Premier League

ဒဏ်ကြေးချခဲ့တဲ့ အက်ဖ်အေကို ဒဲ့ဖြုတ်လိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်ဟာ အက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်မှုကို ခံခဲ့ရပြီးနောက် ဒဏ်ကြေး ပေါင် ၇၅၀၀၀ ကို ပေးချေဖို့ ငြင်းဆန်နိုင်တယ်လို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားကို ပြောကြားခဲ့ပုံပေါ်ပါတယ်။

လီဗာပူးလ်နည်းပြဟာ တော့တင်ဟမ်ဟော့စပါးကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ပေါလ် တီယာနီနဲ့ အချင်းများခဲ့ပြီးနောက် ၂ ပွဲပယ် ပြစ်ဒဏ်နဲ့ ကြီးမားတဲ့ ဒဏ်ကြေး ပေါင် ၇၅၀၀၀ အထိ တပ်ရိုက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကလော့ပ်က တီယာနီဟာ ၎င်းရဲ့အသင်းနဲ့ ဆန့်ကျင်ဖို့ အစီအစဉ်ရှိခဲ့တယ်လို့ စွပ်စွဲခဲ့သလို ပွဲပြီး အင်တာဗျူးမှာလည်း ဒိုင်လူကြီးကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုရာသီ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ယနေ့ညနေ အက်စတန် ဗီလာနဲ့ ကစားမယ့်ပွဲစဉ်ကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုသွားရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ငွေကြေး ပြစ်ဒဏ်ချမှတ်မှုအပိုင်းနဲ့ပတ်သက်ပြီး ယာဂန် ကလော့ပ်အနေနဲ့ အက်ဖ်အေက ပိုက်ဆံတွေကို ဘယ်မှာ သုံးစွဲမလဲဆိုတာ မပြောဘူးဆိုရင် ပေါင် ၇၅၀၀၀ ကို ပေးချေဖို့ ဆိုင်းငံ့ထားဖွယ်ရှိနေတာဖြစ်ပါတယ်။

အက်စတန် ဗီလာနဲ့ ပွဲမတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က “ကျွန်တော် ပြောခဲ့တဲ့အရာအားလုံးနဲ့ပတ်သက်ပြီး အပြစ်ပေးခံရမှုကို မျှော်လင့်ထားပြီးဖြစ်ပြီး အဲဒါ အဆင်ပြေပါတယ်။ကျွန်တော် သိချင်တာက အမြဲတမ်းပဲ သိချင်ခဲ့တာက ဒီပိုက်ဆံတွေက ဘယ်ရောက်သွားမှာလဲ။ ကောင်းတဲ့နေရာမှာ သုံးမယ်ဆိုရင်တော့ ကျွန်တော် အဲဒါကို ပျော်ပျော်ကြီး ပေးမှာပါ။ တကယ်လို့ အက်ဖ်အေက အဲဒီပိုက်ဆံယူထားမယ်ဆိုရင်တော့ ကျွန်တော်တို့ နောက်ထပ် စကားပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက တော်တော်လေး ပြင်းထန်လို့ပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို အသက်ဆက်နိုင်ဖို့ ယနေ့ညနေမှာ အက်စတန် ဗီလာအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားသွားဖို့ မျှော်လင့်နေမှာဖြစ်ပြီး လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ အဆင့် ၄ နေရာက မန်ယူနိုက်တက်ထက် ၁ ပွဲပို ၁ မှတ်လျော့နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္ဟာ အက္ဖ္ေအရဲ႕ ျပစ္ဒဏ္ခ်မွတ္မႈကို ခံခဲ့ရၿပီးေနာက္ ဒဏ္ေၾကး ေပါင္ ၇၅၀၀၀ ကို ေပးေခ်ဖို႔ ျငင္းဆန္ႏိုင္တယ္လို႔ အဓိပၸာယ္သက္ေရာက္တဲ့ စကားကို ေျပာၾကားခဲ့ပုံေပၚပါတယ္။

လီဗာပူးလ္နည္းျပဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီနဲ႔ အခ်င္းမ်ားခဲ့ၿပီးေနာက္ ၂ ပြဲပယ္ ျပစ္ဒဏ္နဲ႔ ႀကီးမားတဲ့ ဒဏ္ေၾကး ေပါင္ ၇၅၀၀၀ အထိ တပ္႐ိုက္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ကေလာ့ပ္က တီယာနီဟာ ၎ရဲ႕အသင္းနဲ႔ ဆန႔္က်င္ဖို႔ အစီအစဥ္ရွိခဲ့တယ္လို႔ စြပ္စြဲခဲ့သလို ပြဲၿပီး အင္တာဗ်ဴးမွာလည္း ဒိုင္လူႀကီးကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ၿပီး ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ယခုရာသီ ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္အျဖစ္ ယေန႔ညေန အက္စတန္ ဗီလာနဲ႔ ကစားမယ့္ပြဲစဥ္ကို ပြဲၾကည့္စင္ကေနသာ ၾကည့္ရႈသြားရေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေငြေၾကး ျပစ္ဒဏ္ခ်မွတ္မႈအပိုင္းနဲ႔ပတ္သက္ၿပီး ယာဂန္ ကေလာ့ပ္အေနနဲ႔ အက္ဖ္ေအက ပိုက္ဆံေတြကို ဘယ္မွာ သုံးစြဲမလဲဆိုတာ မေျပာဘူးဆိုရင္ ေပါင္ ၇၅၀၀၀ ကို ေပးေခ်ဖို႔ ဆိုင္းငံ့ထားဖြယ္ရွိေနတာျဖစ္ပါတယ္။

အက္စတန္ ဗီလာနဲ႔ ပြဲမတိုင္ခင္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က “ကြၽန္ေတာ္ ေျပာခဲ့တဲ့အရာအားလုံးနဲ႔ပတ္သက္ၿပီး အျပစ္ေပးခံရမႈကို ေမွ်ာ္လင့္ထားၿပီးျဖစ္ၿပီး အဲဒါ အဆင္ေျပပါတယ္။ကြၽန္ေတာ္ သိခ်င္တာက အၿမဲတမ္းပဲ သိခ်င္ခဲ့တာက ဒီပိုက္ဆံေတြက ဘယ္ေရာက္သြားမွာလဲ။ ေကာင္းတဲ့ေနရာမွာ သုံးမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ အဲဒါကို ေပ်ာ္ေပ်ာ္ႀကီး ေပးမွာပါ။ တကယ္လို႔ အက္ဖ္ေအက အဲဒီပိုက္ဆံယူထားမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ေနာက္ထပ္ စကားေျပာရပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ေတာ္ေတာ္ေလး ျပင္းထန္လို႔ပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ႏိုင္ဖို႔ ယေန႔ညေနမွာ အက္စတန္ ဗီလာအသင္းကို အိမ္ကြင္းမွာ အႏိုင္ကစားသြားဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး လက္ရွိမွာေတာ့ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ အဆင့္ ၄ ေနရာက မန္ယူႏိုက္တက္ထက္ ၁ ပြဲပို ၁ မွတ္ေလ်ာ့နဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.