Premier League

တစ်ရာသီတာအကောင်းဆုံးအသင်းအပါအဝင် အကောင်းဆုံးဆုတွေ ရွေးချယ်ခဲ့တဲ့ နဗီးနဲ့ ကာရေဂါ

ဂယ်ရီ နဗီးနဲ့ ဂျေမီ ကာရေဂါတို့ဟာ ယခုရာသီ Monday Night Football အစီအစဉ်မှာ နောက်ဆုံး ပါဝင်တင်ဆက်မှုအဖြစ်နဲ့ တစ်ရာသီတာအကောင်းဆုံးဆုတွေကို ရွေးချယ်ပေးခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ဟာ ယခုအပတ်မှာ ပြီးဆုံးတော့မှာဖြစ်ပြီး မန်စီးတီးက ၆ နှစ်အတွင်း ၅ ကြိမ်မြောက် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း စီးတီးကစားသမားတွေဟာ Sky Sports ဘောလုံးဝေဖန်သုံးသပ်သူတွေဆီကနေ ဆုတွေအားလုံး ရယူနိုင်ခဲ့တာတော့မဟုတ်တာဖြစ်ပါတယ်။

မန်ယူနိုက်တက်ဂန္တဝင်နဲ့ လီဗာပူးလ်ဂန္တဝင်တို့ဟာ အခန်းကဏ္ဍအမျိုးမျိုးကနေ နည်းပြတွေ၊ ကစားသမားတွေကို ရွေးချယ်ပေးခဲ့ကြသလို အကြီးမားဆုံးအံ့အားသင့်စရာနဲ့ အနှစ်သက်ဆုံးပွဲစဉ်တွေကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

တစ်ရာသီတာအကောင်းဆုံးနည်းပြ

အက်ဒီဟောင်း(ကာရေဂါ)
ဂွါဒီယိုလာ(နဗီး)

ကာရေဂါက အက်ဒီဟောင်းကို ရွေးချယ်ရတဲ့အကြောင်းအရင်းက အသင်းကို ရောက်ရှိလာပြီးသိပ်မကြာခင်မှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

တစ်ရာသီတာအကောင်းဆုံးကစားသမား

အာလင်း ဟာလန်း(ကာရေဂါ၊ နဗီး)

ဂယ်ရီ နဗီးက ကမ္ဘာပေါ်က အကောင်းဆုံးဖြစ်လာမယ့် ဒါမှမဟုတ် ဖြစ်နေပြီးသား ကစားသမားကို ပရီးမီးယားလိဂ်က ပထမဆုံးအကြိမ် ခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ကာရေဂါကလည်း ဟာလန်းဟာ လုံးဝ ကြောက်စရာကောင်းပြီး ထူးခြားတဲ့ကစားသမားဖြစ်တာကြောင့် စံချိန်တွေ ဆက်ချိုးမယ်လို့ ထောက်ခံခဲ့ပါတယ်။

တစ်ရာသီတာအကောင်းဆုံးလူငယ်ကစားသမား

ဆာကာ(ကာရေဂါ)
မာတင် အော်ဒီဂွါဒ်(နဗီး)

ကာရေဂါက အော်ဒီဂွါဒ်ကို အာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားလို့ ထင်ပေမယ့် အသက် ၂၄ နှစ်ရှိပြီဖြစ်တာကြောင့် တစ်ရာသီတာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အသက်ကြီးလွန်းတယ်လို့ ထင်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ နဗီးက အာဆင်နယ်ရဲ့ နောက်ဆုံး ခက်ခဲတဲ့အချိန်အပိုင်းအခြားတွေမှာတောင်မှ အော်ဒီဂွါဒ်က ထူးချွန်ခဲ့ပြီး ဘောလုံးအရည်အသွေးနဲ့ ကစားပုံက မန်စီးတီးလိုအသင်းမှာ သက်တောင့်သက်သာနဲ့ အံဝင်မယ့်ကစားသမားမျိုးလို့ ချီးကျူးခဲ့ပါတယ်။

