Premier League

ပရိသတ်တွေကြားမှာ ပျံ့နှံ့လာတဲ့ အာဆင်နယ်ပွဲကို ကြည့်ရှုခဲ့တဲ့ စီးတီးကစားသမားတွေရဲ့ ဗီဒီယို

မန်ချက်စတာစီးတီး ကစားသမားတွေဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ ကစားခဲ့တဲ့ အာဆင်နယ်ပွဲကို လူစုံတက်စုံ ကြည့်ရှုခဲ့ကြပြီး ချန်ပီယံဖြစ်သွားပြီဆိုတာကို သိလိုက်ရတဲ့အခိုက်အတန့်မှာ အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်က ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းအတွက် ၃ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်ခဲ့တာမဟုတ်ဘဲ အာဆင်နယ်အသင်းဟာ တစ်ရာသီလုံးကို အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေရဲ့ မကြာသေးမီက ခြေစွမ်းပိုင်း ကျဆင်းလာမှုနဲ့အတူ မန်ချက်စတာစီးတီးက အကောင်းဆုံးပုံစံ ရရှိနေမှုကြောင့် ဂွါဒီယိုလာရဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးက အာတီတာရဲ့အသင်းကို လိုက်မီခဲ့ပြီး ကျော်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့အာဆင်နယ်ကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် နိုင်ပွဲ ၁ ပွဲသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့ အစ်တီဟတ်မှာ ကစားရမယ့်ပွဲမှာ ချဲလ်ဆီးကို အနိုင်ရရှိရင် ချန်ပီယံဖြစ်သွားမှာဖြစ်တယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း စနေနေ့ညနေမှာ ကစားခဲ့တဲ့ အာဆင်နယ်က နောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ တနင်္ဂနွေနေ့အထိတောင် မစောင့်လိုက်ရတာဖြစ်ပါတယ်။

ပွဲအပြီး စီးတီးဂရောင်းကွင်းထဲမှာ အလွန်ကောင်းမွန်တဲ့ မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပြီး နော်တင်ဟမ် ဖောရက်စ်အသင်းဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမိးယားလိဂ်ပြိုင်ပွဲမှာ ရှင်သန် ကျန်ရစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ကစားသမားတွေဟာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလန်အနောက်မြောက်ဘက်မှာ အောင်ပွဲခံမှုတွေက ပိုမိုခဲ့ပြီး မန်ချက်စတာစီးတီးကစားသမားတွေဟာ အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ပွဲကို အတူတူ ကြည့်ရှုရင်း ပွဲအပြီး ဝီစီမှုတ်ချိန်မှာ အားပါးတရ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကစားသမားတွေရဲ့ အောင်ပွဲခံနေတဲ့ မြင်ကွင်းဟာ ၂၀၁၆ ခုနှစ်တုန်းက ဂျေမီ ဗာဒီရဲ့ အိမ်မှာ လက်စတာစီးတီးအသင်းသားတွေ အောင်ပွဲခံခဲ့တာကိုတောင် ပြန်လည် အမှတ်ရစေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ ယနေ့ညနေ အစ်တီဟတ်မှာ ချဲလ်ဆီးအသင်းကစားသမားတွေရဲ့ Guard of Honour နဲ့ ကြိုဆိုခြင်းခံရတော့မှာဖြစ်ပြီး မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ခေတ်သစ်မှာ တတိယအကြိမ် ၃ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဖြစ်လာခဲ့ပြီဖြစ်ပြီး ကျန်တဲ့ ၂ ကြိမ်ကတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီး ကစားသမားေတြဟာ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ အာဆင္နယ္ပြဲကို လူစုံတက္စုံ ၾကည့္ရႈခဲ့ၾကၿပီး ခ်န္ပီယံျဖစ္သြားၿပီဆိုတာကို သိလိုက္ရတဲ့အခိုက္အတန႔္မွာ ေအာင္ပြဲခံခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္က ပရိသတ္ေတြၾကားမွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအတြက္ ၃ ႏွစ္ဆက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ လြယ္လြယ္ကူကူနဲ႔ လုပ္ေဆာင္ႏိုင္ခဲ့တာမဟုတ္ဘဲ အာဆင္နယ္အသင္းဟာ တစ္ရာသီလုံးကို အမွတ္ေပးဇယားထိပ္ဆုံးကေန ဦးေဆာင္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြရဲ႕ မၾကာေသးမီက ေျခစြမ္းပိုင္း က်ဆင္းလာမႈနဲ႔အတူ မန္ခ်က္စတာစီးတီးက အေကာင္းဆုံးပုံစံ ရရွိေနမႈေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းက အမွတ္ေပးဇယားထိပ္ဆုံးက အာတီတာရဲ႕အသင္းကို လိုက္မီခဲ့ၿပီး ေက်ာ္တက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့တဲ့အာဆင္နယ္ေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းဟာ ၆ ႏွစ္အတြင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ႏိုင္ပြဲ ၁ ပြဲသာ လိုအပ္ေတာ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ တနဂၤေႏြေန႔ အစ္တီဟတ္မွာ ကစားရမယ့္ပြဲမွာ ခ်ဲလ္ဆီးကို အႏိုင္ရရွိရင္ ခ်န္ပီယံျဖစ္သြားမွာျဖစ္တယ္လို႔ ထင္မွတ္ခဲ့ေပမယ့္လည္း စေနေန႔ညေနမွာ ကစားခဲ့တဲ့ အာဆင္နယ္က ေနာက္ထပ္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းဟာ တနဂၤေႏြေန႔အထိေတာင္ မေစာင့္လိုက္ရတာျဖစ္ပါတယ္။

