Premier League

ချဲလ်ဆီးကထွက်ဖို့ သတင်းထွက်နေတဲ့ မောင့်ကို သတင်းစကားပါးခဲ့တဲ့ အော်စကာ

ချဲလ်ဆီးကြယ်ပွင့်ဟောင်း အော်စကာက အင်္ဂလန်ကွင်းလယ်ကစားသမားကို မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က ခေါ်ယူဖို့ စီစဉ်နေတာကြောင့် မေဆန် မောင့်ကို အကြံပေးစကား ပြောကြားခဲ့ပါတယ်။

မေဆန် မောင့်ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကာလရှည် နေထိုင်မှုက ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်မတိုင်ခင် ၎င်းကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားက တိုက်ပွဲဝင်နေတာကြောင့် အဆုံးသတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးအသင်းမှာ ဆယ်စုနှစ် ၂ ခု နီးပါးရှိနေခဲ့သူဖြစ်ပြီး ပထမဆုံး အကယ်ဒမီကစားသမားအဖြစ်နဲ့ ကစားပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၄ ရာသီကို ပထမအသင်းလူစာရင်းထဲက အဓိကကစားသမားအဖြစ် ပြိုင်ပွဲစုံမှာ ၁၉၅ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြအများအပြားက မေဆန် မောင့်အပေါ်မှာ အလွန်အမင်း မှီခိုခဲ့ကြပေမယ့်လည်း အနောက်လန်ဒန်က ၎င်းရဲ့ အနာဂတ်ဟာ လက်ရှိစာချုပ်သက်တမ်း ၁၂ လသာ ကျန်တော့တဲ့အချိန်မှာ မရေမရာဖြစ်လာနေတာဖြစ်ပါတယ်။

မေဆန် မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ခြေရှိပြီး နည်းပြသစ် ပိုချက်တီနိုလက်အောက်မှာ ဆက်ကစားဖို့ ဆုံးဖြတ်နိုင်ပေမယ့်လည်း နွေရာသီမှာ အပြောင်းအရွှေ့ ပြုလုပ်ဖို့ ရွေးချယ်ခဲ့ရင် ခေါ်ယူချင်တဲ့အသင်းတွေကလည်း အများအပြားရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်၊ လီဗာပူးလ်တို့ထက် လက်ဦးမှု ရယူပြီး မေဆန် မောင့်ကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ယခုအပတ်မှာ သတင်းတွေက ဖော်ပြခဲ့ကြပြီး အော်စကာက အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အကြံပြုခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ခက်ခဲတဲ့ရာသီနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မေဆန် မောင့်တစ်ဦးတည်းမဟုတ်ဘဲ အသင်းလည်း ပါပြီး အဲဒါက ကစားသမားတွေအကြောင်း ပြောဖို့ ခက်တယ်လို့ ထင်ပါတယ်။ ခင်ဗျားမှာ ခက်ခဲတဲ့ရာသီရှိတဲ့အခါကျရင် လူတွေတော်တော်များများက ဒီကစားသမားက အသင်းထဲမှာ ဆက်ရှိနေဖို့ မထိုက်တန်တော့ဘူးလို့ တွေးကြတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာ ငယ်ရွယ်တဲ့ ကစားသမားကောင်းတွေအများကြီးရှိတယ်လို့ ကျွန်တော် ထင်တယ်။ တစ်ခါတလေ နည်းပြက အသင်းအတွက် ဒီလိုကစားသမားတွေကို လိုချင်တယ်ဆိုရင် ထိန်းသိမ်းထားတာက ပိုကောင်းပါတယ်။ သူက(မေဆန် မောင့်) သူ ကစားနိုင်တဲ့အဆင့်အတန်းမှာ ပြန်ပြီး ကစားနိုင်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟုတ်တာပေါ့။ သူ ကစားချင်မှာပါ။ သူ ပိုပြီး ကစားချင်မှာပါ။ သူသာ ချဲလ်ဆီးမှာ မပျော်ဘူးဆိုရင် တစ်ခါတလေကျရင် တခြားအသင်းရှာတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ သူ ပျော်နေသေးပြီး ချဲလ်ဆီးမှာ အရမ်းကောင်းတဲ့ကစားသမားဖြစ်လာဖို့ ကြိုးစားချင်တယ်ဆိုရင် သူ ဆက်နေဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မေဆန် မောင့်ဟာ ယခုရာသီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရာသီကို ရင်ဆိုင်နေရပြီး အမှတ်ပေးဇယားအဆင့် ၁၂ နေရာအထိ ကျဆင်းသွားတာကို ကြည့်လိုက်ရင်တော့ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ေအာ္စကာက အဂၤလန္ကြင္းလယ္ကစားသမားကို မန္ခ်က္စတာယူႏိုက္တက္၊ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔က ေခၚယူဖို႔ စီစဥ္ေနတာေၾကာင့္ ေမဆန္ ေမာင့္ကို အႀကံေပးစကား ေျပာၾကားခဲ့ပါတယ္။

