Premier League

စီးတီးကို ဖလားပေးခဲ့ရတဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ အာတီတာနဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်နည်းပြ အာတီတာဟာ နော်တင်ဟမ် ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံတွေဖြစ်သွားခဲ့ပြီဖြစ်တဲ့ မန်ချက်စတာစီးတီးကို ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ နောက်ဆုံး ၅ ပွဲမှာ တတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်ဟာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ တိုင်ဝို အဝိုနီယီရဲ့ သွင်းဂိုးကြောင့် ၁-၀ နဲ့ ထိုက်တန်တဲ့ နိုင်ပွဲရရှိခဲ့တဲ့အတွက် တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ စနေနေ့ညမှာ ပြိုင်ပွဲထဲကို ပြန်ဝင်နိုင်ဖို့ နည်းလမ်းရှာမတွေ့ခဲ့ပုံပေါ်ခဲ့ပြီး ဒုတိယပိုင်းမှာ ရှင်းလင်းပြတ်သားတဲ့ ဂိုးသွင်းဖို့ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်းမရှိခဲ့တာကလည်း ရှုံးနိမ့်ဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာက ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်ခဲ့ပြီဖြစ်တဲ့ မန်ချက်စတာစီးတီးကို ဂုဏ်ပြုစကားပြောဆိုခဲ့ပြီး အာဆင်နယ်ရဲ့ ရှုံးနိမ့်မှုအတွက် ၎င်းမှာ တာဝန်ရှိတာကြောင့် တာဝန်ယူသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပထမဆုံးအနေနဲ့ ချန်ပီယံရှစ်ရခဲ့တဲ့ မန်စီးတီးကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အတွက် ဝမ်းနည်းစရာနေ့တစ်နေ့ပါ။ အခု ကျွန်တော်တို့ အမှန်တရားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနေ့ ကျွန်တော်တို့ ဂိုးပေးခဲ့ရပြီး သူတို့ခံစစ်ကို ထိုးဖောက်နိုင်လောက်အောင် မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်တို့ ၃ နာရီလောက် ကစားရရင်တောင် အဲဒါကို လုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ အဲဒါက ကျွန်တော့် တာဝန်ဖြစ်ပြီး ကျွန်တော် တာဝန်ယူသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကလည်း အာဆင်နယ်အနေနဲ့ ရာသီကုန်ခါနီးမှ ခြေချော်သွားခဲ့ပေမယ့်လည်း တစ်ရာသီလုံး လုပ်နိုင်ခဲ့တာတွေကို ဂုဏ်ယူသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“နွေရာသီမတိုင်ခင်အထိတော့ အခြေအနေတွေက တည်ငြိမ်ဦးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြစ်ခဲ့တဲ့ပုံစံအတွက် အရမ်းစိတ်ပျက်ခဲ့မိပေမယ့်လည်း ကျွန်တော်တို့ ဒီအခြေအနေအထိရောက်အောင် တွန်းအားပေးလုပ်ဆောင်ခဲ့တာအတွက် ဂုဏ်ယူမိပါတယ်။ ၆ ရာသီအတွင်းမှာ ဆုဖလားရဖို့ မန်ချက်စတာစီးတီးကို အနိုင်ယူနိုင်ခဲ့တဲ့အသင်း တစ်သင်းပဲရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေခဲ့တာနဲ့ပဲ ဆိုင်ပါတယ်”