ပြဲအၿပီး စီးတီးဂေရာင္းကြင္းထဲမွာ အလြန္ေကာင္းမြန္တဲ့ ျမင္ကြင္းေတြကို ျမင္ေတြ႕ခဲ့ရၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းဟာ အာဆင္နယ္ကို အႏိုင္ရရွိခဲ့တာေၾကာင့္ ပရီးမိးယားလိဂ္ၿပိဳင္ပြဲမွာ ရွင္သန္ က်န္ရစ္ႏိုင္ခဲ့ၿပီျဖစ္တဲ့အတြက္ ကစားသမားေတြဟာ ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။

အဂၤလန္အေနာက္ေျမာက္ဘက္မွာ ေအာင္ပြဲခံမႈေတြက ပိုမိုခဲ့ၿပီး မန္ခ်က္စတာစီးတီးကစားသမားေတြဟာ အာဆင္နယ္နဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ပြဲကို အတူတူ ၾကည့္ရႈရင္း ပြဲအၿပီး ဝီစီမႈတ္ခ်ိန္မွာ အားပါးတရ ေအာင္ပြဲခံခဲ့ၾကတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကစားသမားေတြရဲ႕ ေအာင္ပြဲခံေနတဲ့ ျမင္ကြင္းဟာ ၂၀၁၆ ခုႏွစ္တုန္းက ေဂ်မီ ဗာဒီရဲ႕ အိမ္မွာ လက္စတာစီးတီးအသင္းသားေတြ ေအာင္ပြဲခံခဲ့တာကိုေတာင္ ျပန္လည္ အမွတ္ရေစခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဂြါဒီယိုလာရဲ႕အသင္းဟာ ယေန႔ညေန အစ္တီဟတ္မွာ ခ်ဲလ္ဆီးအသင္းကစားသမားေတြရဲ႕ Guard of Honour နဲ႔ ႀကိဳဆိုျခင္းခံရေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ေခတ္သစ္မွာ တတိယအႀကိမ္ ၃ ႏွစ္ဆက္ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းျဖစ္လာခဲ့ၿပီျဖစ္ၿပီး က်န္တဲ့ ၂ ႀကိမ္ကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္က ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.