဆီရဲ႕ ႐ုပ္တုကို ျပဳလုပ္ခဲ့တဲ့ ေရာင္းခ်သူက ထုတ္ကုန္အတြက္ ေဖာ္ျပခ်က္မွာ “ႏိုးလ္ဆီ အထူး႐ုပ္ပုံ။ ကြၽန္ေတာ္ ဒီ ႐ုပ္တုကို ထူးျခားတဲ့ လိုက္ဖက္တဲ့ ထုပ္ပိုးမႈနဲ႔အတူ လက္နဲ႔ ေဆးျခယ္ၿပီး ျပဳလုပ္ဖို႔ စိတ္ကူးရခဲ့ပါတယ္။ ဒီ႐ုပ္တုကို ျပဳလုပ္ဖို႔ အခ်ိန္ ၂၈ နာရီနီးပါး အခ်ိန္ယူခဲ့ရၿပီး ျပသထားဖို႔ အလြန္ေကာင္းမြန္တဲ့ပုံရွိပါတယ္။ အဲဒါက ၿပီးျပည့္စုံတဲ့ တစ္ႀကိမ္ပဲ ထုတ္တဲ့ပစၥည္းပါ”လို႔ ေရးသားထားပါတယ္။

ႏိုးလ္ဆီရဲ႕ တိုက္ပြဲဝင္ ႐ုပ္ပုံမွာ အယ္လ္ခမာ ပရိသတ္ေတြနဲ႔ တိုက္ပြဲဝင္ခဲ့တဲ့ညတုန္းက ဝတ္ဆင္ခဲ့တဲ့ အဝတ္အစားအတိုင္း တထပ္တည္း တူညီေအာင္ ေဆးျခယ္ထားၿပီး မ်က္ႏွာမွာ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ေသြးခ်င္းခ်င္းရဲေနတဲ့ လက္သီးကို ဆုပ္ၿပီး ေအာ္ဟစ္ေနတဲ့ပုံစံ ဒီဇိုင္းထုတ္ထားတာျဖစ္ပါတယ္။

အဲဒီ႐ုပ္ပုံကို ထုပ္ပိုးထားတဲ့ဗူးမွာ ဝက္စ္ဟမ္းအသင္းတံဆိပ္အျပင္ အယ္လ္ ခမာပရိသတ္ေတြနဲ႔ တိုက္ခိုက္ေနတဲ့႐ုပ္ပုံနဲ႔အတူ ပြဲအၿပီး မ်က္လုံးတဝိုက္မွာ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံလည္း ပါဝင္တာဖျစ္ပါတယ္။

ႏိုးလ္ဆီဟာ လိဒ္စ္ယူႏိုက္တက္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို တက္ေရာက္ၾကည့္ရႈခဲ့ခ်ိန္မွာ သူရဲေကာင္းတစ္ဦးလို ႀကိဳဆိုျခင္းကို ခံခဲ့ရၿပီး လန္ဒန္ကြင္းထဲမွာ မတ္တပ္ရပ္ လက္ခုပ္ဩဘာေပးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ႏိုးလ္ဆီဟာ မ်က္လုံးနားတဝိုက္မွာ ႀကီးမားတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြ ရွိေနေပမယ့္လည္း ကြင္းထဲမွာ ပရိသတ္ေတြနဲ႔အတူ ၿပဳံး႐ႊင္ၿပီး အလြန္ေပ်ာ္႐ႊင္ေနတဲ့ပုံစံနဲ႔ ဓာတ္ပုံအတူ ႐ိုက္ကူးေပးခဲ့ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.