Premier League

စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ ဆာကာနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့တဲ့ အီဒူး

အာဆင်နယ်တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေစေမယ့် တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းတန်ကြေးရှိတဲ့ ကာလရှည် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဆာကာက အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အာတီတာရဲ့စီမံကိန်းအတွက် အရေးကြီးတဲ့ကစားသမားအဖြစ် ဆက်လက် ရှိနေတာဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက အာတီတာရဲ့အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆာကာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာက ဘယ်လောက်အထိအဓိပ္ပာယ်ရှိလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

“ဘူကာယိုရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ အားလုံးနဲ့ အလုပ်လုပ်ခဲ့ရတာ အရမ်း ပျော်စရာကောင်းခဲ့ပါတယ်။ ဆူကာယိုနဲ့ အလုပ်ပြင်းပြင်းထန်ထန် လုပ်ရတာနဲ့ အကယ်ဒမီကနေ ပထမအသင်းအထိ အလွန်ကောင်းမွန်တဲ့ ခရီးလမ်းမှာ တွေ့ကြုံခဲ့ရတာတွေအတွက် အသင်းမှာရှိနေတဲ့ ကျွန်တော်တို့အားလုံးအတွက် အရမ်းဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ဘူကာယိုက အခုဆိုရင် ပြိုင်ပွဲထဲက အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ သူ့ ကစားသမားဘဝ နောက်အဆင့်ကို အတူတူ ဖြတ်သန်းဖို့ စောင့်မျှော်နေပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာကလည်း “ဘူကာယိုက သူ့စာချုပ်ကို သက်တမ်းတိုးမြှင့်ခဲ့တာ အသင်းအတွက် အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်ပါရမီရှင်တွေကို ထိန်းသိမ်းနိုင်တာက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အဓိကသော့ချက်ဖြစ်ပြီး ဘူကာယိုက ကျွန်တော်တို့ လူစာရင်းရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ကိုယ်စားပြုနေပါတယ်။ ထူးခြားဆန်းကြယ်တဲ့အရည်အချင်းရှိသူဖြစ်သလို ဘူကာယိုက ထူးခြားတဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့အားလုံးရဲ့ ချစ်မြတ်နိုးခြင်းခံရပြီး ဒီနေ့ရောက်ရှိနေတဲ့ အဆင့်အတန်းကို ရောက်ရှိနိုင်ဖို့ လုပ်ခဲ့တဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှု၊ ပေးဆပ်မှုအတွက် သူ့ကိုယ်သူနဲ့ သူ့ မိသားစုကို ချီးကျူးရမှာပါ။ အဲဒီတော့ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ပရိသတ်တွေနဲ့ အတူတူ ဆာကာရဲ့ ဆက်လက်တိုးတက်လာမှုကို ပျော်ရွှင်ခံစားဖို့ စောင့်မျှော်နေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ေတာင္ပံၾကယ္ပြင့္ ဘူကာယို ဆာကာဟာ အသင္းနဲ႔ ၂၀၂၇ ခုႏွစ္အထိ ဆက္ရွိေနေစမယ့္ တစ္ပတ္လုပ္ခလစာ ေပါင္ ၃ သိန္းတန္ေၾကးရွိတဲ့ ကာလရွည္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ဆာကာက အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ အာတီတာရဲ႕စီမံကိန္းအတြက္ အေရးႀကီးတဲ့ကစားသမားအျဖစ္ ဆက္လက္ ရွိေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အားကစားဒါ႐ိုက္တာ အီဒူးက အာတီတာရဲ႕အသင္းအတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ဆာကာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ဝိုင္းဝန္းလုပ္ေဆာင္ခဲ့တဲ့သူေတြအားလုံးကို ေက်းဇူးတင္စကားေျပာၾကားခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာက ဘယ္ေလာက္အထိအဓိပၸာယ္ရွိလဲဆိုတာကို ဖြင့္ဟခဲ့ပါတယ္။

“ဘူကာယိုရဲ႕ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔ အားလုံးနဲ႔ အလုပ္လုပ္ခဲ့ရတာ အရမ္း ေပ်ာ္စရာေကာင္းခဲ့ပါတယ္။ ဆူကာယိုနဲ႔ အလုပ္ျပင္းျပင္းထန္ထန္ လုပ္ရတာနဲ႔ အကယ္ဒမီကေန ပထမအသင္းအထိ အလြန္ေကာင္းမြန္တဲ့ ခရီးလမ္းမွာ ေတြ႕ႀကဳံခဲ့ရတာေတြအတြက္ အသင္းမွာရွိေနတဲ့ ကြၽန္ေတာ္တို႔အားလုံးအတြက္ အရမ္းဂုဏ္ယူစရာ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ ဘူကာယိုက အခုဆိုရင္ ၿပိဳင္ပြဲထဲက အေကာင္းဆုံးလူငယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့ၿပီျဖစ္ၿပီး ကြၽန္ေတာ္တို႔နဲ႔အတူ သူ႔ ကစားသမားဘဝ ေနာက္အဆင့္ကို အတူတူ ျဖတ္သန္းဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာကလည္း “ဘူကာယိုက သူ႔စာခ်ဳပ္ကို သက္တမ္းတိုးျမႇင့္ခဲ့တာ အသင္းအတြက္ အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ လူငယ္ပါရမီရွင္ေတြကို ထိန္းသိမ္းႏိုင္တာက ကြၽန္ေတာ္တို႔ရဲ႕ တိုးတက္မႈကို ဆက္လက္လုပ္ေဆာင္ဖို႔ အဓိကေသာ့ခ်က္ျဖစ္ၿပီး ဘူကာယိုက ကြၽန္ေတာ္တို႔ လူစာရင္းရဲ႕ ပစၥဳပၸန္နဲ႔ အနာဂတ္အတြက္ အေရးပါတဲ့အစိတ္အပိုင္းအျဖစ္ ကိုယ္စားျပဳေနပါတယ္။ ထူးျခားဆန္းၾကယ္တဲ့အရည္အခ်င္းရွိသူျဖစ္သလို ဘူကာယိုက ထူးျခားတဲ့လူတစ္ေယာက္ပါ။ ကြၽန္ေတာ္တို႔အားလုံးရဲ႕ ခ်စ္ျမတ္ႏိုးျခင္းခံရၿပီး ဒီေန႔ေရာက္ရွိေနတဲ့ အဆင့္အတန္းကို ေရာက္ရွိႏိုင္ဖို႔ လုပ္ခဲ့တဲ့ ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားမႈ၊ ေပးဆပ္မႈအတြက္ သူ႔ကိုယ္သူနဲ႔ သူ႔ မိသားစုကို ခ်ီးက်ဴးရမွာပါ။ အဲဒီေတာ့ လာမယ့္ႏွစ္ေတြမွာ ကြၽန္ေတာ္တို႔ပရိသတ္ေတြနဲ႔ အတူတူ ဆာကာရဲ႕ ဆက္လက္တိုးတက္လာမႈကို ေပ်ာ္႐ႊင္ခံစားဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.