Article Premier League

ညစာစားဖို့ တွေ့ဆုံပြီးနောက် ဖာဂူဆန်ကို အံ့အားသင့်စေခဲ့တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာဟာ ၇ ရာသီအတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပြီး ဘောလုံးလောကမှာ ပြီးပြည့်စုံတဲ့အဆင့်သစ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီပြီးပြည့်စုံမှုကို စွဲလမ်းမှုနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးမှာ ရှိနေခဲ့တဲ့ ၇ နှစ်တာကာလဟာ ပိုပြီးတော့တောင် ထူးခြားသွားခဲ့တာဖြစ်ပြီး ဘာစီလိုနာမှာတုန်းက အသင်းအပေါ် စိတ်နှစ်ထားလွန်းခဲ့တာကြောင့် နယူးယောက်မှာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအပိုင်းကို စိတ်ပြေလက်ပျောက် ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဆာအဲလက်စ် ဖာဂူဆန်ကလည်း ရာသီလယ် နားရက်ဖြစ်တာကြောင့် ဂွါဒီယိုလာနဲ့ မန်ဟတ်တန်စားသောက်ဆိုင်မှာ ညစာစားဖို့ တွေ့ဆုံခဲ့ကြပြီး အဲဒီအချိန်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာဖြစ်ပြီး မန်ယူနိုက်တက်နည်းပြကြီးက ရာသီကုန်ရင် အနားယူတော့မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ ပြန်ပြောင်းပြောဆိုမှုအရ ဂွါဒီယိုလာကို ၎င်းကို မပြောဘဲ ဘယ်အသင်းနဲ့မှ စကားမကျွံဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး ဂွါဒီယိုလာ ပြန်ပြောတာက နည်းနည်းလေး လွဲနေပေမယ့်လည်း စကော့လူမျိုးနည်းပြကြီးက မန်ယူနိုက်တက်ကိုယ်စား စပိန်လူမျိုးနည်းပြကို ချဉ်းကပ်ခဲ့တာမဟုတ်ဘူးလို့ တွေးဖို့က ခက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂွါဒီယိုလာက အဲဒီအချိန်မှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး ပရီးမီးယားလိဂ်ကနေ ခိုင်မာတဲ့ စိတ်ဝင်စားမှုဆိုလို့ မန်ချက်စတာစီးတီးအသင်းဆီကနေသာ ရရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆက်ဖြစ်သွားတာတွေကတော့ အားလုံးအသိဖြစ်ပြီး ဂွါဒီယိုလာ ပရီးမီးယားလိဂ်ရောက်လာပြီးနောက် ဆုဖလားတွေ၊ သွင်းဂိုးတွေ၊ ရမှတ်တွေ ရရှိခဲ့ပြီး ဒုတိယရာသီမှာ မန်စီးတီးကို ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၆ ဂိုးနဲ့ ရမှတ် ၁၀၀ အထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒါက ဂွါဒီယိုလာမှာ စိန်ခေါ်မှုတွေကို အသားကျအောင် လုပ်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတယ်ဆိုတာ ရှင်းလင်းလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ကျန်တဲ့အသင်းတွေအားလုံးအတွက် နှစ်သိမ့်စရာတစ်ခုပဲ ရှိခဲ့ပုံပေါ်ပါတယ်။

၃ နှစ်၊ ၄ နှစ် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီးနောက် ဂွါဒီယိုလာအနေနဲ့ အနားယူဖို့ လိုအပ်ခဲ့ပြီး မန်ယူနိုက်တက်နဲ့ ကျန်တဲ့အသင်းတွေအားလုံးအတွက် ကံဆိုးတာက စပိန်လူမျိုးနည်းပြ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတာ ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ရောက်ခါနီးအချိန်မှာ အခုလောက် စိတ်ကျေနပ်နေတာမျိုး ဘယ်တုန်းကမှ မြင်ခဲ့ဖူးမယ်ထင်ပါဘူး။

နောက်ထပ် ၇ နှစ်သာ မန်ချက်စတာစီးတီးကို ဆက်ပြီး ကိုင်တွယ်မယ်ဆိုရင် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်မှာ ဖာဂူဆန်ရဲ့ ဆုဖလားအောင်မြင်မှုကို ကျော်ဖြတ်သွားနိုင်တော့မှာဖြစ်ပြီး အနိုင်ဆက်တိုက်ရနေချိန်မှာ ရောင့်ရဲကျေနပ်နေဖို့က လွယ်ကူပေမယ့် ဆက်ထိန်းထားဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။

အညှာအတာကင်းမဲ့မှုမရှိရင် အောင်မြင်မှုရရှိနိုင်မှာမဟုတ်ဘဲ ဂွါဒီယိုလာဟာ နိုင်ငံတကာအဆင့်မှာ အလွန်ကောင်းမွန်ခဲ့တဲ့ကစားသမားကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူပြီး ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ပါဝင်ကစားခွင့်ပေးဖို့ ပွဲစဉ် ၃၆ အထိ စောင့်ဆိုင်းထားခဲ့ပါတယ်။

ဟုတ်ပါတယ်။ ကယ်လ်ဗင် ဖိလစ်ပ်စ်က ကမ္ဘာပေါ်က အခြားအသင်းအနည်းငယ်သာ တတ်နိုင်တဲ့ ဇိမ်ခံပစ္စည်းဖြစ်ပေမယ့်လည်း ဂွါဒီယိုလာကတော့ ခပ်ပြတ်ပြတ်ပဲ လုပ်ဆောင်ခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ မာရက်ဇ်၊ ဖိုဒန်တို့အပါအဝင် အသင်းကစားသမားတွေကို ဝေဖန်ဖို့ ဘယ်တုန်းကမှ ကြောက်ရွံ့ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာဟာ လူစာရင်းထဲက ကစားသမားအများစုကို ပျော်ရွှင်အောင် ထားနိုင်ခဲ့တာက ၎င်းရဲ့ အောင်မြင်မှုအတွက် နောက်ထပ် အဓိကပင်မထောက်တိုင်တွေထဲက တစ်ခုဖြစ်ပြီး မကျေမနပ်ဖြစ်တဲ့သူတွေကတော့ ဘယ်လိုဖြစ်သွားလဲဆိုတာ ကန်ဆယ်လိုကို မေးကြည့်ရမှာပါ။

ဂွါဒီယိုလာဟာ အံ့မခန်းလူစာရင်းကို ပိုင်ဆိုင်ထားတာ ထောက်ခံပေမယ့်လည်း ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းကမ်း ၁၁၅ ခုကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး စီးတီးအနေနဲ့ အပြစ်မရှိကြောင်း သက်သေပြသနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးသာ အပြစ်ရှိကြောင်း သက်သေပြသခြင်းခံရမယ်ဆိုရင် ဂွါဒီယိုလာရဲ့အောင်မြင်မှုတွေက မေးခွန်းထုတ်စရာဖြစ်လာနိုင်ပေမယ့် ပရိသတ်တွေအများစုကတော့ စပိန်လူမျိုးနည်းပြရဲ့အသင်း ကစားနေတဲ့ ဂင်သပ်ရှုမောဖွယ် ဘောလုံးကစားပုံကို ကြည့်ရှုခွင့်ရတာကိုပဲ အထူးအခွင့်အရေးတစ်ခုလို့ ပြောကြဦးမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ ဂွါဒီယိုလာဟာ စစ်မှန်တဲ့ နည်းပြကောင်းတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နယူးယောက်မှာ ညစာအတူ စားခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်လည်း နောင်တရစွာနဲ့ သဘောတူမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂြါဒီယိုလာဟာ ၇ ရာသီအတြင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေဘာလုံးေလာကမွာ ၿပီးျပည့္စုံတဲ့အဆင့္သစ္ကို ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။

