Premier League

မန်စီးတီးကို စွဲချက်တင်ထားတဲ့အမှု မြန်မြန်ရှင်းဖို့ တောင်းဆိုလိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

ဂျေမီ ကာရေဂါက မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်က စွဲချက်တင်ထားတဲ့အမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ လျင်လျင်မြန်မြန် လုပ်ဆောင်သွားရမှာဖြစ်ပြီး အချိန် ၂ နှစ်ကနေ ၄ နှစ်အထိ ဆွဲခွင့်မပြုသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကာရေဂါက မန်ချက်စတာစီးတီးဟာ အပြစ်ကင်းတယ်ဆိုရင် ဘာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ စွပ်စွဲခံထားရမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် နေ့ရွှေ့ညရွှေ့လုပ်နေရတာကို ပျော်ရွှင်နေပုံ ပေါ်ရတာလဲလို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့ညက ချဲလ်ဆီးအသင်းကို အစ်တီဟတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်လာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ အင်္ဂလန်ထိပ်တန်းလိဂ်မှာ အထူးချွန်ဆုံးအသင်းဆိုတာ နောက်ထပ်တစ်ကြိမ် သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖေဖော်ဝါရီလမှာ မန်ချက်စတာစီးတီးဟာ ၁၄ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၁၅ ကြိမ်ကျူးလွန်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခြင်း ခံခဲ့ရတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက စွဲချက်တွေကို ခုခံကာကွယ်ဖို့အတွက် လုပ်လို့ရသမျှ အကုန်လုပ်သွားမယ်လို့ ပြောကြားခဲ့သလို စွဲချက်တွေကို ငြင်းဆိုဖို့ ငြင်းဆိုလို့မရတဲ့ အထောက်အထားတွေလည်း ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက မန်ချက်စတာစီးတီးကို စွဲချက်တင်ထားတဲ့ အခြေအနေကို အနှေးနဲ့အမြန် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မန်စီးတီးက သူတို့ကိုယ်ကို ကာကွယ်သွားမယ်။ သူတို့က စွဲချက်တွေအားလုံးမှာ အပြစ်ကင်းစင်တယ်လို့ ပြောတယ်။ ခင်ဗျားက စွဲချက်အားလုံးမှာ အပြစ်ကင်းတယ်ဆိုရင် လူတွေက ဘာကြောင့် ပြဿနာကို ရင်ဆိုင်ဖို့ ရှောင်လွှဲနေတယ်လို့ ဆက်ပြီး ပြောနေကြသေးတာလဲ။ ဒါက ၂ နှစ်ကနေ ၄ နှစ်လောက်အထိ သွားလိမ့်မယ်လို့ ဘာကြောင့် ပြောနေကြတာလဲ။ စီးတီးက အဲဒါကို မလိုချင်ဘူး။ ပရီးမီးယားလိဂ်လည်း အဲဒါကို မလိုချင်ဘူး။ အဲဒါက မကောင်းဘူး။ တသက်တာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးက ဒီကိစ္စ မဖြေရှင်းမပြီးမချင်း သံသယဝင်စရာဖြစ်နေမှာပဲ”

“ကျွန်တော့်ရဲ့ စီးတီးကို ပေးချင်တဲ့ မက်ဆေ့က ဒီကိစ္စကို သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် အနှေးနဲ့အမြန်ဆိုသလို ဖြေရှင်းဖို့လိုတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ သံသယဖြစ်စရာမရှိဘူး။ စီးတီးသာ ဒီကိစ္စမှာ အပြစ်ရှိရင် ကျွန်တော်တို့ ပြောနေတာတွေအားလုံး ပျက်ဆီးသွားမှာပါ။ ဂွါဒီယိုလာနဲ့ ပြောစကားအရဆိုရင် လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်အတွင်းမှာ တခြားအသင်းတွေက ငွေကြေးပိုသုံးစွဲခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ်။ သူတို့ရနိုင်တဲ့ အတန်းအစားထဲက အကောင်းဆုံးနည်းပြဖြစ်တဲ့ ဂွါဒီယိုလာကိုဆွဲဆောင်နိုင်ဖို့အတွက် ဘာစီလိုနာ မော်ဒယ်က သူ့အတွက် တည်ဆောက်ပေးခဲ့တာပါ။ သူက ဟာလန်းကို ဝယ်ယူတာထက်ပိုပြီး အရေးပါခ့တယ်။ သူတို့တွေ သူ့ကို ဒီလို စွဲချက်တွေ ရှိနေခဲ့တဲ့အချိန်မှာ ခေါ်ယူခဲ့တာပါ။ ဒါက အနှေးနဲ့အမြန် အဖြေပေးဖို့လိုတယ်။ ကျွန်တော်တို့ ၂ နှစ်၊ ၄ နှစ်လောက်ထိ နေလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒါက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ကျန်တဲ့အသင်းတွေအားလုံးအတွက် အရှုပ်ထုပ်ဖြစ်နေလို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက မန်စီးတီးသာ စွဲချက်တွေထဲက အချို့အတွက် အပြစ်ရှိခဲ့တယ်ဆိုရင် ၎င်းတို့ရဲ့ အောင်မြင်မှုတွေကလည်း ပျက်စီးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ကတော့ FFP နဲ့ တကယ်ကို ပြဿနာရှိပါတယ်။ အဲဒါကို တည်ဆောက်ထားပြီးသားဖြစ်တဲ့ ထိပ်သီးတွေက မန်စီးတီးနဲ့ ချဲလ်ဆီးတို့လို အသင်းတွေက သူတို့နဲ့ မယှဉ်နိုင်အောင် မောင်းနှင်နေတာဖြစ်ပြီး အဲဒီတော့ သူတို့ကို ခေါင်းလေးပုတ်ပြီး မင်းတို့ ဒီမှာပဲ နေလိုက်ကြဆိုပြီး လုပ်နိုင်တာပေါ့။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဂျက်ခ် ဝေါ်ကာက လိဂ်ကို ဝယ်ခဲ့တာနဲ့ပတ်သက်ပြီး ဘယ်သူမှ စောဒကမတက်ကြဘူး။ FFP ဆိုတဲ့ အဲဒီတုန်းက ရှိမှမရှိခဲ့တာ။ ဂျက်ခ် ဝေါ်ကာအသစ်က သူတို့ရဲ့ အသင်းတွေကို မောင်းနှင်နိုင်ခွင့်ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဆန်းဒါးလန်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်မယ့် အကြံအစည်ကို ကျွန်တော် နှစ်သက်ပေမယ့် FFP အောက်မှာ ခင်ဗျားရတဲ့ ဝင်ငွေလောက်ပဲ ခင်ဗျား သုံးလို့ရနိုင်တယ်။ အဲဒီတော့ ခင်ဗျားဘဝက အောက်မှာပဲ အမြဲနေရမှာပါ”

“ကျွန်တော် စည်းမျဉ်းတွေကို မကြိုက်ဘူး။ ကျွန်တော် ဒီတစ်ကြိမ်မှာတော့ စီးတီးကို စာနာမိတယ်။ ဒါပေမယ့် စည်းမျဉ်းတွေ သတ်မှတ်ထားတယ်ဆိုရင် ခင်ဗျား လိုက်နာရပါလိမ့်မယ်။ တကယ်လို့ စွဲချက် ၁၁၅ ခုထဲက ပိုပြီး ပြင်းထန်တဲ့ စွဲချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ရင် စီးတီးအသင်းပိုင်ရှင်တွေနဲ့ သူတို့ရဲ့ အလုပ်အမှုဆောင်တွေအတွက် ထိခိုက်ပျက်စီးမှုက ရေရှည်ဖြစ်သွားနိုင်ပြီး အဲဒါက အသင်းကို ပျက်စီးစေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ တကယ်လို့ ပရီးမီးယားလိဂ်က ဒီစွဲချက်တွေကို မဖြေရှင်းနိုင်ရင် အချိန်ကြာလေ ထိခိုက်မှုတွေက ကြာရှည်လေဖြစ်ပါလိမ့်မယ်။ လာမယ့်နှစ်တွေမှာ ဖိအားကြီးမားတဲ့ အခိုက်အတန့်တွေရှိလာနိုင်ပြီး အဲဒီကိစ္စကို မဖြေရှင်းမချင်း ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒါက အားကစားကိစ္စပါ။ ရာဇဝတ်မှုမဟုတ်ပါဘူး။ ဒါကို ရှေ့ဆက်ပြီး တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းနိုင်အောင် ကြိုးစားကြရအောင်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်မီ ကာေရဂါက မန္ခ်က္စတာစီးတီးကို ပရီးမီးယားလိဂ္က စြဲခ်က္တင္ထားတဲ့အမႈေတြကို စုံစမ္းစစ္ေဆးမႈေတြ လ်င္လ်င္ျမန္ျမန္ လုပ္ေဆာင္သြားရမွာျဖစ္ၿပီး အခ်ိန္ ၂ ႏွစ္ကေန ၄ ႏွစ္အထိ ဆြဲခြင့္မျပဳသင့္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ကာေရဂါက မန္ခ်က္စတာစီးတီးဟာ အျပစ္ကင္းတယ္ဆိုရင္ ဘာေၾကာင့္ ဘ႑ာေရးစည္းမ်ဥ္း ခ်ိဳးေဖာက္မႈနဲ႔ စြပ္စြဲခံထားရမႈကို ရင္ဆိုင္ေျဖရွင္းဖို႔အတြက္ ေန႔ေ႐ႊ႕ညေ႐ႊ႕လုပ္ေနရတာကို ေပ်ာ္႐ႊင္ေနပုံ ေပၚရတာလဲလို႔ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ တနဂၤေႏြေန႔ညက ခ်ဲလ္ဆီးအသင္းကို အစ္တီဟတ္မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၆ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ခ်န္ပီယံေတြျဖစ္လာခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ အဂၤလန္ထိပ္တန္းလိဂ္မွာ အထူးခြၽန္ဆုံးအသင္းဆိုတာ ေနာက္ထပ္တစ္ႀကိမ္ သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဖေဖာ္ဝါရီလမွာ မန္ခ်က္စတာစီးတီးဟာ ၁၄ ရာသီအတြင္း ဘ႑ာေရးစည္းမ်ဥ္း ခ်ိဳးေဖာက္မႈ ၁၁၅ ႀကိမ္က်ဴးလြန္ခဲ့တယ္လို႔ ပရီးမီးယားလိဂ္ရဲ႕ စြဲခ်က္တင္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းက စြဲခ်က္ေတြကို ခုခံကာကြယ္ဖို႔အတြက္ လုပ္လို႔ရသမွ် အကုန္လုပ္သြားမယ္လို႔ ေျပာၾကားခဲ့သလို စြဲခ်က္ေတြကို ျငင္းဆိုဖို႔ ျငင္းဆိုလို႔မရတဲ့ အေထာက္အထားေတြလည္း ရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကာေရဂါက မန္ခ်က္စတာစီးတီးကို စြဲခ်က္တင္ထားတဲ့ အေျခအေနကို အေႏွးနဲ႔အျမန္ ေျဖရွင္းဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မန္စီးတီးက သူတို႔ကိုယ္ကို ကာကြယ္သြားမယ္။ သူတို႔က စြဲခ်က္ေတြအားလုံးမွာ အျပစ္ကင္းစင္တယ္လို႔ ေျပာတယ္။ ခင္ဗ်ားက စြဲခ်က္အားလုံးမွာ အျပစ္ကင္းတယ္ဆိုရင္ လူေတြက ဘာေၾကာင့္ ျပႆနာကို ရင္ဆိုင္ဖို႔ ေရွာင္လႊဲေနတယ္လို႔ ဆက္ၿပီး ေျပာေနၾကေသးတာလဲ။ ဒါက ၂ ႏွစ္ကေန ၄ ႏွစ္ေလာက္အထိ သြားလိမ့္မယ္လို႔ ဘာေၾကာင့္ ေျပာေနၾကတာလဲ။ စီးတီးက အဲဒါကို မလိုခ်င္ဘူး။ ပရီးမီးယားလိဂ္လည္း အဲဒါကို မလိုခ်င္ဘူး။ အဲဒါက မေကာင္းဘူး။ တသက္တာအေကာင္းဆုံးအသင္းေတြထဲက တစ္သင္းနဲ႔ တသက္တာအေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးက ဒီကိစၥ မေျဖရွင္းမၿပီးမခ်င္း သံသယဝင္စရာျဖစ္ေနမွာပဲ”

“ကြၽန္ေတာ့္ရဲ႕ စီးတီးကို ေပးခ်င္တဲ့ မက္ေဆ့က ဒီကိစၥကို သူတို႔ရဲ႕ ဂုဏ္သိကၡာအတြက္ အေႏွးနဲ႔အျမန္ဆိုသလို ေျဖရွင္းဖို႔လိုတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာမွ သံသယျဖစ္စရာမရွိဘူး။ စီးတီးသာ ဒီကိစၥမွာ အျပစ္ရွိရင္ ကြၽန္ေတာ္တို႔ ေျပာေနတာေတြအားလုံး ပ်က္ဆီးသြားမွာပါ။ ဂြါဒီယိုလာနဲ႔ ေျပာစကားအရဆိုရင္ လြန္ခဲ့တဲ့ ၄ ႏွစ္၊ ၅ ႏွစ္အတြင္းမွာ တျခားအသင္းေတြက ေငြေၾကးပိုသုံးစြဲခဲ့တယ္လို႔ ခင္ဗ်ား ေျပာခဲ့တယ္။ သူတို႔ရႏိုင္တဲ့ အတန္းအစားထဲက အေကာင္းဆုံးနည္းျပျဖစ္တဲ့ ဂြါဒီယိုလာကိုဆြဲေဆာင္ႏိုင္ဖို႔အတြက္ ဘာစီလိုနာ ေမာ္ဒယ္က သူ႔အတြက္ တည္ေဆာက္ေပးခဲ့တာပါ။ သူက ဟာလန္းကို ဝယ္ယူတာထက္ပိုၿပီး အေရးပါခ့တယ္။ သူတို႔ေတြ သူ႔ကို ဒီလို စြဲခ်က္ေတြ ရွိေနခဲ့တဲ့အခ်ိန္မွာ ေခၚယူခဲ့တာပါ။ ဒါက အေႏွးနဲ႔အျမန္ အေျဖေပးဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ ၂ ႏွစ္၊ ၄ ႏွစ္ေလာက္ထိ ေနလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ဒါက မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္မွာ ယွဥ္ၿပိဳင္ေနတဲ့က်န္တဲ့အသင္းေတြအားလုံးအတြက္ အရႈပ္ထုပ္ျဖစ္ေနလို႔ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက မန္စီးတီးသာ စြဲခ်က္ေတြထဲက အခ်ိဳ႕အတြက္ အျပစ္ရွိခဲ့တယ္ဆိုရင္ ၎တို႔ရဲ႕ ေအာင္ျမင္မႈေတြကလည္း ပ်က္စီးသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ကေတာ့ FFP နဲ႔ တကယ္ကို ျပႆနာရွိပါတယ္။ အဲဒါကို တည္ေဆာက္ထားၿပီးသားျဖစ္တဲ့ ထိပ္သီးေတြက မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔လို အသင္းေတြက သူတို႔နဲ႔ မယွဥ္ႏိုင္ေအာင္ ေမာင္းႏွင္ေနတာျဖစ္ၿပီး အဲဒီေတာ့ သူတို႔ကို ေခါင္းေလးပုတ္ၿပီး မင္းတို႔ ဒီမွာပဲ ေနလိုက္ၾကဆိုၿပီး လုပ္ႏိုင္တာေပါ့။ လြန္ခဲ့တဲ့ ႏွစ္ ၃၀ ေလာက္က ဂ်က္ခ္ ေဝၚကာက လိဂ္ကို ဝယ္ခဲ့တာနဲ႔ပတ္သက္ၿပီး ဘယ္သူမွ ေစာဒကမတက္ၾကဘူး။ FFP ဆိုတဲ့ အဲဒီတုန္းက ရွိမွမရွိခဲ့တာ။ ဂ်က္ခ္ ေဝၚကာအသစ္က သူတို႔ရဲ႕ အသင္းေတြကို ေမာင္းႏွင္ႏိုင္ခြင့္ရွိသင့္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဆန္းဒါးလန္းက ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားအတြက္ ယွဥ္ၿပိဳင္ႏိုင္မယ့္ အႀကံအစည္ကို ကြၽန္ေတာ္ ႏွစ္သက္ေပမယ့္ FFP ေအာက္မွာ ခင္ဗ်ားရတဲ့ ဝင္ေငြေလာက္ပဲ ခင္ဗ်ား သုံးလို႔ရႏိုင္တယ္။ အဲဒီေတာ့ ခင္ဗ်ားဘဝက ေအာက္မွာပဲ အၿမဲေနရမွာပါ”

“ကြၽန္ေတာ္ စည္းမ်ဥ္းေတြကို မႀကိဳက္ဘူး။ ကြၽန္ေတာ္ ဒီတစ္ႀကိမ္မွာေတာ့ စီးတီးကို စာနာမိတယ္။ ဒါေပမယ့္ စည္းမ်ဥ္းေတြ သတ္မွတ္ထားတယ္ဆိုရင္ ခင္ဗ်ား လိုက္နာရပါလိမ့္မယ္။ တကယ္လို႔ စြဲခ်က္ ၁၁၅ ခုထဲက ပိုၿပီး ျပင္းထန္တဲ့ စြဲခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့ရင္ စီးတီးအသင္းပိုင္ရွင္ေတြနဲ႔ သူတို႔ရဲ႕ အလုပ္အမႈေဆာင္ေတြအတြက္ ထိခိုက္ပ်က္စီးမႈက ေရရွည္ျဖစ္သြားႏိုင္ၿပီး အဲဒါက အသင္းကို ပ်က္စီးေစလိမ့္မယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ တကယ္လို႔ ပရီးမီးယားလိဂ္က ဒီစြဲခ်က္ေတြကို မေျဖရွင္းႏိုင္ရင္ အခ်ိန္ၾကာေလ ထိခိုက္မႈေတြက ၾကာရွည္ေလျဖစ္ပါလိမ့္မယ္။ လာမယ့္ႏွစ္ေတြမွာ ဖိအားႀကီးမားတဲ့ အခိုက္အတန႔္ေတြရွိလာႏိုင္ၿပီး အဲဒီကိစၥကို မေျဖရွင္းမခ်င္း ေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး။ ဒါက အားကစားကိစၥပါ။ ရာဇဝတ္မႈမဟုတ္ပါဘူး။ ဒါကို ေရွ႕ဆက္ၿပီး တတ္ႏိုင္သမွ် ျမန္ျမန္ ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားၾကရေအာင္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.