Premier League

ပရီးမီးယားလိဂ်ဖလားအောင်ပွဲခံရာမှာ ဂန်းနားတွေကို လှောင်ပြောင်ခဲ့တဲ့ စီးတီးပရိသတ်

မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့ညနေမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိခဲ့ပြီးနောက် ပရိသတ်တွေဟာ အစ်တီဟတ် ကွင်းအပြင်ဘက်မှာ အောင်ပွဲခံခဲ့ကြပြီး ပရိသတ်တစ်ဦးက အာဆင်နယ်ကို လှောင်ပြောင်ဖို့ အခွင့်အရေးကို အရယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့ညနေမှာ နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းဟာ ၃ ပွဲကစားဖို့ ကျန်နေသေးချိန်မှာ  ၂၀၂၂-၂၀၂၂၃ ရာသီရဲ့ ချန်ပီယံတွေဖြစ်သွားခဲ့ပြီဆိုတာကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဧပြီလအစအထိ ဂွါဒီယိုလာရဲ့အသင်းကို ၈ မှတ်အထိ အပြတ်အသတ် ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို အလဟဿ လွှင့်ပစ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံး ၈ ပွဲမှာ အာဆင်နယ်အသင်းက ၂၄ မှတ် ရနိုင်ခြေရှိတဲ့အထဲကနေ ၉ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကတော့ အမှတ်ပေးဖလားပြိုင်ဘက်တွေကို ပြန်လည်ဦးဆောင်နိုင်ဖို့ ၁၁ ပွဲဆက်တိုက် နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စနေနေ့ ညနေ အစ်တီဟတ်ကွင်းအပြင်ဘက်မှာ အောင်ပွဲခံနေချိန်အတွင်း ပရိသတ်တစ်ဦးက အာတီတာရဲ့အသင်းက ဦးဆောင်ထားနိုင်မှုကို လွှင့်ပစ်ခဲ့တာကို သတိပေးတဲ့အနေနဲ့ အာဆင်နယ်လို့ ရေးသားထားတဲ့ ရေသန့်ဗူးခွံကို ယူဆောင်လာခဲ့တာဖြစ်ပြီး မန်စီးတီးက တနင်္ဂနွေနေ့ညနေ အစ်တီဟတ်မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ကစားချိန်မှာ ဂန်းနားတွေကို ၇ မှတ်အထိ ဖြတ်ထားနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့ညနေမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိခဲ့ပြီးနောက် ပရိသတ်တွေဟာ အစ်တီဟတ် ကွင်းအပြင်ဘက်မှာ အောင်ပွဲခံခဲ့ကြပြီး ပရိသတ်တစ်ဦးက အာဆင်နယ်ကို လှောင်ပြောင်ဖို့ အခွင့်အရေးကို အရယူခဲ့တာဖြစ်ပါတယ်။





REF: INTERNET SOURCES
SPORTS A2Z.