Premier League

လာမယ့်ရာသီ စီးတီးကို စိန်ခေါ်မယ့်အသင်းကို ဟောကိန်းထုတ်လိုက်တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးအတွက် နောက်ထပ်တစ်ကြိမ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်က နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက ဖလားမရခဲ့တဲ့ရာသီဆိုလို့ လီဗာပူးလ် ဗိုလ်စွဲခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက တစ်ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရာသီနောက်ဆုံးပွဲစဉ်အထိ မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ တွန်းအားပေးခဲ့တာဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ ၎င်းတို့ရဲ့ စိန်ခေါ်မှုက စောစောစီးစီးပဲ လဲပြိုသွားခဲ့သလို ထိပ်ဆုံး ၄ နေရာကိုလည်း လွဲချော်မှာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးရဲ့ အကြီးမားဆုံးစိန်ခေါ်သူတွေ ဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီလလောက်တုန်းက အမှတ်ပေးဇယားထိပ်ဆုံး ၂ နေရာကို ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂယ်ရီ နဗီးက ယခုရာသီ အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အများစု ရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ကောက်ရိုးမီးလို့ ယုံကြည်နေပြီး လာမယ့်ရာသီမှာ လီဗာပူးလ်အသင်းတစ်သင်းတည်းကပဲ စီးတီးကို အနိုင်ယူနိုင်တဲ့အသင်းဆိုတာကို သက်သေပြလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကို စိန်ခေါ်နိုင်ဖို့ အကောင်းဆုံးနေရာမှာ ရှိနေတဲ့အသင်းက ဘယ်အသင်းလဲလို့ မေးမြန်းခဲ့ရာမှာ “အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်း လိုက်လျောညီထွေရှိတဲ့ အသင်းပါ။ မန်စီးတီးကစားသမားတွေက စစ်မှန်တဲ့ အရည်အသွေးရှိတယ်။ အဲဒါက ပြောစရာတောင်မလိုဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ရာသီရဲ့ အခက်ခဲဆုံးအချိန်တွေမှာ သူတို့တွေက တစုတစည်းတည်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါက အများကြီးစကားပြောတယ်။ ဒီတည်ငြိမ်မှုကို သူတို့ဆီ ယူဆောင်ပေးပြီး ခက်ခဲတဲ့အခိုက်အတန့်တွေကို ကျော်ဖြတ်နိုင်အောင် လမ်းညွှန်ပေးခဲ့တဲ့ နည်းပြလည်း စကားပြောသွားတယ်။ တခြားအသင်းတွေက ဒါကို နမူနာယူရမယ်”

“အဲဒါက ဆာအဲလက်စ် ဖာဂူဆန်လက်အောက်မှာ နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့အရာပါ။ ဘော့ဘ် ပိုင်စလေ၊ ဘီလ် ရှန်ကလီတို့လက်အောက်က လီဗာပူးလ်၊ အာဆင်နယ်က အာဆင်ဝင်းဂါးလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ နည်းပြအောက်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ခင်ဗျားက အရမ်းကောင်းတဲ့နည်းပြဖြစ်ရမှာဖြစ်ပြီး သူတို့မှာရှိတဲ့ ခြေစွမ်းတည်ငြိမ်မှုမျိုးနဲ့ လုပ်နိုင်မယ့် ကစားသမားတွေလည်း အများကြီးရှိရမှာပါ။ တခြားအသင်းတွေက အဲဒါကို အားကျအတုယူရမှာပါ။ အခုအချိန်မှာ ပြီးခဲ့တဲ့ ၆ နှစ်အတွှင်း အဲဒါကို သက်သေပြခဲ့တဲ့အသင်းဆိုလို့ လီဗာပူးလ်ပဲရှိတယ်”

