Premier League

မန်စီးတီးကို ဂန္တဝင်အသင်းဖြစ်လာအောင် လုပ်ဖို့ စိန်ခေါ်ခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ အင်္ဂလန်မှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ဖို့ လုံလုံလောက်လောက် စွမ်းဆောင်ပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးနည်းပြက ၎င်းရဲ့ ကမ္ဘာကျော် ဘာစီလိုနာအသင်းလိုမျိုး မသေဆုံးနိုင်တဲ့အသင်းမျိုးဖြစ်လာစေဖို့ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ ကျန်နေသေးတယ်ဆိုတာကို သိရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ရမှတ် ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး ပြည်တွင်းဖလား ၃ လုံးစလုံးကို တပြိုင်နက် ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး အသင်းလည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပဖလားဟာ ဂွါဒီယိုလာဟာ ၂၀၀၉ ခုနှစ်မှာ နည်းပြအဖြစ် ပထမဆုံး ကိုင်တွယ်တဲ့ရာသီမှာ ရရှိခဲ့တဲ့အရာဖြစ်ပေမယ့်လည်း မန်ချက်စတာစီးတီးအတွက်တော့ တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာက မန်ချက်စတာစီးတီး ကစားသမားတွေကို ဘာစီလိုနာရဲ့ ကြီးကျယ်ခမ်းနားတဲ့ တီကီ တာကာအသင်းအတိုင်း လိုက်လုပ်ပြဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

“ဒီအသင်းက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် မီဒီယာတွေနဲ့ လူတွေက ကျွန်တော်တို့ ဥရောပမှာ အနိုင်ရမှ အကြီးကျယ်အခမ်းအနားဆုံးအသင်းတစ်သင်း(ဘာစီလိုနာ ၂၀၀၈-၂၀၁၅)နဲ့ တူညီတဲ့အသင်းမျိုးလို့ သတ်မှတ်လို့ရမယ်ဆိုတဲ့ ပြောဆိုမှုတွေကို သဘောတူပါတယ်။ အဲဒီအသင်းတွေက တစ်ကြိမ်တည်း အနိုင်ရခဲ့တာမဟုတ်ပါဘူး။ ဥရောပမှာ အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့တာပါ”

“ကျွန်တော်တို့အတွက် ဒီမှာ ရှိပြီးရင်း ရှိနေရတာက အံ့အားသင့်စရာကောင်းပါတယ်။ ပျော်ရွှင်မှုက အရမ်းကောင်းပြီး အဲဒါကို ဘာကမှ ပြောင်းလဲလို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ယူဆခံချင်တယ်ဆိုရင် ချန်ပီယံလိဂ်ကို အနိုင်ရရပါမယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော့် အမြင်က ပြောင်းလဲသွားမှာမဟုတ်ပေမယ့် စာအုပ်တွေထဲမှာ ရှိနေဖို့၊ စစ်မှန်တဲ့(မှတ်တမ်း)စာအုပ်တွေထဲမှာရှိနေဖို့ကတော့ အဲဒါကို လုပ်မှရမယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာလက်အောက်မှာ ဘာစီလိုနာအသင်းဟာ ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ်တို့မှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ဂျရတ် ပီကေး၊ ပူယိုးလ်၊ ဘူးစကတ်တို့က မက်ဆီ တောက်ပနိုင်အောင် ထောက်ပံ့ပေးခဲ့ကြတာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးက သမိုင်းဝင်ရာသီဖြစ်နိုင်ခြေရှိတဲ့ ရာသီရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေချိန်မှာ ထူးထူးခြားခြား သက်တောင့်သက်သာရှိနေပုံပေါ်ပြီး ယနေ့ညနေမှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်လက်ကျန် နောက်ဆုံး ၃ ပွဲထဲက တစ်ပွဲအဖြစ် စတင်ကစားသွားရမှာဖြစ်ပါတယ်။

