La Liga

အနီကတ်နဲ့ထုတ်ခံရတဲ့ ဗင်နီးရှပ်စ်အတွက် လာလီဂါကို ပြစ်တင်လိုက်တဲ့ ဖာဒီနန်

ဗင်နီးရှပ်စ် ဂျူနီယာဟာ တနင်္ဂနွေနေ့ညနေက ဗလင်စီယာအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေကို ခံခဲ့ရပြီးနောက် ထုတ်ပယ်ခံခဲ့ရပြီး ဖာဒီနန်က လာလီဂါအာဏာပိုင်တွေက ဘရာဇီးလ်တိုက်စစ်မှူးကို ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့မှုအတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ကာလို အန်ချယ်လော့တီရဲ့အသင်းဟာ ပထမပိုင်းမပြီးဆုံးခင် ၁၀ မိနစ်အလိုမှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ဒီယေဂို လိုပက်ဇ်က ဗလင်စီယာအသင်းရဲ့ ကောင်းမွန်တဲ့ အသင်းလိုက်ကစားပုံကနေတဆင့် တစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မက်ဒရစ်ဟာ ပြီးတဲ့နောက်မှာ ချေပဂိုး သွင်းယူနိုင်ဖို့အတွက် ဖိအားပေးလာခဲ့ပေမယ့်လည်း ဗင်နီးရှပ်စ် ဂျူနီယာဟာ ဂိုးပေါက်နောက်က ပွဲကြည့်ပရိသတ်တွေဆီကနေ လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီးနောက် ပွဲကို မိနစ်တော်တော်ကြာကြာ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုရာသီမှာ လူမျိုးရေး ခွဲခြားမှုတွေကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဗလင်စီယာတို့ပွဲစဉ်ကို ရပ်တန့်ခဲ့ပြီး ကွင်းလယ်ဒိုင်ဟာ စတုတ္ထဒိုင်၊ ကွင်းဘေးစည်းက နည်းပြတွေနဲ့ စကားပြောဆိုခဲ့ပြီးနောက် ပွဲကို ပြန်လည်စတင်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဗင်နီးရှပ်စ်က ဟူဂို ဒူရိုနဲ့ အချင်းများပြီးနောက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရချိန်မှာ အရာအားလုံးက ဆိုးရွားတဲ့ဘက်ကို ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်အုပ်ထဲက အချို့ဟာ ကစားသမားတွေကို ဆက်လက်ပြီး တိုက်ရိုက် နှောင့်ယှက်စော်ကားနေမယ်ဆိုရင် ပွဲကို ဆိုင်းငံ့မှာဖြစ်တယ်လို့ သတိပေးခြင်းခံခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ ဗင်နီးရှပ်စ်က အင်စတာဂရမ်မှာ ပွဲစဉ်အတွင်း ဖြစ်ပျက်ခဲ့တာကို စိတ်ပျက်ဒေါသထွက်တဲ့အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။

