Premier League

စီးတီးကြယ်ပွင့် ၂ ဦးကို ရောင်းချခဲ့တဲ့ ဂွါဒီယိုလာကို ချီးကျူးခဲ့တဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က ဂါဘရီယဲလ် ဂျေဆူးစ်၊ ဇင်ချန်ကို၊ စတားလင်းတို့လို ကြယ်ပွင့်ကစားသမားတေကို ရောင်းချပြီး မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့အတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့က ချဲလ်ဆီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး စနေနေ့က နော်တင်ဟမ် ဖောရက်စ်ကို အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ပြီးကတည်းက ချန်ပီယံအဖြစ် အတည်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ချီးကျူးမှုအများစုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်ချက်စတာစီးတီးရဲ့ ကစားသမားသစ်ခေါ်ယူမှုအတွက် ဖြစ်ခဲ့ပြီး အသိသာဆုံးကတော့ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ ရာသီမစတင်ခင်မှာ ကြီးမားတဲ့ ကစားသမားတွေအများအပြားကို ပြိုင်ဘက်အသင်းတွေဆီ ဆုံးရှုံးခဲ့ပြီး ဇင်ချန်ကိုနဲ့ ဂျေဆူးစ်ကို အာဆင်နယ်၊ စတားလင်းကို ချဲလ်ဆီးအသင်းဆီ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုကလည်း ပြီးခဲ့တဲ့ဇန်နဝါရီလမှာ နည်းပြ ဂွါဒီယိုလာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပေါ်တူဂီနောက်ခံတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ၂ လုံးအောင်မြင်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာကြောင့် အများစုအတွက် အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အစ်တီဟတ်မှာ အောင်ပွဲခံပြီးနောက်ပိုင်း ရွိုင် ကီးန်က ဂွါဒီယိုလာရဲ့ ဒီကစားသမားတွေကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့မှုကို ချီးကျူးခဲ့ပြီး အဲဒါက အသင်းလူစာရင်းကို ဆုဖလားတွေ ဆက်ပြီး အနိုင်ရရှိဖို့ ဆာလောင်မှုနဲ့ အနိုင်ရလိုစိတ်ကို ထိန်းသိမ်းရာမှာ အကူအညီဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကစားသမားသစ် ခေါ်ယူမှု၊ ကစားသမားတွေကို သူ ရောင်းထုတ်တဲ့ပုံစံက သူတို့ကို ပြီးခဲ့တဲ့ရာသီတွေမှာ အောင်မြင်မှုရစေခဲ့ပါတယ်။ စီးတီးရဲ့ ကစားသမားသစ်ခေါ်ယူမှုက ထူးခြားဆန်းကြယ်ခဲ့ပေမယ့် ကစားသမားတွေကို ရောင်းထုတ်တဲ့ပုံစံ၊ ကစားသမားဘဝ အဆုံးသတ်ပိုင်းကို ရောက်လာတဲ့ကစားသမားတွေ ဒါမှမဟုတ် ပက်က သူတို့ကို ငြီးငွေ့လာပြီလို့ ပြောခဲ့တဲ့ကစားသမားတွေပါ။ သူက အဲဒီကစားသမားတွေကို ရောင်းထုတ်ခဲ့ပြီး အသင်းမှာ ဆာလောင်မှုကို ထိန်းသိမ်းထားခဲ့တယ်။ အကြီးမားဆုံးစိန်ခေါ်မှုက အစုအဖွဲ့ထဲမှာ အမြဲတမ်းရှိနေပြီး သူက အရမ်းကောင်းတဲ့ စိတ်ဓာတ်နဲ့ အရမ်းကောင်းတဲ့ကစားသမားတွေ ရှိတာ ရှင်းပါတယ်”

“ကျွန်တော်တို့ ရာဦအစောပိုင်းတုန်းက ကစားသမားအများအပြားကို သူ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာ မြင်ခဲ့ရတယ်။ သူ ဒီဘရိုင်းနား၊ ဝေါ်ကာ၊ စတုန်းစ်၊ ကန်ဆယ်လိုတို့ကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကန်ဆယ်လိုကို ထွက်ခွင့်ပေးလိုက်တယ်။ ဂျေဆူးစ်ကို အသင်းပြောင်းခွင့်ပေးခဲ့တယ်။ သူ ဘာလုပ်နေလဲဆိုတာကို သူ သိတယ်။ သူက အဲဒါကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်ခဲ့ပြီး အဲဒါက ကြီးမြတ်မှုရဲ့ လက္ခဏာပါ။ ဆက်ပြီး အနိုင်ရနေဖို့ သူလုပ်နေတာတွေ၊ ကစားဟန်တွေနဲ့ ဆာလောင်မှုတွေက အဓိကပဲ။ ကျွန်တော်တို့ သူ ရရှိနေတဲ့ ပျော်ရွှင်မှုကို မြင်နိုင်ပြီး အဲဒါက သူ့ရဲ့ ပထမဆုံးဖလားအတိုင်းပဲ။ အံ့အားသင့်စရာကောင်းတယ်”