တစ်ရာသီတာအကောင်းဆုံးခေါ်ယူမှု

မော်ဂန် ဂစ်ဘ်စ်-ဝှိုက်(ကာရေဂါ)
ကာစီမီရို(နဗီး)

ကာရေဂါက အစတုန်းက အကန်းဂျိလို့ ပြောပြီးမှ နော်တင်ဟမ် ဖောရက်စ်ကြယ်ပွင့် ဂစ်ဘ်စ်-ဝှိုက်ကို ကြည့်ရှုခဲ့တဲ့ အချိန်တိုင်း ပေးရတဲ့စျေးနဲ့ တန်တယ်ဆိုတာကို ပြသခဲ့နိုင်ခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်လူစာရင်းထဲ အရွေးခံရသင့်တယ်လို့ ယုံကြည်ကြောင်း ချီးကျူးခဲ့ပါတယ်။

နဗီးက နောက်ထပ်တစ်ကြိမ် ဟာလန်းကို ဘာလို့မရွေးလဲဆိုရင် မန်ယူနိုက်တက်သာ ကာစီမီရိုကို မခေါ်ခဲ့ရင် ထိပ်ဆုံး ၄ နေရာအတွင်းမပြောနဲ့ အနီးအနားတောင် ရောက်နိုင်ခဲ့မှာမဟုတ်တဲ့အထိ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ရဲ့ အကျိုးသက်ရောက်မှုက ကြီးမားခဲ့တယ်လို့ ပြောကြားခဲ့ပြီး တန်ဟက်ရဲ့အသင်းကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

အကြီးမားဆုံးအံ့အားသင့်စရာ

လီဆန်ဒရို မာတီနက်ဇ်(ကာရေဂါ)
ဘရိုက်တန် ၁-၅ အဲဗာတန်(နဗီး)

ကာရေဂါက ရာသီအစမှာ မာတီနက်ဇ်ရဲ့အရပ်အမောင်းကြောင့် ပရီးမီးယားလိဂ်လို ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့လိဂ်မှာ ကစားနိုင်စွမ်းမရှိဘူးလို့ ထင်မြင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားနောက်ခံလူက အဲဒီယူဆချက်မှားယွင်းကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

အနှစ်သက်ဆုံး ပွဲ

လီဗာပူးလ် ၇-၀ မန်ချက်စတာယူနိုက်တက်(ကာရေဂါ)
ကမ္ဘာ့ဖလားဗိုလ်လုပွဲ(နဗီး)

ကာရေဂါက လီဗာပူးလ်အတွက် ဆိုးရွားတဲ့ရာသီဖြစ်ခဲ့တာတောင်မှ နောက်ထပ် ၁၀ နှစ်၊ နှစ် ၂၀ လောက်အထိ ပြောနေရမယ့် ပွဲဖြစ်လာစေမယ့် မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရရှိအောင် ကစားနိုင်ခဲ့တဲ့ပွဲကို အနှစ်သက်ဆုံးလို့ သတ်မှတ်ခဲ့ပါတယ်။

တစ်ရာသီတာအကောင်းဆုံးအသင်း

ကာရေဂါ- အယ်လစ်ဆန်၊ ထရစ်ပီယာ၊ ရူဘင် ဒီယက်စ်၊ ဘော့တ်မန်း၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဆာလား၊ ကိန်း၊ ဟာလန်း

နဗီး- ပုပ်၊ ထရစ်ပီယာ၊ ဆာလီဘာ၊ ရူဘင် ဒီယက်စ်၊ အက်စ်တူပီညန်၊ အော်ဒီဂွါဒ်၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဆာကာ၊ ဟာလန်း၊ မာတီနယ်လီ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးနဲ႔ ေဂ်မီ ကာေရဂါတို႔ဟာ ယခုရာသီ Monday Night Football အစီအစဥ္မွာ ေနာက္ဆုံး ပါဝင္တင္ဆက္မႈအျဖစ္နဲ႔ တစ္ရာသီတာအေကာင္းဆုံးဆုေတြကို ေ႐ြးခ်ယ္ေပးခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ဟာ ယခုအပတ္မွာ ၿပီးဆုံးေတာ့မွာျဖစ္ၿပီး မန္စီးတီးက ၆ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္သြားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း စီးတီးကစားသမားေတြဟာ Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူေတြဆီကေန ဆုေတြအားလုံး ရယူႏိုင္ခဲ့တာေတာ့မဟုတ္တာျဖစ္ပါတယ္။