အဲဒီၿပီးျပည့္စုံမႈကို စြဲလမ္းမႈနဲ႔ ေပါင္းစပ္လိုက္တဲ့အခ်ိန္မွာ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးမွာ ရွိေနခဲ့တဲ့ ၇ ႏွစ္တာကာလဟာ ပိုၿပီးေတာ့ေတာင္ ထူးျခားသြားခဲ့တာျဖစ္ၿပီး ဘာစီလိုနာမွာတုန္းက အသင္းအေပၚ စိတ္ႏွစ္ထားလြန္းခဲ့တာေၾကာင့္ နယူးေယာက္မွာ ႏွစ္တစ္ႏွစ္ရဲ႕ အေကာင္းဆုံးအပိုင္းကို စိတ္ေျပလက္ေပ်ာက္ ကုန္ဆုံးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ ဆာအဲလက္စ္ ဖာဂူဆန္ကလည္း ရာသီလယ္ နားရက္ျဖစ္တာေၾကာင့္ ဂြါဒီယိုလာနဲ႔ မန္ဟတ္တန္စားေသာက္ဆိုင္မွာ ညစာစားဖို႔ ေတြ႕ဆုံခဲ့ၾကၿပီး အဲဒီအခ်ိန္က ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာျဖစ္ၿပီး မန္ယူႏိုက္တက္နည္းျပႀကီးက ရာသီကုန္ရင္ အနားယူေတာ့မယ္လို႔ ဆုံးျဖတ္ထားၿပီးျဖစ္ပါတယ္။

ဖာဂူဆန္ရဲ႕ ျပန္ေျပာင္းေျပာဆိုမႈအရ ဂြါဒီယိုလာကို ၎ကို မေျပာဘဲ ဘယ္အသင္းနဲ႔မွ စကားမကြၽံဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရၿပီး ဂြါဒီယိုလာ ျပန္ေျပာတာက နည္းနည္းေလး လြဲေနေပမယ့္လည္း စေကာ့လူမ်ိဳးနည္းျပႀကီးက မန္ယူႏိုက္တက္ကိုယ္စား စပိန္လူမ်ိဳးနည္းျပကို ခ်ဥ္းကပ္ခဲ့တာမဟုတ္ဘူးလို႔ ေတြးဖို႔က ခက္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဂြါဒီယိုလာက အဲဒီအခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္ၿပီး ပရီးမီးယားလိဂ္ကေန ခိုင္မာတဲ့ စိတ္ဝင္စားမႈဆိုလို႔ မန္ခ်က္စတာစီးတီးအသင္းဆီကေနသာ ရရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ဆက္ျဖစ္သြားတာေတြကေတာ့ အားလုံးအသိျဖစ္ၿပီး ဂြါဒီယိုလာ ပရီးမီးယားလိဂ္ေရာက္လာၿပီးေနာက္ ဆုဖလားေတြ၊ သြင္းဂိုးေတြ၊ ရမွတ္ေတြ ရရွိခဲ့ၿပီး ဒုတိယရာသီမွာ မန္စီးတီးကို ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၆ ဂိုးနဲ႔ ရမွတ္ ၁၀၀ အထိ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

အဲဒါက ဂြါဒီယိုလာမွာ စိန္ေခၚမႈေတြကို အသားက်ေအာင္ လုပ္ႏိုင္တဲ့ ဉာဏ္ရည္ဉာဏ္ေသြးရွိတယ္ဆိုတာ ရွင္းလင္းလာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ က်န္တဲ့အသင္းေတြအားလုံးအတြက္ ႏွစ္သိမ့္စရာတစ္ခုပဲ ရွိခဲ့ပုံေပၚပါတယ္။

၃ ႏွစ္၊ ၄ ႏွစ္ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ ဂြါဒီယိုလာအေနနဲ႔ အနားယူဖို႔ လိုအပ္ခဲ့ၿပီး မန္ယူႏိုက္တက္နဲ႔ က်န္တဲ့အသင္းေတြအားလုံးအတြက္ ကံဆိုးတာက စပိန္လူမ်ိဳးနည္းျပ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာတာ ၇ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ေရာက္ခါနီးအခ်ိန္မွာ အခုေလာက္ စိတ္ေက်နပ္ေနတာမ်ိဳး ဘယ္တုန္းကမွ ျမင္ခဲ့ဖူးမယ္ထင္ပါဘူး။

