Premier League

ဟာလန်းကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့တဲ့ မန်ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံမှုအတွင်း ဟာလန်း ပြောဆိုခဲ့တဲ့စကားကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန်စီးတီးဟာ အာဆင်နယ်က နော်တင်ဟမ် ဖောရက်စ်ကို စနေနေ့မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ အစ်တီဟတ်မှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆုဖလား ကိုင်မြှောက်ခဲ့တာဖြစ်ပါတယ်။

ဂျက်ခ် ဂရီးလစ်ရှ်ဟာ ချဲလ်ဆီးနဲ့ ပွဲစဉ်အပြီး Sky Sports နဲ့ အင်တာဗျူး ဖြေနေခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဟာလန်းက ရောက်လာပြီး မင်းကို သောက်ရမ်း ချစ်တယ်ကွာဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဟာလန်း ထွက်သွားပြီးနောက်မှာ ဒေ့ဗ် ဂျုံးစ်က အဲဒီဖြစ်စဉ်အတွက် လျင်လျင်မြန်မြန်ပဲ တောင်းပန်ခဲ့ပြီး မီကာ ရစ်ချက်ကလည်း ဝိုး ဝိုး ဝိုးဆိုပြီး ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အများစုအတွက် အဲဒီဖြစ်စဉ်က ရယ်မောလိုက်စရာဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ၂၀၁၁ ခုနှစ်တုန်းက ဝိန်း ရူနီလည်း အလားတူဖြစ်စဉ်တုန်းက အပြစ်ပေးခံခဲ့ရတာကို ထောက်ပြပြီး ဟာလန်းကို အပြစ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အတွက် ဟက်ထရစ်ပြည့်မြောက်စေမယ့် နောက်ကျပင်နယ်တီသွင်းဂိုးကို သွင်းယူပြီး ၃-၂ ဖြစ်သွားခဲ့ပြီးနောက်မှာ ဝိန်း ရူနီက အနီးနားက ကင်မရာကို ကြည့်ပြီး ထပ်ထပ်ခါခါ ကျိန်တွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝိန်း ရူနီဟာ အဲဒီဖြစ်စဉ်အတွက် အက်ဖ်အေရဲ့ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရတာကြောင့် မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပြီး အဲဒီပွဲစဉ်မှာ မန်ယူနိုက်တက်က ရှုံးနိမ့်ခဲ့တဲ့အတွက် မန်စီးတီးက ရှိတ်ခ် မန်ဆော်လက်ထက်မှာ ပထမဆုံး ဆုဖလားကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အဲဒီကိစ္စကို ဒီနေ့အထိ မမေ့နိုင်သေးဘဲ ဟာလန်းရဲ့ ဖြစ်စဉ်မှာလည်း တူညီတဲ့ ပြစ်ဒဏ်ချမှတ်မှု လုပ်ဆောင်သင့်တယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း မန်ယူနိုက်တက်ကစားသမားတွေကိုပဲ အရေးယူမှုတွေ ပြုလုပ်တာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္ဖလား ေအာင္ပြဲခံမႈအတြင္း ဟာလန္း ေျပာဆိုခဲ့တဲ့စကားေၾကာင့္ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

မန္စီးတီးဟာ အာဆင္နယ္က ေနာ္တင္ဟမ္ ေဖာရက္စ္ကို စေနေန႔မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔ အစ္တီဟတ္မွာ ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဆုဖလား ကိုင္ေျမႇာက္ခဲ့တာျဖစ္ပါတယ္။

ဂ်က္ခ္ ဂရီးလစ္ရွ္ဟာ ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္အၿပီး Sky Sports နဲ႔ အင္တာဗ်ဴး ေျဖေနခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ဟာလန္းက ေရာက္လာၿပီး မင္းကို ေသာက္ရမ္း ခ်စ္တယ္ကြာဆိုၿပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး ဟာလန္း ထြက္သြားၿပီးေနာက္မွာ ေဒ့ဗ္ ဂ်ဳံးစ္က အဲဒီျဖစ္စဥ္အတြက္ လ်င္လ်င္ျမန္ျမန္ပဲ ေတာင္းပန္ခဲ့ၿပီး မီကာ ရစ္ခ်က္ကလည္း ဝိုး ဝိုး ဝိုးဆိုၿပီး ျဖစ္သြားခဲ့တာျဖစ္ပါတယ္။

အမ်ားစုအတြက္ အဲဒီျဖစ္စဥ္က ရယ္ေမာလိုက္စရာျဖစ္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ ၂၀၁၁ ခုႏွစ္တုန္းက ဝိန္း ႐ူနီလည္း အလားတူျဖစ္စဥ္တုန္းက အျပစ္ေပးခံခဲ့ရတာကို ေထာက္ျပၿပီး ဟာလန္းကို အျပစ္ေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ ေနာက္က်ပင္နယ္တီသြင္းဂိုးကို သြင္းယူၿပီး ၃-၂ ျဖစ္သြားခဲ့ၿပီးေနာက္မွာ ဝိန္း ႐ူနီက အနီးနားက ကင္မရာကို ၾကည့္ၿပီး ထပ္ထပ္ခါခါ က်ိန္တြယ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဝိန္း ႐ူနီဟာ အဲဒီျဖစ္စဥ္အတြက္ အက္ဖ္ေအရဲ႕ ၃ ပြဲပယ္ ျပစ္ဒဏ္က်ခံခဲ့ရတာေၾကာင့္ မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ရတာ ျဖစ္ၿပီး အဲဒီပြဲစဥ္မွာ မန္ယူႏိုက္တက္က ရႈံးနိမ့္ခဲ့တဲ့အတြက္ မန္စီးတီးက ရွိတ္ခ္ မန္ေဆာ္လက္ထက္မွာ ပထမဆုံး ဆုဖလားကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ အဲဒီကိစၥကို ဒီေန႔အထိ မေမ့ႏိုင္ေသးဘဲ ဟာလန္းရဲ႕ ျဖစ္စဥ္မွာလည္း တူညီတဲ့ ျပစ္ဒဏ္ခ်မွတ္မႈ လုပ္ေဆာင္သင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မန္ယူႏိုက္တက္ကစားသမားေတြကိုပဲ အေရးယူမႈေတြ ျပဳလုပ္တာလားလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.