ဒီပွဲပြီးရင်တော့ မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဗိုလ်လုပွဲ၊ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဂွါဒီယိုလာရဲ့ ပုံမှန်ခြေစွမ်းအရှိဆုံးကစားသမားတွေထဲက အချို့ဖြစ်တဲ့ ဂရီးလစ်ရှ်နဲ့ ဂျွန် စတုန်းစ်တို့ကတော့ ကာလရှည် အနားယူရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပက္ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးဟာ အဂၤလန္မွာ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ သတ္မွတ္ဖို႔ လုံလုံေလာက္ေလာက္ စြမ္းေဆာင္ျပႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးနည္းျပက ၎ရဲ႕ ကမာၻေက်ာ္ ဘာစီလိုနာအသင္းလိုမ်ိဳး မေသဆုံးႏိုင္တဲ့အသင္းမ်ိဳးျဖစ္လာေစဖို႔ ခ်န္ပီယံလိဂ္ဖလားကို အရယူႏိုင္ဖို႔ က်န္ေနေသးတယ္ဆိုတာကို သိရွိေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ရမွတ္ ၁၀၀ ျပည့္ေျမာက္တဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ၿပီး ျပည္တြင္းဖလား ၃ လုံးစလုံးကို တၿပိဳင္နက္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ပထမဆုံး အသင္းလည္း ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဥေရာပဖလားဟာ ဂြါဒီယိုလာဟာ ၂၀၀၉ ခုႏွစ္မွာ နည္းျပအျဖစ္ ပထမဆုံး ကိုင္တြယ္တဲ့ရာသီမွာ ရရွိခဲ့တဲ့အရာျဖစ္ေပမယ့္လည္း မန္ခ်က္စတာစီးတီးအတြက္ေတာ့ တစ္ႀကိမ္တစ္ခါမွ မရရွိခဲ့ဖူးတဲ့ ေအာင္ျမင္မႈတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီး ကစားသမားေတြကို ဘာစီလိုနာရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ တီကီ တာကာအသင္းအတိုင္း လိုက္လုပ္ျပဖို႔ စိန္ေခၚခဲ့တာျဖစ္ပါတယ္။

“ဒီအသင္းက တကယ္ကို ေကာင္းပါတယ္။ ဒါေပမယ့္ မီဒီယာေတြနဲ႔ လူေတြက ကြၽန္ေတာ္တို႔ ဥေရာပမွာ အႏိုင္ရမွ အႀကီးက်ယ္အခမ္းအနားဆုံးအသင္းတစ္သင္း(ဘာစီလိုနာ ၂၀၀၈-၂၀၁၅)နဲ႔ တူညီတဲ့အသင္းမ်ိဳးလို႔ သတ္မွတ္လို႔ရမယ္ဆိုတဲ့ ေျပာဆိုမႈေတြကို သေဘာတူပါတယ္။ အဲဒီအသင္းေတြက တစ္ႀကိမ္တည္း အႏိုင္ရခဲ့တာမဟုတ္ပါဘူး။ ဥေရာပမွာ အႀကိမ္ေပါင္းမ်ားစြာ အႏိုင္ရခဲ့တာပါ”

“ကြၽန္ေတာ္တို႔အတြက္ ဒီမွာ ရွိၿပီးရင္း ရွိေနရတာက အံ့အားသင့္စရာေကာင္းပါတယ္။ ေပ်ာ္႐ႊင္မႈက အရမ္းေကာင္းၿပီး အဲဒါကို ဘာကမွ ေျပာင္းလဲလို႔ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔သာ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းလို႔ ယူဆခံခ်င္တယ္ဆိုရင္ ခ်န္ပီယံလိဂ္ကို အႏိုင္ရရပါမယ္။ အဲဒီလိုမွမဟုတ္ရင္ ကြၽန္ေတာ့္ အျမင္က ေျပာင္းလဲသြားမွာမဟုတ္ေပမယ့္ စာအုပ္ေတြထဲမွာ ရွိေနဖို႔၊ စစ္မွန္တဲ့(မွတ္တမ္း)စာအုပ္ေတြထဲမွာရွိေနဖို႔ကေတာ့ အဲဒါကို လုပ္မွရမယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဂြါဒီယိုလာလက္ေအာက္မွာ ဘာစီလိုနာအသင္းဟာ ၂၀၀၉ နဲ႔ ၂၀၁၁ ခုႏွစ္တို႔မွာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ရတ္ ပီေကး၊ ပူယိုးလ္၊ ဘူးစကတ္တို႔က မက္ဆီ ေတာက္ပႏိုင္ေအာင္ ေထာက္ပံ့ေပးခဲ့ၾကတာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ မန္ခ်က္စတာစီးတီးက သမိုင္းဝင္ရာသီျဖစ္ႏိုင္ေျခရွိတဲ့ ရာသီရဲ႕ ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနခ်ိန္မွာ ထူးထူးျခားျခား သက္ေတာင့္သက္သာရွိေနပုံေပၚၿပီး ယေန႔ညေနမွာ ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္လက္က်န္ ေနာက္ဆုံး ၃ ပြဲထဲက တစ္ပြဲအျဖစ္ စတင္ကစားသြားရမွာျဖစ္ပါတယ္။

ဒီပြဲၿပီးရင္ေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အက္ဖ္ေအဗိုလ္လုပြဲ၊ အင္တာမီလန္နဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေတြကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ ပုံမွန္ေျခစြမ္းအရွိဆုံးကစားသမားေတြထဲက အခ်ိဳ႕ျဖစ္တဲ့ ဂရီးလစ္ရွ္နဲ႔ ဂြၽန္ စတုန္းစ္တို႔ကေတာ့ ကာလရွည္ အနားယူရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.