ေမဆန္ ေမာင့္ရဲ႕ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကာလရွည္ ေနထိုင္မႈက ယခုလာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မတိုင္ခင္ ၎ကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္အသင္းအမ်ားအျပားက တိုက္ပြဲဝင္ေနတာေၾကာင့္ အဆုံးသတ္ဖြယ္ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းမွာ ဆယ္စုႏွစ္ ၂ ခု နီးပါးရွိေနခဲ့သူျဖစ္ၿပီး ပထမဆုံး အကယ္ဒမီကစားသမားအျဖစ္နဲ႔ ကစားေပးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ၄ ရာသီကို ပထမအသင္းလူစာရင္းထဲက အဓိကကစားသမားအျဖစ္ ၿပိဳင္ပြဲစုံမွာ ၁၉၅ ပြဲ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပအမ်ားအျပားက ေမဆန္ ေမာင့္အေပၚမွာ အလြန္အမင္း မွီခိုခဲ့ၾကေပမယ့္လည္း အေနာက္လန္ဒန္က ၎ရဲ႕ အနာဂတ္ဟာ လက္ရွိစာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ေတာ့တဲ့အခ်ိန္မွာ မေရမရာျဖစ္လာေနတာျဖစ္ပါတယ္။

ေမဆန္ ေမာင့္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ေျခရွိၿပီး နည္းျပသစ္ ပိုခ်က္တီႏိုလက္ေအာက္မွာ ဆက္ကစားဖို႔ ဆုံးျဖတ္ႏိုင္ေပမယ့္လည္း ေႏြရာသီမွာ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့ရင္ ေခၚယူခ်င္တဲ့အသင္းေတြကလည္း အမ်ားအျပားရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အာဆင္နယ္၊ လီဗာပူးလ္တို႔ထက္ လက္ဦးမႈ ရယူၿပီး ေမဆန္ ေမာင့္ကို ေပါင္ ၅၅ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ ယခုအပတ္မွာ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ေအာ္စကာက အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး အႀကံျပဳခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ခက္ခဲတဲ့ရာသီနဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာ ေမဆန္ ေမာင့္တစ္ဦးတည္းမဟုတ္ဘဲ အသင္းလည္း ပါၿပီး အဲဒါက ကစားသမားေတြအေၾကာင္း ေျပာဖို႔ ခက္တယ္လို႔ ထင္ပါတယ္။ ခင္ဗ်ားမွာ ခက္ခဲတဲ့ရာသီရွိတဲ့အခါက်ရင္ လူေတြေတာ္ေတာ္မ်ားမ်ားက ဒီကစားသမားက အသင္းထဲမွာ ဆက္ရွိေနဖို႔ မထိုက္တန္ေတာ့ဘူးလို႔ ေတြးၾကတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးမွာ ငယ္႐ြယ္တဲ့ ကစားသမားေကာင္းေတြအမ်ားႀကီးရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ တစ္ခါတေလ နည္းျပက အသင္းအတြက္ ဒီလိုကစားသမားေတြကို လိုခ်င္တယ္ဆိုရင္ ထိန္းသိမ္းထားတာက ပိုေကာင္းပါတယ္။ သူက(ေမဆန္ ေမာင့္) သူ ကစားႏိုင္တဲ့အဆင့္အတန္းမွာ ျပန္ၿပီး ကစားႏိုင္မွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဟုတ္တာေပါ့။ သူ ကစားခ်င္မွာပါ။ သူ ပိုၿပီး ကစားခ်င္မွာပါ။ သူသာ ခ်ဲလ္ဆီးမွာ မေပ်ာ္ဘူးဆိုရင္ တစ္ခါတေလက်ရင္ တျခားအသင္းရွာတာ ပိုေကာင္းတယ္လို႔ ထင္ပါတယ္။ သူ ေပ်ာ္ေနေသးၿပီး ခ်ဲလ္ဆီးမွာ အရမ္းေကာင္းတဲ့ကစားသမားျဖစ္လာဖို႔ ႀကိဳးစားခ်င္တယ္ဆိုရင္ သူ ဆက္ေနဖို႔လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေမဆန္ ေမာင့္ဟာ ယခုရာသီမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြားဆုံးရာသီကို ရင္ဆိုင္ေနရၿပီး အမွတ္ေပးဇယားအဆင့္ ၁၂ ေနရာအထိ က်ဆင္းသြားတာကို ၾကည့္လိုက္ရင္ေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.