“ကျွန်တော်တို့ အနိုင်ရခဲ့သင့်တဲ့ပွဲစဉ်တွေမှာ တစ်ဦးချင်းအမှားတွေ ရှိခ့တယ်။ ကျွန်တော်တို့ အဲဒီပွဲစဉ်တွေကို အနိုင်ရနိုင်တဲ့ အနေအထားမှာရှိခဲ့တယ်။ ဖောရက်စ်ကို ချီးကျူးပါတယ်။ သူတို့တွေရဲ့ ရှင်သန်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီလိုမျိုး ပွဲစဉ်ဖြစ်လိမ့်မယ်ဆိုတာ သိခဲ့ပြီးသားပါ။ ကျွန်တော်တို့ သူတို့ကို မဖြိုခွဲနိုင်ခဲ့ဘူး။ ကျွန်တော်တို့ မှော်ဆန်တဲ့အခိုက်အတန့်တွေ ကင်းမဲ့နေခဲ့ပြီး တန်ပြန်တိုက်စစ်မှာ အပြစ်ပေးခံခဲ့ရပါတယ်။ ကျွန်တော်တို့ တွန်းအားပေးပြီးရင်း ပေးခဲ့ပေမယ့် သူတို့ကို မဖြိုခွဲနိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြျဖစ္သြားခဲ့ၿပီျဖစ္တဲ့ မန္ခ်က္စတာစီးတီးကို ဂုဏ္ျပဳစကား ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ေနာက္ဆုံး ၅ ပြဲမွာ တတိယေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္ဟာ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ တိုင္ဝို အဝိုနီယီရဲ႕ သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ ထိုက္တန္တဲ့ ႏိုင္ပြဲရရွိခဲ့တဲ့အတြက္ တန္းဆင္းဇုန္ကေန လြတ္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ စေနေန႔ညမွာ ၿပိဳင္ပြဲထဲကို ျပန္ဝင္ႏိုင္ဖို႔ နည္းလမ္းရွာမေတြ႕ခဲ့ပုံေပၚခဲ့ၿပီး ဒုတိယပိုင္းမွာ ရွင္းလင္းျပတ္သားတဲ့ ဂိုးသြင္းဖို႔ အခြင့္အေရးေတြကို အသုံးခ်ႏိုင္ျခင္းမရွိခဲ့တာကလည္း ရႈံးနိမ့္ဖို႔ ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာတီတာက ၃ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ခ်န္ပီယံေတြျဖစ္ခဲ့ၿပီျဖစ္တဲ့ မန္ခ်က္စတာစီးတီးကို ဂုဏ္ျပဳစကားေျပာဆိုခဲ့ၿပီး အာဆင္နယ္ရဲ႕ ရႈံးနိမ့္မႈအတြက္ ၎မွာ တာဝန္ရွိတာေၾကာင့္ တာဝန္ယူသြားမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ပထမဆုံးအေနနဲ႔ ခ်န္ပီယံရွစ္ရခဲ့တဲ့ မန္စီးတီးကို ဂုဏ္ျပဳပါတယ္။ ကြၽန္ေတာ္တို႔အတြက္ ဝမ္းနည္းစရာေန႔တစ္ေန႔ပါ။ အခု ကြၽန္ေတာ္တို႔ အမွန္တရားနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ဒီေန႔ ကြၽန္ေတာ္တို႔ ဂိုးေပးခဲ့ရၿပီး သူတို႔ခံစစ္ကို ထိုးေဖာက္ႏိုင္ေလာက္ေအာင္ မေကာင္းမြန္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ၃ နာရီေလာက္ ကစားရရင္ေတာင္ အဲဒါကို လုပ္ႏိုင္ခဲ့မွာမဟုတ္ပါဘူး။ အဲဒါက ကြၽန္ေတာ့္ တာဝန္ျဖစ္ၿပီး ကြၽန္ေတာ္ တာဝန္ယူသြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကလည္း အာဆင္နယ္အေနနဲ႔ ရာသီကုန္ခါနီးမွ ေျခေခ်ာ္သြားခဲ့ေပမယ့္လည္း တစ္ရာသီလုံး လုပ္ႏိုင္ခဲ့တာေတြကို ဂုဏ္ယူသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေႏြရာသီမတိုင္ခင္အထိေတာ့ အေျခအေနေတြက တည္ၿငိမ္ဦးမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ျဖစ္ခဲ့တဲ့ပုံစံအတြက္ အရမ္းစိတ္ပ်က္ခဲ့မိေပမယ့္လည္း ကြၽန္ေတာ္တို႔ ဒီအေျခအေနအထိေရာက္ေအာင္ တြန္းအားေပးလုပ္ေဆာင္ခဲ့တာအတြက္ ဂုဏ္ယူမိပါတယ္။ ၆ ရာသီအတြင္းမွာ ဆုဖလားရဖို႔ မန္ခ်က္စတာစီးတီးကို အႏိုင္ယူႏိုင္ခဲ့တဲ့အသင္း တစ္သင္းပဲရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လုပ္ေနခဲ့တာနဲ႔ပဲ ဆိုင္ပါတယ္”

“ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့သင့္တဲ့ပြဲစဥ္ေတြမွာ တစ္ဦးခ်င္းအမွားေတြ ရွိခ့တယ္။ ကြၽန္ေတာ္တို႔ အဲဒီပြဲစဥ္ေတြကို အႏိုင္ရႏိုင္တဲ့ အေနအထားမွာရွိခဲ့တယ္။ ေဖာရက္စ္ကို ခ်ီးက်ဴးပါတယ္။ သူတို႔ေတြရဲ႕ ရွင္သန္မႈအတြက္ တိုက္ပြဲဝင္ခဲ့ၾကတယ္။ ဒီလိုမ်ိဳး ပြဲစဥ္ျဖစ္လိမ့္မယ္ဆိုတာ သိခဲ့ၿပီးသားပါ။ ကြၽန္ေတာ္တို႔ သူတို႔ကို မၿဖိဳခြဲႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ ကင္းမဲ့ေနခဲ့ၿပီး တန္ျပန္တိုက္စစ္မွာ အျပစ္ေပးခံခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ တြန္းအားေပးၿပီးရင္း ေပးခဲ့ေပမယ့္ သူတို႔ကို မၿဖိဳခြဲႏိုင္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.