Premier League

ချဲလ်ဆီးမှာ ခြေမပေါ်တဲ့ကစားသမားကို ခေါ်ဖို့ ဂန်းနားတွေကို တိုက်တွန်းလိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က အာဆင်နယ်လူစာရင်းဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ လုံလောက်တဲ့ အင်အားမရှိဘူးလို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးမှာ ခြေမပေါ်တဲ့ကစားသမားက ယခုနွေရာသီမှာ အပြောင်းအလဲ ဖြစ်လာအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ယခုရာသီ အချိန်အများစုကို ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ၂၄၈ ရက်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၅ နေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီးနောက် ယခုရာသီမှာ  ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး အာဆင်နယ်ဟာ သမိုင်းသစ်ရေးထိုးနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂ လအတွင်း ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင်းမှာ ရမှတ် ၅၀ အထိ ရယူနိုင်ခဲ့ပေမယ့်လည်း ဧပြီလနဲ့ မေလအတွင်းမှာ ခြေစွမ်းပိုင်း သိသိသာသာ ဆိုးရွားသွားခဲ့ပြီး လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ၃ ပွဲအထိ ဆက်တိုက် သရေကျခဲ့တာဖြစ်ပါတယ်။

ပေါလ် မာဆန်က အာဆင်နယ်လူစာရင်းဟာ အင်အားချိနဲ့နေတယ်လို့ ပြောကြားခဲ့ပြီး အသင်းဟောင်းကို ယခုနွေရာသီမှာ ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေ ခေါ်ယူပြီး လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် ဖလားစိန်ခေါ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ပေါလ် မာဆန်ဟာ ဂါဘရီယဲလ် ဂျေဆူးစ်ရဲ့ အမာခံပရိသတ်ဖြစ်ပေမယ့်လည်း အာဆင်နယ်အနေနဲ့ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခေါ်ယူရင် အကျိုးအမြတ်ရှိလိမ့်မယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ လူကာကူးကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

လူကာကူးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နွေရာသီမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးနောက် ဆိုးရွားတဲ့ ရာသီကို ရင်ဆိုင်ခဲ့ရပြီး အသင်းဟောင်း အင်တာမီလန်ကို အငှားပြန်ချခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကို ပြန်လာတော့မှာဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းကရော ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကပါ လမ်းခွဲချင်နေတာဖြစ်ပြီး လူကာကူးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ထားနိုင်တဲ့ စီးရီးအေကလပ်အသင်းကို အပြီးသတ် ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

“အာဆင်နယ်က အထောင်တိုက်စစ်မှူးလိုအပ်နေတယ်။ သူတို့တွေ တစ်ရာသီကို ၂၅ ဂိုးအထိ သွင်းယူနိုင်တဲ့သူကို လိုအပ်နေတယ်။ ကျွန်တော် ဂါဘရီယဲလ် ဂျေဆူးကို မကောင်းပြေတာာမဟုတ်ပါဘူး။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး သူက အရမ်းကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ခင်ဗျား သူ့ဘာသာ သူ လိုအပ်တဲ့ဂိုးတွေကို သွင်းယူပေးနိုင်မှာမဟုတ်ပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာ သူ့ပုံစံက အရင်တုန်းက ဂိုးသွင်းယူနိုင်တဲ့ပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ ဂျေဆူးစ်က ဘယ်နေရာမှာမဆို ကစားနိုင်တယ်။ အဲဒီတော့ ခင်ဗျား တိုက်စစ်မှူးတစ်ဦး အသင်းအတွက် ဝယ်ယူနိုင်သေးတယ်။ သူက တိုက်စစ်မှူးနဲ့ ကစားနိုင်ပါတယ်”

“အာဆင်နယ်လူစာရင်းက အင်အားချိနဲ့နေတယ်။ လိဂ်ဖလားကို အနိုင်ရဖို့ လုံလောက်တဲ့ အားကောင်းမှုမရှိခဲ့ဘူး။ သူတို့တွေ ကစားသမားတွေ ခေါ်ယူဖို့ လိုတယ်။ ထိပ်တန်းအရည်အသွေး ကစားသမားတွေကို ခေါ်ယူဖို့ လိုပါတယ်။ မန်စီးတီးက အားလုံးထက် ခေါင်းတစ်လုံးသာနေတယ်။ အဲဒီတော့ ခင်ဗျား ယှဉ်ပြိုင်နိင်ဖို့ပိုပြီး အားကောင်းဖို့လိုပါတယ်။ အိုင်ဗန် တိုနီက အာဆင်နယ်နဲ့ သင့်တော်ပါလိမ့်မယ်။ ဒါပေမယ့် သူက ပွဲပယ်ခံထားရလို့ အခုတော့ ခေါ်လို့ မရနိုင်ပါဘူး။ လူကာကူးက ခေါ်လို့ရနိုင်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားက အထောင်တိုက်စစ်မှူးပါ။ သူက တိုက်စစ်မှာနေပြီး ကစားသမားတွေကို အထောက်အပံ့ပေးနိုင်တယ်။ အဲဒါက အာဆင်နယ်ကို အကူအညီပေးနိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ မာဆန္က အာဆင္နယ္လူစာရင္းဟာ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိဖို႔ လုံေလာက္တဲ့ အင္အားမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးမွာ ေျခမေပၚတဲ့ကစားသမားက ယခုေႏြရာသီမွာ အေျပာင္းအလဲ ျဖစ္လာေအာင္ ကူညီေပးႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ယခုရာသီ အခ်ိန္အမ်ားစုကို ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ၿပီး ၂၄၈ ရက္အထိ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၅ ေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ၿပီးေနာက္ ယခုရာသီမွာ  ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ၿပီး အာဆင္နယ္ဟာ သမိုင္းသစ္ေရးထိုးႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ၂ လအတြင္း ေျခစြမ္းပိုင္း က်ဆင္းသြားခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္းက အာဆင္နယ္ကို ေက်ာ္ျဖတ္ၿပီး ၆ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ရရွိခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင္းမွာ ရမွတ္ ၅၀ အထိ ရယူႏိုင္ခဲ့ေပမယ့္လည္း ဧၿပီလနဲ႔ ေမလအတြင္းမွာ ေျခစြမ္းပိုင္း သိသိသာသာ ဆိုး႐ြားသြားခဲ့ၿပီး လီဗာပူးလ္၊ ဝက္စ္ဟမ္း၊ ေဆာက္သမ္တန္တို႔နဲ႔ ၃ ပြဲအထိ ဆက္တိုက္ သေရက်ခဲ့တာျဖစ္ပါတယ္။

