La Liga

ဗင်နီးရှပ်စ်ရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရပ်တည်ချက်ကို ထုတ်ပြောလိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးရှပ်စ် ဂျူနီယာကို ကာကွယ်ပြောဆိုခဲ့ပြီး ဘောလုံးဟာ စော်ကားမှုတွေကို လက်ခံတဲ့ တစ်ခုတည်းသော အလုပ်အကိုင်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဗလင်စီယာတို့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်းမှာ ဗင်နီးရှပ်စ် ဂျူနီယာဟာ ပြိုင်ဘက်အသင်း ပရိသတ်တွေဆီကနေ လူမျိုးရေး ခွဲခြားတဲ့ ကြွေးကြော်သံတွေနဲ့ အပြုအမူတွေကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေ မရပ်တန့်ဘူးဆိုရင် ပွဲကို ဆိုင်းငံ့ရလိမ့်မယ်လို့ သတိပေးခြင်းခံခဲ့ရပြီး ပွဲကိုလည်း မိနစ်ပေါင်းများစွာ ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ ဗလင်စီယာတိုက်စစ်မှူး ဟူဂို ဒါရာနဲ့ ပြဿနာတက်ပြီးနောက် နာကျင်အချိန်ပိုမှာ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး ကွင်းထဲကနေ ထွက်ခွာသွားချိန်မှာ တော်တော်လေး စက်ဆုပ်နေပုံပေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်အပြီးကတည်းက ဗင်နီးရှပ်စ် ဂျူနီယာကို ဘောလုံးလောကက နာမည်ကျော်ကစားသမားတွေ၊ ဂန္တဝင်ကစားသမားတွေက ထောက်ခံအားပေးခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အခါးသီးဆုံးပြိုင်ဘက်အသင်းနည်းပြ ဇာဗီက နောက်ဆုံး အားပေးထောက်ခံကြောင်း ပြသခဲ့တဲ့သူဖြစ်လာခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ပွဲတွေကို ရပ်တန့်သင့်ပါတယ်။ ဘောလုံးက စော်ကားမှုတွေကို လက်ခံတဲ့ တစ်ခုတည်းသော အလုပ်အကိုင်ပါပဲ။ ကျွန်တော် အလုပ်မှာ စော်ကားခံရတဲ့ မုန့်ဖုတ်သမား ဒါမှမဟုတ် ဆရာ၊ ဆရာမတွေကို မမြင်ဖူးပါဘူး။ ဒါတွေအားလုံးက ရပ်တန့်ရမှာပါ”

“ဆောက်လုပ်ရေးလုပ်သားကို ခင်ဗျား သွားပြီး စော်ကားကြည့်ပါလား။ ခင်ဗျား ခေါင်းနဲ့ အုတ်ခဲမိတ်ဆက်သွားမယ်ဆိုတာ ကျွန်တော် အာမခံတယ်။ ခင်ဗျား ဘာရှပ်ဝတ်ဆင်ထားတယ်ဆိုတာက အရေးမကြီးပါဘူး။ ဗင်နီးရှပ်စ်က ဘောလုံးသမား မဖြစ်ခင်ကတည်းက လူပုဂ္ဂိုလ်တစ်ယောက်ပါ။ ကျွန်တော်တို့ ဘောလုံးပရော်ဖက်ရှင်နယ်ကို ကာကွယ်ရမယ်။ လူတစ်ယောက်အနေနဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီ စော်ကားမှုတွေကို ကျွန်တော် နားမလည်နိုင်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာနည္းျပ ဇာဗီက ရီးရဲလ္မက္ဒရစ္ ေတာင္ပံကစားသမား ဗင္နီးရွပ္စ္ ဂ်ဴနီယာကို ကာကြယ္ေျပာဆိုခဲ့ၿပီး ေဘာလုံးဟာ ေစာ္ကားမႈေတြကို လက္ခံတဲ့ တစ္ခုတည္းေသာ အလုပ္အကိုင္ျဖစ္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဗလင္စီယာတို႔ တနဂၤေႏြေန႔က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္အတြင္းမွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြဆီကေန လူမ်ိဳးေရး ခြဲျခားတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ အျပဳအမူေတြကို ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ လူမ်ိဳးေရးခြဲျခားတဲ့ ေႂကြးေၾကာ္သံေတြ မရပ္တန႔္ဘူးဆိုရင္ ပြဲကို ဆိုင္းငံ့ရလိမ့္မယ္လို႔ သတိေပးျခင္းခံခဲ့ရၿပီး ပြဲကိုလည္း မိနစ္ေပါင္းမ်ားစြာ ရပ္တန႔္ခဲ့ရတာျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ဗလင္စီယာတိုက္စစ္မႉး ဟူဂို ဒါရာနဲ႔ ျပႆနာတက္ၿပီးေနာက္ နာက်င္အခ်ိန္ပိုမွာ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရၿပီး ကြင္းထဲကေန ထြက္ခြာသြားခ်ိန္မွာ ေတာ္ေတာ္ေလး စက္ဆုပ္ေနပုံေပၚခဲ့တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္အၿပီးကတည္းက ဗင္နီးရွပ္စ္ ဂ်ဴနီယာကို ေဘာလုံးေလာကက နာမည္ေက်ာ္ကစားသမားေတြ၊ ဂႏၲဝင္ကစားသမားေတြက ေထာက္ခံအားေပးခဲ့ၾကၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ အခါးသီးဆုံးၿပိဳင္ဘက္အသင္းနည္းျပ ဇာဗီက ေနာက္ဆုံး အားေပးေထာက္ခံေၾကာင္း ျပသခဲ့တဲ့သူျဖစ္လာခဲ့တာျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ ပြဲေတြကို ရပ္တန႔္သင့္ပါတယ္။ ေဘာလုံးက ေစာ္ကားမႈေတြကို လက္ခံတဲ့ တစ္ခုတည္းေသာ အလုပ္အကိုင္ပါပဲ။ ကြၽန္ေတာ္ အလုပ္မွာ ေစာ္ကားခံရတဲ့ မုန႔္ဖုတ္သမား ဒါမွမဟုတ္ ဆရာ၊ ဆရာမေတြကို မျမင္ဖူးပါဘူး။ ဒါေတြအားလုံးက ရပ္တန႔္ရမွာပါ”

“ေဆာက္လုပ္ေရးလုပ္သားကို ခင္ဗ်ား သြားၿပီး ေစာ္ကားၾကည့္ပါလား။ ခင္ဗ်ား ေခါင္းနဲ႔ အုတ္ခဲမိတ္ဆက္သြားမယ္ဆိုတာ ကြၽန္ေတာ္ အာမခံတယ္။ ခင္ဗ်ား ဘာရွပ္ဝတ္ဆင္ထားတယ္ဆိုတာက အေရးမႀကီးပါဘူး။ ဗင္နီးရွပ္စ္က ေဘာလုံးသမား မျဖစ္ခင္ကတည္းက လူပုဂၢိဳလ္တစ္ေယာက္ပါ။ ကြၽန္ေတာ္တို႔ ေဘာလုံးပေရာ္ဖက္ရွင္နယ္ကို ကာကြယ္ရမယ္။ လူတစ္ေယာက္အေနနဲ႔ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ဒီ ေစာ္ကားမႈေတြကို ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.