International Ligue1 World Cup

ကိုပါအမေရိကဖလားရအောင် လုပ်ခဲ့တဲ့ အစီအမံကို ပြောပြခဲ့တဲ့ မက်ဆီရဲ့ မိခင်

လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားက ဘရာဇီးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံး နိုင်ငံတကာဆုဖလားကို ရရှိခဲ့ပါတယ်။

မက်ဆီရဲ့ မိခင် ဆယ်လီယာ ကူတီချီနီက ကိုပါအမေရိက ဗိုလ်လုပွဲအတွင်း မိသားစုတွေ လိုက်နာခဲ့တဲ့ ထုံးတမ်းစဉ်လာကို ထုတ်ဖော်ပြောကြားခဲ့ပြီး မိသားစုဝင်တိုင်းဟာ တစ်ယောက်တည်း ပွဲကြည့်ရှုခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မတွေတို့အားလုံး ကံကောင်းစေနိုင်တဲ့ ထုံးတမ်းစဉ်လာကို လိုက်နာပြီး ပွဲကို တစ်ယောက်တည်း ကြည့်ခဲ့ကြတယ်။ ကျွန်မ အရမ်း နေမကောင်းဖြစ်နေပြီး အနားမှာ ပြုစုပေးမယ့်သူတွေအားလုံးရှိပါတယ်။”

ကူတီချီနီက အလွန် နေမကောင်းဖြစ်နေပြီး စိတ်လှုပ်ရှားနေပေမယ့်လည်း ဘုရားသခင်ကို ယုံကြည်မှု ဆက်လက်ထားရှိခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပြီး မက်ဆီရဲ့ ဇနီး အန်တိုနီလာ ရိုကုဇိုကလည်း သူမရဲ့ မိဘတွေအိမ်ကနေ ပွဲကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အစ်ကိုနဲ့ အဖေကလည်း တစ်ယောက်တည်း ပွဲကြည့်ခဲ့ကြပြီး ကူတီချီနီက အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီးနောက် မိသားစုတွေအားလုံး အောင်ပွဲခံဖို့ စုဝေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ “ပွဲလည်း ပြီးရော ကျွန်မတို့တွေအားလုံး တစ်ယောက်နဲ့တစ်ယောက် အားပါးတရ ပွေ့ဖက်ခဲ့ကြပါတယ်။”လို့ ပြောခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝ အချိန်အများစုမှာ နိုင်ငံတကာ ဆုဖလားတွေက ရှောင်ပုန်းနေခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ ဘောလုံးမှာ ဘာမှ သက်သေပြစရာမရှိတော့အောင် ပြီးပြည်စုံသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်မှာ ကိုပါအမေရိက ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၃၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ၂၀၂၁ ကိုပါအေမရိကဗိုလ္လုပြဲမွာ အာဂ်င္တီးနားက ဘရာဇီးလ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပထမဆုံး ႏိုင္ငံတကာဆုဖလားကို ရရွိခဲ့ပါတယ္။

မက္ဆီရဲ႕ မိခင္ ဆယ္လီယာ ကူတီခ်ီနီက ကိုပါအေမရိက ဗိုလ္လုပြဲအတြင္း မိသားစုေတြ လိုက္နာခဲ့တဲ့ ထုံးတမ္းစဥ္လာကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး မိသားစုဝင္တိုင္းဟာ တစ္ေယာက္တည္း ပြဲၾကည့္ရႈခဲ့ၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္မေတြတို႔အားလုံး ကံေကာင္းေစႏိုင္တဲ့ ထုံးတမ္းစဥ္လာကို လိုက္နာၿပီး ပြဲကို တစ္ေယာက္တည္း ၾကည့္ခဲ့ၾကတယ္။ ကြၽန္မ အရမ္း ေနမေကာင္းျဖစ္ေနၿပီး အနားမွာ ျပဳစုေပးမယ့္သူေတြအားလုံးရွိပါတယ္။”

ကူတီခ်ီနီက အလြန္ ေနမေကာင္းျဖစ္ေနၿပီး စိတ္လႈပ္ရွားေနေပမယ့္လည္း ဘုရားသခင္ကို ယုံၾကည္မႈ ဆက္လက္ထားရွိခဲ့တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ၿပီး မက္ဆီရဲ႕ ဇနီး အန္တိုနီလာ ႐ိုကုဇိုကလည္း သူမရဲ႕ မိဘေတြအိမ္ကေန ပြဲကို ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ႕ အစ္ကိုနဲ႔ အေဖကလည္း တစ္ေယာက္တည္း ပြဲၾကည့္ခဲ့ၾကၿပီး ကူတီခ်ီနီက အာဂ်င္တီးနားအသင္း ကိုပါအေမရိကဖလားဗိုလ္လုပြဲမွာ အႏိုင္ရခဲ့ၿပီးေနာက္ မိသားစုေတြအားလုံး ေအာင္ပြဲခံဖို႔ စုေဝးခဲ့ၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ပြဲလည္း ၿပီးေရာ ကြၽန္မတို႔ေတြအားလုံး တစ္ေယာက္နဲ႔တစ္ေယာက္ အားပါးတရ ေပြ႕ဖက္ခဲ့ၾကပါတယ္။”လို႔ ေျပာခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ကစားသမားဘဝ အခ်ိန္အမ်ားစုမွာ ႏိုင္ငံတကာ ဆုဖလားေတြက ေရွာင္ပုန္းေနခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေဘာလုံးမွာ ဘာမွ သက္ေသျပစရာမရွိေတာ့ေအာင္ ၿပီးျပည္စုံသြားခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၂၀၂၁ ခုႏွစ္မွာ ကိုပါအေမရိက ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ ၂၀၂၂ ခုႏွစ္ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ ၃၆ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ကမာၻ႔ဖလားႀကီးကို ဆြတ္ခူးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.