Premier League

စင်ရော်တွေကြောင့် ၁၂ ဆက်နိုင်ပွဲရပ်တန့်ခဲ့တဲ့ ပွဲစဉ်က ပြန်ပြောစရာအချက်များ

၁။ မန်စီးတီး ဒဏ်ရာပြဿနာများ

ပထမဆုံးပြောစရာက လာပေါ့တ်၊ အကန်းဂျိ၊ ဒီယက်စ်၊ ဂရီးလစ်ရှ်တို့ မပါဝင်တဲ့ ဂွါဒီယိုလာရဲ့ လူစာရင်းဖြစ်ပြီး စပိန်လူမျိုးနည်းပြကတော့ “သူတို့တွေ ကြံ့ခိုင်မှုမပြည့်ဝနေဘူး။ ဘာတွေဖြစ်ခဲ့လဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားရပြီးတဲ့နောက်မှာ ကစားသမားတွေအများကြီး ဒဏ်ရာရသွားခဲ့တယ်။၃၊ ၄၊ ၅ ယောက်လောက် ဒဏ်ရာရခဲ့ပြီး သူတို့တွေအားလုံးက ကြံ့ခိုင်မှုမရှိကြပါဘူး။ လာမယ့်ရက်အနည်းငယ်အတွင်း သူတို့တွေ ပြန်လည်သက်သာလာမလားဆိုတာ ကြည့်ရမှာပါ “လို့ ပြောကြားခဲ့ပါတယ်။ ရိုဒရီက ဂျွန်စတုန်းစ်နဲ့ ဗဟိုခံစစ်မှာ ကစားခဲ့ပြီး ရီကို လူးဝစ္စက ဘယ်နောက်ခံမှာ ကစားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲတွေ ကစားဖို့ကလည်း အရမ်းကပ်နေပြီဖြစ်တာကြောင့် စီးတီးပရိသတ်တွေက ကြိုတင်ကာကွယ်မှုအနေနဲ့ ကစားသမားတွေ ချန်လှပ်ခဲ့တာဖြစ်ဖို့ မျှော်လင့်နေပါတယ်။

၂။ အခွင့်အရေးရတုန်း အစွမ်းပြတဲ့ ဖိုဒန်

ဂရီးလစ်ရှ် မပါဝင်နိုင်တဲ့အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဖိုဒန်က အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟာလန်းရဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးသမားနဲ့ တစ်ဦးချင်းရင်ဆိုင်မှုမှာ အသုံးချနိုင်ခဲ့ရင် ဂိုးဖန်တီးမှု ၂ ကြိမ်ပါ ရရှိခဲ့မှာဖြစ်ပါတယ်။ ဖိုဒန်ဟာ လာမယ့် ဗိုလ်လုပွဲတွေမှာ ပွဲထွက်ပါဝင်ကစားခွင့်ရဖို့ တွန်းအားပေးခဲ့တာဖြစ်ပြီး မိနစ် ၅၀ မှာတော့ ဒဏ်ရာရရှိသွားပြီးနောက် ကိုးလ် ပါလ်မာနဲ့ လူစားလဲခံခဲ့ရတာတော့ အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် စိုးရိမ်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

