Premier League

မန်စီးတီးရဲ့ ဆုဖလားအောင်ပွဲခံအစီအစဉ် အသေးစိတ် ထွက်ပေါ်လာ

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ညနေ အစ်တီဟတ်ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားတော့မှာ ဖြစ်ပါတယ်။

ဆုဖလားအနိင်ရရှိမှုကို စနေနေ့ညမှာ အဆင့် ၂ နေရာက အာဆင်နယ်ဟာ နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးဟာ ဒီပွဲမတိုင်ခင်တုန်းက တနင်္ဂနွေနေ့မှာ ချဲလ်ဆီးကို အနိုင်ရမှသာ ဆုဖလားကိုင်မြှောက်နိုင်မယ်လို့ သိထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအတွက် ဆုဖလား ၃ လုံး တပြိုင်နက် ရရှိနိုင်တဲ့အခြေအနေပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ကစားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းခေါင်းဆောင် ဂန်ဒိုဝမ်က ယနေ့ညမှာ ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားမှာဖြစ်ပြီး မန်ချက်စတာစီးတီးအတွက် ချဲလ်ဆီးနဲ့ ကစားမယ့် ယနေ့ညနေ ပွဲစဉ်ဟာ ယခုရာသီရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တာကြောင့် အောင်ပွဲခံဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်နေတာဖြစ်ပါတယ်။

ဂန်ဒိုဝမ်ဆီကို ပရီးမီးယားလိဂ်ဖလားကြီး ပေးအပ်မယ့်သူကတော့ မန်ချက်စတာစီးတီးဂိုးသမားဟောင်း အဲလက်စ် ဝီလီယံစ်ဖြစ်ပြီး ၃၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် မန်ချက်စတာစီးတီးအသင်းကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဟက်ဒါစ်ဖီး တောင်း(၁၉၂၄-၁၉၂၆)၊ အာဆင်နယ်(၁၉၃၃-၁၉၃၅)၊ လီဗာပူးလ်(၁၉၈၂-၁၉၈၄)၊ မန်ချက်စတာယူနိုက်တက်(၁၉၉၉-၂၀၀၁၊ ၂၀၀၇-၂၀၀၉)တို့နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်တဲ့ ပဉ္စမမြောက်အသင်းဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းဟာ ယေန႔ညေန အစ္တီဟတ္ကြင္းမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္အၿပီးမွာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္သြားေတာ့မွာ ျဖစ္ပါတယ္။

ဆုဖလားအနိင္ရရွိမႈကို စေနေန႔ညမွာ အဆင့္ ၂ ေနရာက အာဆင္နယ္ဟာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အတည္ျပဳႏိုင္ခဲ့တာျဖစ္ၿပီး မန္စီးတီးဟာ ဒီပြဲမတိုင္ခင္တုန္းက တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးကို အႏိုင္ရမွသာ ဆုဖလားကိုင္ေျမႇာက္ႏိုင္မယ္လို႔ သိထားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအတြက္ ဆုဖလား ၃ လုံး တၿပိဳင္နက္ ရရွိႏိုင္တဲ့အေျခအေနပိုမိုေကာင္းမြန္လာခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ အႏိုင္ကစားဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းေခါင္းေဆာင္ ဂန္ဒိုဝမ္က ယေန႔ညမွာ ၆ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္သြားမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအတြက္ ခ်ဲလ္ဆီးနဲ႔ ကစားမယ့္ ယေန႔ညေန ပြဲစဥ္ဟာ ယခုရာသီရဲ႕ ေနာက္ဆုံး အိမ္ကြင္းပြဲစဥ္ျဖစ္တာေၾကာင့္ ေအာင္ပြဲခံဖို႔ အေကာင္းဆုံးနည္းလမ္းလည္း ျဖစ္ေနတာျဖစ္ပါတယ္။

ဂန္ဒိုဝမ္ဆီကို ပရီးမီးယားလိဂ္ဖလားႀကီး ေပးအပ္မယ့္သူကေတာ့ မန္ခ်က္စတာစီးတီးဂိုးသမားေဟာင္း အဲလက္စ္ ဝီလီယံစ္ျဖစ္ၿပီး ၃၃ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္းကေန အနားယူခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ဟက္ဒါစ္ဖီး ေတာင္း(၁၉၂၄-၁၉၂၆)၊ အာဆင္နယ္(၁၉၃၃-၁၉၃၅)၊ လီဗာပူးလ္(၁၉၈၂-၁၉၈၄)၊ မန္ခ်က္စတာယူႏိုက္တက္(၁၉၉၉-၂၀၀၁၊ ၂၀၀၇-၂၀၀၉)တို႔ေနာက္ပိုင္း ပရီးမီးယားလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ဆြတ္ခူးႏိုင္တဲ့ ပၪၥမေျမာက္အသင္းျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.