ေပါလ္ မာဆန္က အာဆင္နယ္လူစာရင္းဟာ အင္အားခ်ိနဲ႔ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး အသင္းေဟာင္းကို ယခုေႏြရာသီမွာ ထိပ္တန္းအရည္အေသြးရွိတဲ့ ကစားသမားေတြ ေခၚယူၿပီး လာမယ့္ရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ဖလားစိန္ေခၚဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ေပါလ္ မာဆန္ဟာ ဂါဘရီယဲလ္ ေဂ်ဆူးစ္ရဲ႕ အမာခံပရိသတ္ျဖစ္ေပမယ့္လည္း အာဆင္နယ္အေနနဲ႔ ေနာက္ထပ္ တိုက္စစ္မႉးတစ္ဦးေခၚယူရင္ အက်ိဳးအျမတ္ရွိလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး ခ်ဲလ္ဆီးမွာ ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ လူကာကူးကို အံ့အားသင့္ဖြယ္ ပစ္မွတ္ထားဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

လူကာကူးဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ဆိုး႐ြားတဲ့ ရာသီကို ရင္ဆိုင္ခဲ့ရၿပီး အသင္းေဟာင္း အင္တာမီလန္ကို အငွားျပန္ခ်ခံခဲ့ရတာျဖစ္ပါတယ္။ အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ ခ်ဲလ္ဆီးကို ျပန္လာေတာ့မွာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းကေရာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကပါ လမ္းခြဲခ်င္ေနတာျဖစ္ၿပီး လူကာကူးက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ထားႏိုင္တဲ့ စီးရီးေအကလပ္အသင္းကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။

“အာဆင္နယ္က အေထာင္တိုက္စစ္မႉးလိုအပ္ေနတယ္။ သူတို႔ေတြ တစ္ရာသီကို ၂၅ ဂိုးအထိ သြင္းယူႏိုင္တဲ့သူကို လိုအပ္ေနတယ္။ ကြၽန္ေတာ္ ဂါဘရီယဲလ္ ေဂ်ဆူးကို မေကာင္းေျပတာာမဟုတ္ပါဘူး။ သူက အရမ္းေကာင္းတဲ့ကစားသမားျဖစ္ၿပီး သူက အရမ္းေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူက ခင္ဗ်ား သူ႔ဘာသာ သူ လိုအပ္တဲ့ဂိုးေတြကို သြင္းယူေပးႏိုင္မွာမဟုတ္ပါဘူး။ ဘ႐ိုက္တန္နဲ႔ပြဲမွာ သူ႔ပုံစံက အရင္တုန္းက ဂိုးသြင္းယူႏိုင္တဲ့ပုံစံမ်ိဳး မဟုတ္ခဲ့ပါဘူး။ ေဂ်ဆူးစ္က ဘယ္ေနရာမွာမဆို ကစားႏိုင္တယ္။ အဲဒီေတာ့ ခင္ဗ်ား တိုက္စစ္မႉးတစ္ဦး အသင္းအတြက္ ဝယ္ယူႏိုင္ေသးတယ္။ သူက တိုက္စစ္မႉးနဲ႔ ကစားႏိုင္ပါတယ္”

“အာဆင္နယ္လူစာရင္းက အင္အားခ်ိနဲ႔ေနတယ္။ လိဂ္ဖလားကို အႏိုင္ရဖို႔ လုံေလာက္တဲ့ အားေကာင္းမႈမရွိခဲ့ဘူး။ သူတို႔ေတြ ကစားသမားေတြ ေခၚယူဖို႔ လိုတယ္။ ထိပ္တန္းအရည္အေသြး ကစားသမားေတြကို ေခၚယူဖို႔ လိုပါတယ္။ မန္စီးတီးက အားလုံးထက္ ေခါင္းတစ္လုံးသာေနတယ္။ အဲဒီေတာ့ ခင္ဗ်ား ယွဥ္ၿပိဳင္နိင္ဖို႔ပိုၿပီး အားေကာင္းဖို႔လိုပါတယ္။ အိုင္ဗန္ တိုနီက အာဆင္နယ္နဲ႔ သင့္ေတာ္ပါလိမ့္မယ္။ ဒါေပမယ့္ သူက ပြဲပယ္ခံထားရလို႔ အခုေတာ့ ေခၚလို႔ မရႏိုင္ပါဘူး။ လူကာကူးက ေခၚလို႔ရႏိုင္ပါတယ္။ အသက္ ၃၀ အ႐ြယ္ကစားသမားက အေထာင္တိုက္စစ္မႉးပါ။ သူက တိုက္စစ္မွာေနၿပီး ကစားသမားေတြကို အေထာက္အပံ့ေပးႏိုင္တယ္။ အဲဒါက အာဆင္နယ္ကို အကူအညီေပးႏိုင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.