၃။ ဘရိုက်တန်ရဲ့ အဆင့်အတန်းကို ပြသခဲ့တဲ့ အန်ဆီဆို

ဘရိုက်တန်ရဲ့ ကစားသမားသစ်ခေါ်ယူစုဆောင်းမှုပုံစံဟာ ယှဉ်ပြိုင်လို့မရနိုင်ဘဲ နည်းပြ ဒီဇာဘီက အဲဒီကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို ရအောင် လုပ်ပေးနိုင်တဲ့ ပြီးပြည့်စုံတဲ့ နည်းပြဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ပရိသတ်တော်တော်များများ အန်ဆီဆိုအကြောင်း ကြားဖူးမှာမဟုတ်ပေမယ့် ပါရာဂွေးဆယ်ကျော်သက်ဟာ တောင်ပိုင်းကမ်းရိုးတန်းမှာ ကြယ်ပွင့်တစ်ဦးဖြစ်လာဖို့ တာစူနေပုံပေါ်နေပြီး ၎င်းရဲ့ သွင်းဂိုးက အလွန်ကောင်းမွန်ခဲ့တာကြောင့် ရော်နယ်လ်ဒိုသွင်းယူနေကျပုံစံလိုမျိုးလို့ ဂျေမီ ရက်နက်က ပြောကြားခဲ့ပါတယ်။

၄။ VAR ကို ဒေါသထွက်ခဲ့တဲ့ ဂွါဒီယိုလာ

VAR အငြင်းပွားစရာလေးမှမပါရင် ပရီးမီးယားလိဂ်မဟုတ်တော့ဘူးလို့ ဆိုရမလိုဖြစ်ပြီး ဟာလန်းဟာ ပါလ်မာရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းယှဉ်တိုက်ရာမှာ အနိုင်ရပြီး ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပုံပေါ်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက လီဗိုင်း ကိုဝီလ်ရဲ့ စောဒကတက်မှုအပြီး ကွင်းဘေးမော်နီတာကို သွားကြည့်ခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ ကိုလ်ဝီကို နောက်ကနေ ဆွဲထားခဲ့တာဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ သဘောမတူခဲ့ပါဘူး။ မန်စီးတီးနည်းပြဟာ ကွင်းဘေးစည်းမှာ ဒေါသတကြီးဖြစ်နေခဲ့ပြီး စတုတ္ထဒိုင်ကို ကွိုင်သွားရှာလို့ အဝါကတ် ပြခံခဲ့ရပါတယ်။

၅။ တောက်ပတဲ့အနာဂတ်

ဘရိုက်တန်ဟာ မန်စီးတီးနဲ့ပွဲမှာ ပျမ်းမျှလူစာရင်းအသက် ၂၄ နှစ်ပဲ ရှိခဲ့ပြီး စတီးလ်(၃၂ နှစ်)၊ ဂရို့စ်(၃၁ နှစ်)၊ ဗန် ဟက်ကီ(၂၂ နှစ်)၊ အက်စ်တူပီနန်(၂၅နှစ်)၊ ဂီးလ်မိုး(၂၁ နှစ်)၊ ကိုင်ဆေဒို(၂၁ နှစ်)၊ ဘူနာနော့တီ(၁၈ နှစ်)၊ အန်ဆီဆို(၁၉ နှစ်)၊ မိတိုမာ(၂၆ နှစ်)၊ ဝဲလ်ဘက်ခ်(၃၂ နှစ်)တို့ ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါဟာ ကမ္ဘာပေါ်က အကောင်းဆုံးလူငယ်ကစားသမားတွေထဲက အချို့ အတွက် တောက်ပခွင့်ရဖို့ အခွင့်အရေးဖြစ်လာခဲ့ပြီး ဘရိုက်တန်ဟာ ယခုရာသီမှာ အသင်းသမိုင်းတလျှောက် အကောင်းဆုံးရာသီတွေထဲက တစ်ခုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ ကစားဟန်ဟာ အသင်းကြီးတစ်သင်းအတိုင်းပဲ အဆင့်အတန်းမြင့်မားလှတဲ့အတွက် ချီးကျူးရမှာဖြစ်ပြီး အခြားအသင်းတွေအနေနဲ့ ဒီဇာဘီအသင်းရဲ့ ရဲရင့်မှုကို အတုခိုးရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ မန္စီးတီး ဒဏ္ရာျပႆနာမ်ား