မန်ချက်စတာစီးတီးဟာ လာမယ် ရက်သတ္တပတ်အနည်းငယ်အတွင်း အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာပါ အနိုင်ရရှိခဲ့မယ်ဆိုရင် ဆုဖလား ၃ လုံး တပြိုင်နက်တည်းရရှိခဲ့ဖူးတဲ့ ဒုတိယမြောက် အင်္ဂလိပ်အသင်းဖြစ်လာမှာ ဖြစ်ပါတယ်။

ရွိုင် ကီးန်ဟာ ၁၉၉၈-၁၉၉၉ ရာသီမှာ ဆုဖလား ၃ လုံး တပြိုင်နက်တည်း ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်ကစားခဲ့တာဖြစ်ပြီး မန်စီးတီးရဲ့ လက်ရှိ အသင်းကို ချီးကျူးခဲ့ပေမယ့်လည်း နှစ်သင်းကို နှိုင်းယှဉ်လိုခြင်းမရှိတာဖြစ်ပါတယ်။

“မန်စီးတီးက အရမ်းကောင်းတဲ့အသင်းပါ။ ကျွန်တော်သူတို့ကစားတာ စောင့်ကြည့်ရတာ နှစ်သက်တယ်။ အငြင်းအခုံရှိတာက အဆင်ပြေပေမယ့် နှိုင်းယှဉ်ဖို့တော့ ခက်တယ်။ ကျွန်တော့်ရဲ့ ယူနိုက်တက်အသင်းက မန်စီးတီးနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ထင်တယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ ကီးန္က ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ ဇင္ခ်န္ကို၊ စတားလင္းတို႔လို ၾကယ္ပြင့္ကစားသမားေတကို ေရာင္းခ်ၿပီး မန္ခ်က္စတာစီးတီးက ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

မန္စီးတီးဟာ တနဂၤေႏြေန႔က ခ်ဲလ္ဆီးကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၃ ႏွစ္ဆက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး စေနေန႔က ေနာ္တင္ဟမ္ ေဖာရက္စ္ကို အာဆင္နယ္တို႔ ရႈံးနိမ့္ခဲ့ၿပီးကတည္းက ခ်န္ပီယံအျဖစ္ အတည္ျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ခ်ီးက်ဴးမႈအမ်ားစုဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း မန္ခ်က္စတာစီးတီးရဲ႕ ကစားသမားသစ္ေခၚယူမႈအတြက္ ျဖစ္ခဲ့ၿပီး အသိသာဆုံးကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မန္စီးတီးဟာ ရာသီမစတင္ခင္မွာ ႀကီးမားတဲ့ ကစားသမားေတြအမ်ားအျပားကို ၿပိဳင္ဘက္အသင္းေတြဆီ ဆုံးရႈံးခဲ့ၿပီး ဇင္ခ်န္ကိုနဲ႔ ေဂ်ဆူးစ္ကို အာဆင္နယ္၊ စတားလင္းကို ခ်ဲလ္ဆီးအသင္းဆီ ေရာင္းထုတ္ခဲ့တာျဖစ္ပါတယ္။