ေနာက္ထပ္ ၇ ႏွစ္သာ မန္ခ်က္စတာစီးတီးကို ဆက္ၿပီး ကိုင္တြယ္မယ္ဆိုရင္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္မွာ ဖာဂူဆန္ရဲ႕ ဆုဖလားေအာင္ျမင္မႈကို ေက်ာ္ျဖတ္သြားႏိုင္ေတာ့မွာျဖစ္ၿပီး အႏိုင္ဆက္တိုက္ရေနခ်ိန္မွာ ေရာင့္ရဲေက်နပ္ေနဖို႔က လြယ္ကူေပမယ့္ ဆက္ထိန္းထားဖို႔က လြယ္ကူတဲ့ကိစၥေတာ့မဟုတ္ပါဘူး။

အညႇာအတာကင္းမဲ့မႈမရွိရင္ ေအာင္ျမင္မႈရရွိႏိုင္မွာမဟုတ္ဘဲ ဂြါဒီယိုလာဟာ ႏိုင္ငံတကာအဆင့္မွာ အလြန္ေကာင္းမြန္ခဲ့တဲ့ကစားသမားကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူၿပီး ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္ပါဝင္ကစားခြင့္ေပးဖို႔ ပြဲစဥ္ ၃၆ အထိ ေစာင့္ဆိုင္းထားခဲ့ပါတယ္။

ဟုတ္ပါတယ္။ ကယ္လ္ဗင္ ဖိလစ္ပ္စ္က ကမာၻေပၚက အျခားအသင္းအနည္းငယ္သာ တတ္ႏိုင္တဲ့ ဇိမ္ခံပစၥည္းျဖစ္ေပမယ့္လည္း ဂြါဒီယိုလာကေတာ့ ခပ္ျပတ္ျပတ္ပဲ လုပ္ေဆာင္ခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပဟာ မာရက္ဇ္၊ ဖိုဒန္တို႔အပါအဝင္ အသင္းကစားသမားေတြကို ေဝဖန္ဖို႔ ဘယ္တုန္းကမွ ေၾကာက္႐ြံ႕ခဲ့ျခင္းမရွိတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာဟာ လူစာရင္းထဲက ကစားသမားအမ်ားစုကို ေပ်ာ္႐ႊင္ေအာင္ ထားႏိုင္ခဲ့တာက ၎ရဲ႕ ေအာင္ျမင္မႈအတြက္ ေနာက္ထပ္ အဓိကပင္မေထာက္တိုင္ေတြထဲက တစ္ခုျဖစ္ၿပီး မေက်မနပ္ျဖစ္တဲ့သူေတြကေတာ့ ဘယ္လိုျဖစ္သြားလဲဆိုတာ ကန္ဆယ္လိုကို ေမးၾကည့္ရမွာပါ။

ဂြါဒီယိုလာဟာ အံ့မခန္းလူစာရင္းကို ပိုင္ဆိုင္ထားတာ ေထာက္ခံေပမယ့္လည္း ပရီးမီးယားလိဂ္ဘ႑ာေရးစည္းကမ္း ၁၁၅ ခုကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး စီးတီးအေနနဲ႔ အျပစ္မရွိေၾကာင္း သက္ေသျပသႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးသာ အျပစ္ရွိေၾကာင္း သက္ေသျပသျခင္းခံရမယ္ဆိုရင္ ဂြါဒီယိုလာရဲ႕ေအာင္ျမင္မႈေတြက ေမးခြန္းထုတ္စရာျဖစ္လာႏိုင္ေပမယ့္ ပရိသတ္ေတြအမ်ားစုကေတာ့ စပိန္လူမ်ိဳးနည္းျပရဲ႕အသင္း ကစားေနတဲ့ ဂင္သပ္ရႈေမာဖြယ္ ေဘာလုံးကစားပုံကို ၾကည့္ရႈခြင့္ရတာကိုပဲ အထူးအခြင့္အေရးတစ္ခုလို႔ ေျပာၾကဦးမွာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ပါေစ ဂြါဒီယိုလာဟာ စစ္မွန္တဲ့ နည္းျပေကာင္းတစ္ေယာက္ ျဖစ္လာခဲ့ၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက နယူးေယာက္မွာ ညစာအတူ စားခဲ့တဲ့ ဆာအဲလက္စ္ ဖာဂူဆန္လည္း ေနာင္တရစြာနဲ႔ သေဘာတူမယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.