ပထမဆုံးေျပာစရာက လာေပါ့တ္၊ အကန္းဂ်ိ၊ ဒီယက္စ္၊ ဂရီးလစ္ရွ္တို႔ မပါဝင္တဲ့ ဂြါဒီယိုလာရဲ႕ လူစာရင္းျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပကေတာ့ “သူတို႔ေတြ ႀကံ့ခိုင္မႈမျပည့္ဝေနဘူး။ ဘာေတြျဖစ္ခဲ့လဲ ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္ဖလားရၿပီးတဲ့ေနာက္မွာ ကစားသမားေတြအမ်ားႀကီး ဒဏ္ရာရသြားခဲ့တယ္။၃၊ ၄၊ ၅ ေယာက္ေလာက္ ဒဏ္ရာရခဲ့ၿပီး သူတို႔ေတြအားလုံးက ႀကံ့ခိုင္မႈမရွိၾကပါဘူး။ လာမယ့္ရက္အနည္းငယ္အတြင္း သူတို႔ေတြ ျပန္လည္သက္သာလာမလားဆိုတာ ၾကည့္ရမွာပါ “လို႔ ေျပာၾကားခဲ့ပါတယ္။ ႐ိုဒရီက ဂြၽန္စတုန္းစ္နဲ႔ ဗဟိုခံစစ္မွာ ကစားခဲ့ၿပီး ရီကို လူးဝစၥက ဘယ္ေနာက္ခံမွာ ကစားခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲနဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲေတြ ကစားဖို႔ကလည္း အရမ္းကပ္ေနၿပီျဖစ္တာေၾကာင့္ စီးတီးပရိသတ္ေတြက ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ကစားသမားေတြ ခ်န္လွပ္ခဲ့တာျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

၂။ အခြင့္အေရးရတုန္း အစြမ္းျပတဲ့ ဖိုဒန္

ဂရီးလစ္ရွ္ မပါဝင္ႏိုင္တဲ့အတြက္ ပြဲထြက္ခြင့္ရခဲ့တဲ့ ဖိုဒန္က အခြင့္အေရးကို အမိအရဆုပ္ကိုင္ခဲ့ၿပီး အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဟာလန္းရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသမားနဲ႔ တစ္ဦးခ်င္းရင္ဆိုင္မႈမွာ အသုံးခ်ႏိုင္ခဲ့ရင္ ဂိုးဖန္တီးမႈ ၂ ႀကိမ္ပါ ရရွိခဲ့မွာျဖစ္ပါတယ္။ ဖိုဒန္ဟာ လာမယ့္ ဗိုလ္လုပြဲေတြမွာ ပြဲထြက္ပါဝင္ကစားခြင့္ရဖို႔ တြန္းအားေပးခဲ့တာျဖစ္ၿပီး မိနစ္ ၅၀ မွာေတာ့ ဒဏ္ရာရရွိသြားၿပီးေနာက္ ကိုးလ္ ပါလ္မာနဲ႔ လူစားလဲခံခဲ့ရတာေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားအတြက္ စိုးရိမ္စရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

၃။ ဘ႐ိုက္တန္ရဲ႕ အဆင့္အတန္းကို ျပသခဲ့တဲ့ အန္ဆီဆို

ဘ႐ိုက္တန္ရဲ႕ ကစားသမားသစ္ေခၚယူစုေဆာင္းမႈပုံစံဟာ ယွဥ္ၿပိဳင္လို႔မရႏိုင္ဘဲ နည္းျပ ဒီဇာဘီက အဲဒီကစားသမားေတြရဲ႕ အေကာင္းဆုံးပုံစံကို ရေအာင္ လုပ္ေပးႏိုင္တဲ့ ၿပီးျပည့္စုံတဲ့ နည္းျပျဖစ္ပါတယ္။ လြန္ခဲ့တဲ့လအနည္းငယ္တုန္းက ပရိသတ္ေတာ္ေတာ္မ်ားမ်ား အန္ဆီဆိုအေၾကာင္း ၾကားဖူးမွာမဟုတ္ေပမယ့္ ပါရာေဂြးဆယ္ေက်ာ္သက္ဟာ ေတာင္ပိုင္းကမ္း႐ိုးတန္းမွာ ၾကယ္ပြင့္တစ္ဦးျဖစ္လာဖို႔ တာစူေနပုံေပၚေနၿပီး ၎ရဲ႕ သြင္းဂိုးက အလြန္ေကာင္းမြန္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုသြင္းယူေနက်ပုံစံလိုမ်ိဳးလို႔ ေဂ်မီ ရက္နက္က ေျပာၾကားခဲ့ပါတယ္။