ကန္ဆယ္လိုကလည္း ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ နည္းျပ ဂြါဒီယိုလာနဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ေပၚတူဂီေနာက္ခံေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ဖလား ၂ လုံးေအာင္ျမင္မႈမွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာေၾကာင့္ အမ်ားစုအတြက္ အံ့အားသင့္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အစ္တီဟတ္မွာ ေအာင္ပြဲခံၿပီးေနာက္ပိုင္း ႐ြိဳင္ ကီးန္က ဂြါဒီယိုလာရဲ႕ ဒီကစားသမားေတြကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့မႈကို ခ်ီးက်ဴးခဲ့ၿပီး အဲဒါက အသင္းလူစာရင္းကို ဆုဖလားေတြ ဆက္ၿပီး အႏိုင္ရရွိဖို႔ ဆာေလာင္မႈနဲ႔ အႏိုင္ရလိုစိတ္ကို ထိန္းသိမ္းရာမွာ အကူအညီျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကစားသမားသစ္ ေခၚယူမႈ၊ ကစားသမားေတြကို သူ ေရာင္းထုတ္တဲ့ပုံစံက သူတို႔ကို ၿပီးခဲ့တဲ့ရာသီေတြမွာ ေအာင္ျမင္မႈရေစခဲ့ပါတယ္။ စီးတီးရဲ႕ ကစားသမားသစ္ေခၚယူမႈက ထူးျခားဆန္းၾကယ္ခဲ့ေပမယ့္ ကစားသမားေတြကို ေရာင္းထုတ္တဲ့ပုံစံ၊ ကစားသမားဘဝ အဆုံးသတ္ပိုင္းကို ေရာက္လာတဲ့ကစားသမားေတြ ဒါမွမဟုတ္ ပက္က သူတို႔ကို ၿငီးေငြ႕လာၿပီလို႔ ေျပာခဲ့တဲ့ကစားသမားေတြပါ။ သူက အဲဒီကစားသမားေတြကို ေရာင္းထုတ္ခဲ့ၿပီး အသင္းမွာ ဆာေလာင္မႈကို ထိန္းသိမ္းထားခဲ့တယ္။ အႀကီးမားဆုံးစိန္ေခၚမႈက အစုအဖြဲ႕ထဲမွာ အၿမဲတမ္းရွိေနၿပီး သူက အရမ္းေကာင္းတဲ့ စိတ္ဓာတ္နဲ႔ အရမ္းေကာင္းတဲ့ကစားသမားေတြ ရွိတာ ရွင္းပါတယ္”

“ကြၽန္ေတာ္တို႔ ရာဦအေစာပိုင္းတုန္းက ကစားသမားအမ်ားအျပားကို သူ စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တာ ျမင္ခဲ့ရတယ္။ သူ ဒီဘ႐ိုင္းနား၊ ေဝၚကာ၊ စတုန္းစ္၊ ကန္ဆယ္လိုတို႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ၿပီး ကန္ဆယ္လိုကို ထြက္ခြင့္ေပးလိုက္တယ္။ ေဂ်ဆူးစ္ကို အသင္းေျပာင္းခြင့္ေပးခဲ့တယ္။ သူ ဘာလုပ္ေနလဲဆိုတာကို သူ သိတယ္။ သူက အဲဒါကို တည္တည္ၿငိမ္ၿငိမ္နဲ႔ လုပ္ေဆာင္ခဲ့ၿပီး အဲဒါက ႀကီးျမတ္မႈရဲ႕ လကၡဏာပါ။ ဆက္ၿပီး အႏိုင္ရေနဖို႔ သူလုပ္ေနတာေတြ၊ ကစားဟန္ေတြနဲ႔ ဆာေလာင္မႈေတြက အဓိကပဲ။ ကြၽန္ေတာ္တို႔ သူ ရရွိေနတဲ့ ေပ်ာ္႐ႊင္မႈကို ျမင္ႏိုင္ၿပီး အဲဒါက သူ႔ရဲ႕ ပထမဆုံးဖလားအတိုင္းပဲ။ အံ့အားသင့္စရာေကာင္းတယ္”

မန္ခ်က္စတာစီးတီးဟာ လာမယ္ ရက္သတၱပတ္အနည္းငယ္အတြင္း အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြမွာပါ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ဆုဖလား ၃ လုံး တၿပိဳင္နက္တည္းရရွိခဲ့ဖူးတဲ့ ဒုတိယေျမာက္ အဂၤလိပ္အသင္းျဖစ္လာမွာ ျဖစ္ပါတယ္။

႐ြိဳင္ ကီးန္ဟာ ၁၉၉၈-၁၉၉၉ ရာသီမွာ ဆုဖလား ၃ လုံး တၿပိဳင္နက္တည္း ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကို ဦးေဆာင္ကစားခဲ့တာျဖစ္ၿပီး မန္စီးတီးရဲ႕ လက္ရွိ အသင္းကို ခ်ီးက်ဴးခဲ့ေပမယ့္လည္း ႏွစ္သင္းကို ႏႈိင္းယွဥ္လိုျခင္းမရွိတာျဖစ္ပါတယ္။

“မန္စီးတီးက အရမ္းေကာင္းတဲ့အသင္းပါ။ ကြၽန္ေတာ္သူတို႔ကစားတာ ေစာင့္ၾကည့္ရတာ ႏွစ္သက္တယ္။ အျငင္းအခုံရွိတာက အဆင္ေျပေပမယ့္ ႏႈိင္းယွဥ္ဖို႔ေတာ့ ခက္တယ္။ ကြၽန္ေတာ့္ရဲ႕ ယူႏိုက္တက္အသင္းက မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ႏိုင္တယ္လို႔ ထင္တယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.