“ဒါက ပထမအကြိမ်မဟုတ်တော့ဘူး။ ဒုတိယအကြိမ်လည်း မဟုတ်ဘူး။ တတိယအကြိမ်လည်းမဟုတ်ဘူး။ လူမျိုးရေးခွဲခြားမှုတွေက လာလီဂါမှာ သာမန်ပဲ။ ပြိုင်ပွဲက အဲဒါက သာမန်ပဲလို့ ထင်နေတယ်။ အဲဒီတော့ အဖွဲ့ချုပ်နဲ့ ပြိုင်ဘက်တွေက အဲဒါကို အားပေးအားမြှောက်လုပ်နေတယ်။ ကျွန်တော်အရမ်း စိတ်မကောင်းဖြစ်မိတယ်။ ချန်ပီယံရှစ်က တစ်ခါတုန်းက ရော်နယ်လ်ဒင်ညို၊ ရိုနယ်လ်ဒို၊ ခရစ္စတီယာနို၊ မက်ဆီတို့နဲ့ သက်ဆိုင်ခဲ့ပြီး ဒီနေ့မှာတော့ လူမျိုးရေးခွဲခြားမှုတွေနဲ့ပဲ သက်ဆိုင်တော့တယ်။ ကျွန်တော် ချစ်မြတ်နိုးပြီး ကျွန်တော့်ကို ကြိုဆိုခဲ့တဲ့ လှပတဲ့နိုင်ငံပါ။ ဒါပေမယ့် လူမျိုးရေးခွဲခြားတဲ့နိုင်ငံအဖြစ်နဲ့ ကမ္ဘာကြီးက ပုံဖော်တာကို လက်ခံထားတယ်။ ဒါကို သဘောမတူကြတဲ့ စပိန်လူမျိုးတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီနေ့ ဘရာဇီးလ်မှာ စပိန်က လူမျိုးရေးခွဲခြားတဲ့နိုင်ငံအဖြစ် လူသိများပါတယ်။ ကံဆိုးစွာနဲ့ အဲဒီအရာအားလုံးက အပတ်တိုင်း ပုံမှန်ဖြစ်နေတယ်။ ကျွန်တော့်မှာ ခုခံကာကွယ်ဖို့ နည်းလမ်းမရှိဘူး။ ကျွန်တော် သဘောတူပါတယ်။ ဒါပေမယ့် ကျွန်တော်က သန်မာပြီး လူမျိုးရေးခွဲခြားမှုတွေနဲ့ ဆန့်ကျင်ပြီး အဆုံးထိ သွားမှာပါ။ အခုကနေ ဝေးတဲ့နေရာအထိ သွားရမယ်ဆိုရင်တောင်မှပေါ့”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ရီယို ဖာဒီနန်ကလည်း ဘရာဇီးလ်လူငယ်တောင်ပံကစားသမားကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ စပိန်လာလီဂါ အာဏာပိုင်တွေကို အင်စတာဂရမ်ကနေ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အမ်ဘာပေ၊ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ ဘယ်လင်ဟမ်တို့ အပါအဝင် ဘောလုံးသမိုင်းထဲမှာ အကြီးကျယ်ဆုံးကစားသမားအများအပြားကို tagged တွဲပြီး အားလုံးအတူတူ ရပ်တည်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ဘရို ခင်ဗျား အကာအကွယ်လိုအပ်တယ်။ စပိန်မှာ ဗင်နီးရှပ်စ်ကို ဘယ်သူအကာအကွယ်ပေးမှာလဲ။ သူ ပွဲစဉ်အတွင်း လူမျိုးရေး ခွဲခြားမှုခံခဲ့ရပြီး လည်ပင်းညှစ်ခံရပြီးနောက် အနီကတ်နဲ့ ထုတ်ခံရတယ်။ ဝှက်သယ်ဖတ်ပဲ။ ကျွန်တော်တို့ ဒီလူငယ်လေးကို ဒီသောက်တလွဲတွေ လုပ်တာခံနေရတာ ဘယ်နှကြိမ်လောက် မြင်ဖို့လိုအပ်တာလဲ။ ကျွန်တော် နာကျင်မှုတွေ၊ စက်ဆုပ်ရွံရှာမှုတွေ၊ အကူအညီလိုအပ်နေတာတွေကို မြင်နေရတယ်။ အာဏာပိုင်တွေက သူ့ကို ကူညီဖို့ ဒီဟာတွေကို မလုပ်ကြဘူး။ လူတွေက အတူတူ ရပ်တည်ကြပြီး ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကို ကျင်းပနေတဲ့ အာဏာပိုင်တွေဆီကနေ ပိုပြီး တောင်းဆိုဖို့ လိုတယ်။ ဘယ်သူကမှ ဒီဟာနဲ့ မထိုက်တန်ပါဘူး။ ခင်ဗျားက အဲဒါကို ခွင့်ပြုနေသေးတာလား။ ဒါကို တစ်စုတစည်းတည်း ချဉ်းကပ်ကြဖို့ လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ရင် ပြောတုန်းခဏငြိမ်ပြီး ထပ်ဖြစ်ဦးမှာပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ တနဂၤေႏြေန႔ညေနက ဗလင္စီယာအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားတဲ့ မွတ္ခ်က္ေတြကို ခံခဲ့ရၿပီးေနာက္ ထုတ္ပယ္ခံခဲ့ရၿပီး ဖာဒီနန္က လာလီဂါအာဏာပိုင္ေတြက ဘရာဇီးလ္တိုက္စစ္မႉးကို ကာကြယ္ေပးႏိုင္ျခင္းမရွိခဲ့မႈအတြက္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ကာလို အန္ခ်ယ္ေလာ့တီရဲ႕အသင္းဟာ ပထမပိုင္းမၿပီးဆုံးခင္ ၁၀ မိနစ္အလိုမွာ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ဒီေယဂို လိုပက္ဇ္က ဗလင္စီယာအသင္းရဲ႕ ေကာင္းမြန္တဲ့ အသင္းလိုက္ကစားပုံကေနတဆင့္ တစ္ခ်က္ထိ ပိတ္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

မက္ဒရစ္ဟာ ၿပီးတဲ့ေနာက္မွာ ေခ်ပဂိုး သြင္းယူႏိုင္ဖို႔အတြက္ ဖိအားေပးလာခဲ့ေပမယ့္လည္း ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ဂိုးေပါက္ေနာက္က ပြဲၾကည့္ပရိသတ္ေတြဆီကေန လူမ်ိဳးေရးခြဲျခားမႈေတြ ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ ပြဲကို မိနစ္ေတာ္ေတာ္ၾကာၾကာ ရပ္တန႔္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၂၀၁၈ ခုႏွစ္မွာ ဘရာဇီးလ္ကလပ္ ဖလာမင္ဂိုကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ယခုရာသီမွာ လူမ်ိဳးေရး ခြဲျခားမႈေတြကို အႀကိမ္ေပါင္းမ်ားစြာ ခံခဲ့ရတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဗလင္စီယာတို႔ပြဲစဥ္ကို ရပ္တန႔္ခဲ့ၿပီး ကြင္းလယ္ဒိုင္ဟာ စတုတၳဒိုင္၊ ကြင္းေဘးစည္းက နည္းျပေတြနဲ႔ စကားေျပာဆိုခဲ့ၿပီးေနာက္ ပြဲကို ျပန္လည္စတင္ခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ ဗင္နီးရွပ္စ္က ဟူဂို ဒူ႐ိုနဲ႔ အခ်င္းမ်ားၿပီးေနာက္ အနီကတ္ျပထုတ္ပယ္ခံခဲ့ရခ်ိန္မွာ အရာအားလုံးက ဆိုး႐ြားတဲ့ဘက္ကို ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္အုပ္ထဲက အခ်ိဳ႕ဟာ ကစားသမားေတြကို ဆက္လက္ၿပီး တိုက္႐ိုက္ ေႏွာင့္ယွက္ေစာ္ကားေနမယ္ဆိုရင္ ပြဲကို ဆိုင္းငံ့မွာျဖစ္တယ္လို႔ သတိေပးျခင္းခံခဲ့ရတာျဖစ္ၿပီး ပြဲအၿပီးမွာ ဗင္နီးရွပ္စ္က အင္စတာဂရမ္မွာ ပြဲစဥ္အတြင္း ျဖစ္ပ်က္ခဲ့တာကို စိတ္ပ်က္ေဒါသထြက္တဲ့အေၾကာင္း ေရးသားခဲ့တာျဖစ္ပါတယ္။