“အာဆင်နယ်က ဒီနှစ်မှာ စီးတီးကို ကပ်ရှုံးသွားခဲ့တာ ကျွန်တော် သိပေမယ့် အခုအချိန်မှာ ဂွါဒီယိုလာရဲ့စီးတီးကို လိုက်မီနိုင်တယ်ဆိုတာကို ပြသခဲ့တယ်လို့ ကျွန်တော် ပြောနိုင်တဲ့ တစ်သင်းတည်းသောအသင်းက လီဗာပူးလ်ပါ။ သူတို့တွေ ဒီရာသီမှာ သူတို့ရဲ့ အဆင့်အတန်းအောက်ကို ကျဆင်းခဲ့တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် သူတို့တွေ လာမယ့်ရာသီမှာ အဲဒီအဆင့်အတန်းကို ပြန်ရမလားဆိုတာကို ခင်ဗျား မသိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ အရင်တုန်းက အဲဒါကို လုပ်နိုင်တယ်ဆိုတာကို သက်သေပြသခဲ့ပြီးသားမို့လို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက လီဗာပူးလ္အသင္းဟာ လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာစီးတီးအတြက္ ေနာက္ထပ္တစ္ႀကိမ္ အႀကီးမားဆုံး ၿခိမ္းေျခာက္မႈျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အာဆင္နယ္က ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၆ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ကတည္းက ဖလားမရခဲ့တဲ့ရာသီဆိုလို႔ လီဗာပူးလ္ ဗိုလ္စြဲခဲ့တဲ့ ၂၀၂၀ ခုႏွစ္တုန္းက တစ္ႀကိမ္သာ ရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ရာသီေနာက္ဆုံးပြဲစဥ္အထိ မန္ခ်က္စတာစီးတီးကို ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ တြန္းအားေပးခဲ့တာျဖစ္ေပမယ့္လည္း ဒီရာသီမွာေတာ့ ၎တို႔ရဲ႕ စိန္ေခၚမႈက ေစာေစာစီးစီးပဲ လဲၿပိဳသြားခဲ့သလို ထိပ္ဆုံး ၄ ေနရာကိုလည္း လြဲေခ်ာ္မွာ ေသခ်ာသြားခဲ့ၿပီ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ခ်က္စတာစီးတီးရဲ႕ အႀကီးမားဆုံးစိန္ေခၚသူေတြ ျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က ဇန္နဝါရီလေလာက္တုန္းက အမွတ္ေပးဇယားထိပ္ဆုံး ၂ ေနရာကို ၿခိမ္းေျခာက္မႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂယ္ရီ နဗီးက ယခုရာသီ အမွတ္ေပးဇယားထိပ္ဆုံးမွာ အခ်ိန္အမ်ားစု ရပ္တည္ႏိုင္ခဲ့တဲ့ အာဆင္နယ္ဟာ ေကာက္႐ိုးမီးလို႔ ယုံၾကည္ေနၿပီး လာမယ့္ရာသီမွာ လီဗာပူးလ္အသင္းတစ္သင္းတည္းကပဲ စီးတီးကို အႏိုင္ယူႏိုင္တဲ့အသင္းဆိုတာကို သက္ေသျပလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္စီးတီးကို စိန္ေခၚႏိုင္ဖို႔ အေကာင္းဆုံးေနရာမွာ ရွိေနတဲ့အသင္းက ဘယ္အသင္းလဲလို႔ ေမးျမန္းခဲ့ရာမွာ “အရည္အေသြးနဲ႔ စိတ္ဓာတ္ပိုင္း လိုက္ေလ်ာညီေထြရွိတဲ့ အသင္းပါ။ မန္စီးတီးကစားသမားေတြက စစ္မွန္တဲ့ အရည္အေသြးရွိတယ္။ အဲဒါက ေျပာစရာေတာင္မလိုဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ ရာသီရဲ႕ အခက္ခဲဆုံးအခ်ိန္ေတြမွာ သူတို႔ေတြက တစုတစည္းတည္း ခက္ခဲတဲ့ စိန္ေခၚမႈေတြကို ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္။ ဒါက အမ်ားႀကီးစကားေျပာတယ္။ ဒီတည္ၿငိမ္မႈကို သူတို႔ဆီ ယူေဆာင္ေပးၿပီး ခက္ခဲတဲ့အခိုက္အတန႔္ေတြကို ေက်ာ္ျဖတ္ႏိုင္ေအာင္ လမ္းၫႊန္ေပးခဲ့တဲ့ နည္းျပလည္း စကားေျပာသြားတယ္။ တျခားအသင္းေတြက ဒါကို နမူနာယူရမယ္”

“အဲဒါက ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာျဖစ္ခဲ့တဲ့အရာပါ။ ေဘာ့ဘ္ ပိုင္စေလ၊ ဘီလ္ ရွန္ကလီတို႔လက္ေအာက္က လီဗာပူးလ္၊ အာဆင္နယ္က အာဆင္ဝင္းဂါးလိုမ်ိဳး ႀကီးက်ယ္ခမ္းနားတဲ့ နည္းျပေအာက္မွာ ျဖစ္ခဲ့ဖူးပါတယ္။ ခင္ဗ်ားက အရမ္းေကာင္းတဲ့နည္းျပျဖစ္ရမွာျဖစ္ၿပီး သူတို႔မွာရွိတဲ့ ေျခစြမ္းတည္ၿငိမ္မႈမ်ိဳးနဲ႔ လုပ္ႏိုင္မယ့္ ကစားသမားေတြလည္း အမ်ားႀကီးရွိရမွာပါ။ တျခားအသင္းေတြက အဲဒါကို အားက်အတုယူရမွာပါ။ အခုအခ်ိန္မွာ ၿပီးခဲ့တဲ့ ၆ ႏွစ္အတႊင္း အဲဒါကို သက္ေသျပခဲ့တဲ့အသင္းဆိုလို႔ လီဗာပူးလ္ပဲရွိတယ္”

“အာဆင္နယ္က ဒီႏွစ္မွာ စီးတီးကို ကပ္ရႈံးသြားခဲ့တာ ကြၽန္ေတာ္ သိေပမယ့္ အခုအခ်ိန္မွာ ဂြါဒီယိုလာရဲ႕စီးတီးကို လိုက္မီႏိုင္တယ္ဆိုတာကို ျပသခဲ့တယ္လို႔ ကြၽန္ေတာ္ ေျပာႏိုင္တဲ့ တစ္သင္းတည္းေသာအသင္းက လီဗာပူးလ္ပါ။ သူတို႔ေတြ ဒီရာသီမွာ သူတို႔ရဲ႕ အဆင့္အတန္းေအာက္ကို က်ဆင္းခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ သူတို႔ေတြ လာမယ့္ရာသီမွာ အဲဒီအဆင့္အတန္းကို ျပန္ရမလားဆိုတာကို ခင္ဗ်ား မသိႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ အရင္တုန္းက အဲဒါကို လုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးသားမို႔လို႔ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.