မန္ယူႏိုက္တက္ဂႏၲဝင္နဲ႔ လီဗာပူးလ္ဂႏၲဝင္တို႔ဟာ အခန္းက႑အမ်ိဳးမ်ိဳးကေန နည္းျပေတြ၊ ကစားသမားေတြကို ေ႐ြးခ်ယ္ေပးခဲ့ၾကသလို အႀကီးမားဆုံးအံ့အားသင့္စရာနဲ႔ အႏွစ္သက္ဆုံးပြဲစဥ္ေတြကိုလည္း ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။

တစ္ရာသီတာအေကာင္းဆုံးနည္းျပ

အက္ဒီေဟာင္း(ကာေရဂါ)
ဂြါဒီယိုလာ(နဗီး)

ကာေရဂါက အက္ဒီေဟာင္းကို ေ႐ြးခ်ယ္ရတဲ့အေၾကာင္းအရင္းက အသင္းကို ေရာက္ရွိလာၿပီးသိပ္မၾကာခင္မွာပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ လုပ္ေပးႏိုင္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။

တစ္ရာသီတာအေကာင္းဆုံးကစားသမား

အာလင္း ဟာလန္း(ကာေရဂါ၊ နဗီး)

ဂယ္ရီ နဗီးက ကမာၻေပၚက အေကာင္းဆုံးျဖစ္လာမယ့္ ဒါမွမဟုတ္ ျဖစ္ေနၿပီးသား ကစားသမားကို ပရီးမီးယားလိဂ္က ပထမဆုံးအႀကိမ္ ေခၚယူခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး ကာေရဂါကလည္း ဟာလန္းဟာ လုံးဝ ေၾကာက္စရာေကာင္းၿပီး ထူးျခားတဲ့ကစားသမားျဖစ္တာေၾကာင့္ စံခ်ိန္ေတြ ဆက္ခ်ိဳးမယ္လို႔ ေထာက္ခံခဲ့ပါတယ္။

တစ္ရာသီတာအေကာင္းဆုံးလူငယ္ကစားသမား

ဆာကာ(ကာေရဂါ)
မာတင္ ေအာ္ဒီဂြါဒ္(နဗီး)

ကာေရဂါက ေအာ္ဒီဂြါဒ္ကို အာဆင္နယ္ရဲ႕အေကာင္းဆုံးကစားသမားလို႔ ထင္ေပမယ့္ အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တာေၾကာင့္ တစ္ရာသီတာအေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္ အသက္ႀကီးလြန္းတယ္လို႔ ထင္ေၾကာင္း ရွင္းလင္းခဲ့ပါတယ္။ နဗီးက အာဆင္နယ္ရဲ႕ ေနာက္ဆုံး ခက္ခဲတဲ့အခ်ိန္အပိုင္းအျခားေတြမွာေတာင္မွ ေအာ္ဒီဂြါဒ္က ထူးခြၽန္ခဲ့ၿပီး ေဘာလုံးအရည္အေသြးနဲ႔ ကစားပုံက မန္စီးတီးလိုအသင္းမွာ သက္ေတာင့္သက္သာနဲ႔ အံဝင္မယ့္ကစားသမားမ်ိဳးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

တစ္ရာသီတာအေကာင္းဆုံးေခၚယူမႈ

ေမာ္ဂန္ ဂစ္ဘ္စ္-ဝႈိက္(ကာေရဂါ)
ကာစီမီ႐ို(နဗီး)