“ဒါက ပထမအႀကိမ္မဟုတ္ေတာ့ဘူး။ ဒုတိယအႀကိမ္လည္း မဟုတ္ဘူး။ တတိယအႀကိမ္လည္းမဟုတ္ဘူး။ လူမ်ိဳးေရးခြဲျခားမႈေတြက လာလီဂါမွာ သာမန္ပဲ။ ၿပိဳင္ပြဲက အဲဒါက သာမန္ပဲလို႔ ထင္ေနတယ္။ အဲဒီေတာ့ အဖြဲ႕ခ်ဳပ္နဲ႔ ၿပိဳင္ဘက္ေတြက အဲဒါကို အားေပးအားေျမႇာက္လုပ္ေနတယ္။ ကြၽန္ေတာ္အရမ္း စိတ္မေကာင္းျဖစ္မိတယ္။ ခ်န္ပီယံရွစ္က တစ္ခါတုန္းက ေရာ္နယ္လ္ဒင္ညိဳ၊ ႐ိုနယ္လ္ဒို၊ ခရစၥတီယာႏို၊ မက္ဆီတို႔နဲ႔ သက္ဆိုင္ခဲ့ၿပီး ဒီေန႔မွာေတာ့ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ပဲ သက္ဆိုင္ေတာ့တယ္။ ကြၽန္ေတာ္ ခ်စ္ျမတ္ႏိုးၿပီး ကြၽန္ေတာ့္ကို ႀကိဳဆိုခဲ့တဲ့ လွပတဲ့ႏိုင္ငံပါ။ ဒါေပမယ့္ လူမ်ိဳးေရးခြဲျခားတဲ့ႏိုင္ငံအျဖစ္နဲ႔ ကမာၻႀကီးက ပုံေဖာ္တာကို လက္ခံထားတယ္။ ဒါကို သေဘာမတူၾကတဲ့ စပိန္လူမ်ိဳးေတြအတြက္ေတာ့ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ ဒီေန႔ ဘရာဇီးလ္မွာ စပိန္က လူမ်ိဳးေရးခြဲျခားတဲ့ႏိုင္ငံအျဖစ္ လူသိမ်ားပါတယ္။ ကံဆိုးစြာနဲ႔ အဲဒီအရာအားလုံးက အပတ္တိုင္း ပုံမွန္ျဖစ္ေနတယ္။ ကြၽန္ေတာ့္မွာ ခုခံကာကြယ္ဖို႔ နည္းလမ္းမရွိဘူး။ ကြၽန္ေတာ္ သေဘာတူပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က သန္မာၿပီး လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ဆန႔္က်င္ၿပီး အဆုံးထိ သြားမွာပါ။ အခုကေန ေဝးတဲ့ေနရာအထိ သြားရမယ္ဆိုရင္ေတာင္မွေပါ့”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ရီယို ဖာဒီနန္ကလည္း ဘရာဇီးလ္လူငယ္ေတာင္ပံကစားသမားကို ကာကြယ္ေပးဖို႔ ပ်က္ကြက္ခဲ့တဲ့ စပိန္လာလီဂါ အာဏာပိုင္ေတြကို အင္စတာဂရမ္ကေန ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ အမ္ဘာေပ၊ ေပါ့ဂ္ဘာ၊ ရက္ရွ္ဖို႔ဒ္၊ ဘယ္လင္ဟမ္တို႔ အပါအဝင္ ေဘာလုံးသမိုင္းထဲမွာ အႀကီးက်ယ္ဆုံးကစားသမားအမ်ားအျပားကို tagged တြဲၿပီး အားလုံးအတူတူ ရပ္တည္ၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ဘ႐ို ခင္ဗ်ား အကာအကြယ္လိုအပ္တယ္။ စပိန္မွာ ဗင္နီးရွပ္စ္ကို ဘယ္သူအကာအကြယ္ေပးမွာလဲ။ သူ ပြဲစဥ္အတြင္း လူမ်ိဳးေရး ခြဲျခားမႈခံခဲ့ရၿပီး လည္ပင္းညႇစ္ခံရၿပီးေနာက္ အနီကတ္နဲ႔ ထုတ္ခံရတယ္။ ဝွက္သယ္ဖတ္ပဲ။ ကြၽန္ေတာ္တို႔ ဒီလူငယ္ေလးကို ဒီေသာက္တလြဲေတြ လုပ္တာခံေနရတာ ဘယ္ႏွႀကိမ္ေလာက္ ျမင္ဖို႔လိုအပ္တာလဲ။ ကြၽန္ေတာ္ နာက်င္မႈေတြ၊ စက္ဆုပ္႐ြံရွာမႈေတြ၊ အကူအညီလိုအပ္ေနတာေတြကို ျမင္ေနရတယ္။ အာဏာပိုင္ေတြက သူ႔ကို ကူညီဖို႔ ဒီဟာေတြကို မလုပ္ၾကဘူး။ လူေတြက အတူတူ ရပ္တည္ၾကၿပီး ကြၽန္ေတာ္တို႔ရဲ႕ ၿပိဳင္ပြဲကို က်င္းပေနတဲ့ အာဏာပိုင္ေတြဆီကေန ပိုၿပီး ေတာင္းဆိုဖို႔ လိုတယ္။ ဘယ္သူကမွ ဒီဟာနဲ႔ မထိုက္တန္ပါဘူး။ ခင္ဗ်ားက အဲဒါကို ခြင့္ျပဳေနေသးတာလား။ ဒါကို တစ္စုတစည္းတည္း ခ်ဥ္းကပ္ၾကဖို႔ လိုအပ္တယ္။ အဲဒီလိုမွမဟုတ္ရင္ ေျပာတုန္းခဏၿငိမ္ၿပီး ထပ္ျဖစ္ဦးမွာပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.