Match Report Premier League

မြေခွေးကို အမှတ်ခွဲပေးခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့ ညားသွားပြီဖြစ်တဲ့ ငှက်ကျား

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကိုပဲ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်ကို လောင်းစတပ်ဖ်၊ အန်ဒါဆန်တို့နဲ့ တွဲပေးပြီး ဝိတ်လျှော့ခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ အီဆက်ခ်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

တန်းဆင်းဇုန်က ဧည့်သည် လက်စတာစီးတီးတို့ကတော့ ဂိုးသမား အီဗာဆန်၊ ခံစစ်မှာ ဆောက်တာ၊ အီဗန်စ်၊ ဖာ့စ်၊ ကက်စတာညာနဲ့ သောမတ်စ်တို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ တီးလီးမန်းစ်၊ ဆူမာရေးနဲ့ အန်ဒီဒီတို့ကို ခံစစ်ဦးစားပေး တည်ဆောက်ခဲ့ပြီး တိုက်စစ်မှာတော့ အီဟန်နာချိုနဲ့ ဗာဒီတို့ ကစားခဲ့ကြတာပါ။

နယူးကာဆယ်လ်တို့ ပွဲစကတည်းက ဖိကစားခဲ့ပေမယ့် ကွင်းလယ်မှာ လူမစုံခဲ့တာက ဖန်တီးမှု ကျဆင်းစေခဲ့သလို တိုက်စစ်အတွက် Clear Cut Chances CCC တွေကို ဖန်တီးပေးနိုင်ခြင်း မရှိတာကြောင့် ဂိုးကန်သွင်းခွင့်တွေသာ ရခဲ့ပေမယ့် ပိတ်ကစားတဲ့ လက်စတာခံစစ်ရှေ့မှာ ရုန်းကန်နေခဲ့ရပြီး ဝီလ်ဆန်နဲ့ အယ်လ်မီရွန်တို့ တိုင်ထိထွက်ခဲ့မှုတွေ အပါအဝင် ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နယူးကာဆယ်လ်တို့ပဲ ဖိကစားခဲ့ပေမယ့် လက်စတာတို့ကတော့ ကံကောင်းရင် သုံးမှတ်ရမလားလို့ ထီထိုးတဲ့အနေနဲ့ အီဟန်နာချိုအစား မက်ဒီဆန်၊ ဗာဒီအစား ဟာဗီဘန်းစ် အီဗန်စ်အစား ဒါကာတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပေမယ့် တစ်ပွဲလုံးမှာမှ ဂိုးပေါက်ကန်ခွင့် တစ်ကြိမ်သာ ကန်ခွင့်ရခဲ့ပြီး ကက်စတာညာရဲ့ ကန်ချက်ကို နစ်ခ် ပုပ်က ပုတ်ထုတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ပဉ္စမနေရာက လီဗာပူးလ်ကို လေးမှတ်ဖြတ်လိုက်နိုင်ခဲ့လို့ အနည်းဆုံး စတုတ္ထနေရာတစ်နေရာအတွက် စိတ်ချသွားရမှုနဲ့အတူ လာမယ့်ရာသီမှာ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်တော့မယ့်အချိန်မှာ လက်စတာတို့ကတော့ အဖိုးတန် သရေတစ်မှတ်နဲ့အတူ အဆင့် ၁၇ က အဲဗာတန်တို့ ခြေချော်ရင် ကျော်တက်နိုင်ဖို့ မျှော်လင့်ချက်ကို ပိုင်ဆိုင်သွားခဲ့ပြီး နောက်ဆုံးပွဲစဉ်အထိ သူတို့နဲ့ လိဒ်စ်တို့ရဲ့ ရုန်းကန်မှုကို စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.