ကာေရဂါက အစတုန္းက အကန္းဂ်ိလို႔ ေျပာၿပီးမွ ေနာ္တင္ဟမ္ ေဖာရက္စ္ၾကယ္ပြင့္ ဂစ္ဘ္စ္-ဝႈိက္ကို ၾကည့္ရႈခဲ့တဲ့ အခ်ိန္တိုင္း ေပးရတဲ့ေစ်းနဲ႔ တန္တယ္ဆိုတာကို ျပသခဲ့ႏိုင္ခဲ့သူျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္လူစာရင္းထဲ အေ႐ြးခံရသင့္တယ္လို႔ ယုံၾကည္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

နဗီးက ေနာက္ထပ္တစ္ႀကိမ္ ဟာလန္းကို ဘာလို႔မေ႐ြးလဲဆိုရင္ မန္ယူႏိုက္တက္သာ ကာစီမီ႐ိုကို မေခၚခဲ့ရင္ ထိပ္ဆုံး ၄ ေနရာအတြင္းမေျပာနဲ႔ အနီးအနားေတာင္ ေရာက္ႏိုင္ခဲ့မွာမဟုတ္တဲ့အထိ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ အက်ိဳးသက္ေရာက္မႈက ႀကီးမားခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး တန္ဟက္ရဲ႕အသင္းကို ၂၀ ရာခိုင္ႏႈန္း၊ ၃၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစခဲ့တယ္လို႔ ရွင္းျပခဲ့ပါတယ္။

အႀကီးမားဆုံးအံ့အားသင့္စရာ

လီဆန္ဒ႐ို မာတီနက္ဇ္(ကာေရဂါ)
ဘ႐ိုက္တန္ ၁-၅ အဲဗာတန္(နဗီး)

ကာေရဂါက ရာသီအစမွာ မာတီနက္ဇ္ရဲ႕အရပ္အေမာင္းေၾကာင့္ ပရီးမီးယားလိဂ္လို ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့လိဂ္မွာ ကစားႏိုင္စြမ္းမရွိဘူးလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားေနာက္ခံလူက အဲဒီယူဆခ်က္မွားယြင္းေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

အႏွစ္သက္ဆုံး ပြဲ

လီဗာပူးလ္ ၇-၀ မန္ခ်က္စတာယူႏိုက္တက္(ကာေရဂါ)
ကမာၻ႔ဖလားဗိုလ္လုပြဲ(နဗီး)

ကာေရဂါက လီဗာပူးလ္အတြက္ ဆိုး႐ြားတဲ့ရာသီျဖစ္ခဲ့တာေတာင္မွ ေနာက္ထပ္ ၁၀ ႏွစ္၊ ႏွစ္ ၂၀ ေလာက္အထိ ေျပာေနရမယ့္ ပြဲျဖစ္လာေစမယ့္ မန္ခ်က္စတာယူႏိုက္တက္ကို ၇-၀ နဲ႔ အႏိုင္ရရွိေအာင္ ကစားႏိုင္ခဲ့တဲ့ပြဲကို အႏွစ္သက္ဆုံးလို႔ သတ္မွတ္ခဲ့ပါတယ္။

တစ္ရာသီတာအေကာင္းဆုံးအသင္း

ကာေရဂါ- အယ္လစ္ဆန္၊ ထရစ္ပီယာ၊ ႐ူဘင္ ဒီယက္စ္၊ ေဘာ့တ္မန္း၊ ဇင္ခ်န္ကို၊ ေအာ္ဒီဂြါဒ္၊ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဆာလား၊ ကိန္း၊ ဟာလန္း

နဗီး- ပုပ္၊ ထရစ္ပီယာ၊ ဆာလီဘာ၊ ႐ူဘင္ ဒီယက္စ္၊ အက္စ္တူပီညန္၊ ေအာ္ဒီဂြါဒ္၊ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဆာကာ၊ ဟာလန္း၊ မာတီနယ္လီ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.