၄။ VAR ကို ေဒါသထြက္ခဲ့တဲ့ ဂြါဒီယိုလာ

VAR အျငင္းပြားစရာေလးမွမပါရင္ ပရီးမီးယားလိဂ္မဟုတ္ေတာ့ဘူးလို႔ ဆိုရမလိုျဖစ္ၿပီး ဟာလန္းဟာ ပါလ္မာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းယွဥ္တိုက္ရာမွာ အႏိုင္ရၿပီး ဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပုံေပၚခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးက လီဗိုင္း ကိုဝီလ္ရဲ႕ ေစာဒကတက္မႈအၿပီး ကြင္းေဘးေမာ္နီတာကို သြားၾကည့္ခဲ့တာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ကိုလ္ဝီကို ေနာက္ကေန ဆြဲထားခဲ့တာျဖစ္ေပမယ့္ ဂြါဒီယိုလာကေတာ့ သေဘာမတူခဲ့ပါဘူး။ မန္စီးတီးနည္းျပဟာ ကြင္းေဘးစည္းမွာ ေဒါသတႀကီးျဖစ္ေနခဲ့ၿပီး စတုတၳဒိုင္ကို ကြိဳင္သြားရွာလို႔ အဝါကတ္ ျပခံခဲ့ရပါတယ္။

၅။ ေတာက္ပတဲ့အနာဂတ္

ဘ႐ိုက္တန္ဟာ မန္စီးတီးနဲ႔ပြဲမွာ ပ်မ္းမွ်လူစာရင္းအသက္ ၂၄ ႏွစ္ပဲ ရွိခဲ့ၿပီး စတီးလ္(၃၂ ႏွစ္)၊ ဂ႐ို႕စ္(၃၁ ႏွစ္)၊ ဗန္ ဟက္ကီ(၂၂ ႏွစ္)၊ အက္စ္တူပီနန္(၂၅ႏွစ္)၊ ဂီးလ္မိုး(၂၁ ႏွစ္)၊ ကိုင္ေဆဒို(၂၁ ႏွစ္)၊ ဘူနာေနာ့တီ(၁၈ ႏွစ္)၊ အန္ဆီဆို(၁၉ ႏွစ္)၊ မိတိုမာ(၂၆ ႏွစ္)၊ ဝဲလ္ဘက္ခ္(၃၂ ႏွစ္)တို႔ ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။ဒါဟာ ကမာၻေပၚက အေကာင္းဆုံးလူငယ္ကစားသမားေတြထဲက အခ်ိဳ႕ အတြက္ ေတာက္ပခြင့္ရဖို႔ အခြင့္အေရးျဖစ္လာခဲ့ၿပီး ဘ႐ိုက္တန္ဟာ ယခုရာသီမွာ အသင္းသမိုင္းတေလွ်ာက္ အေကာင္းဆုံးရာသီေတြထဲက တစ္ခုကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းရဲ႕ ကစားဟန္ဟာ အသင္းႀကီးတစ္သင္းအတိုင္းပဲ အဆင့္အတန္းျမင့္မားလွတဲ့အတြက္ ခ်ီးက်ဴးရမွာျဖစ္ၿပီး အျခားအသင္းေတြအေနနဲ႔ ဒီဇာဘီအသင္းရဲ႕ ရဲရင့္မႈကို အတုခိုးရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.