Premier League

မာနေးနဲ့ စတားရစ်ချ်တို့ ငြင်းပယ်ခဲ့တဲ့ အခွင့်အရေး ပေးအပ်ခံခဲ့ရတဲ့ ဖာမီနို

လီဗာပူးလ်အသင်းက ယနေ့မှာ အက်စတန် ဗီလာကို ယခုရာသီရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် အန်းဖီးမှာ လက်ခံယှဉ်ပြိုင်ရာမှာ ၎င်းတို့ကို အောင်မြင်မှုတွေ အများကြီးရရှိအောင် ကူညီပေးခဲ့တဲ့ ကစားသမား ၄ ဦးကို နှုတ်ဆက်သွားမှာဖြစ်ပြီး မျက်ရည်တွေ ပြည့်နှက်နေမယ့် ပွဲတစ်ပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုအပတ်အစောပိုင်းမှာ ဂျိမ်းစ် မီလ်နာ၊ နာဘီ ကီးတား၊ ချိန်ဘာလိန်တို့ အားလုံးဟာ ရောဘတ်တို ဖာမီနိုနဲ့အတူ ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အသင်းကို စွန့်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူးလ်အသင်းက အန်းဖီးမှာ ကြယ်ပွင့်ကစားသမား ၄ ဦးကို အထူးအသိအမှတ်ပြုမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ရာသီကုန်ဆုံးပြီးနောက်မှာ အသင်းရဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေပေါ်ကနေ နောက်ထပ် ဂုဏ်ပြုမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗိုင်နယ်ဒွမ်၊ အိုရီဂီတို့ ၂ ဦးစလုံးဟာ The Champions Wall ပုံတူတွေ လက်ဆောင်ရခဲ့ပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ အသင်းဖော်တွေ လက်မှတ်ထိုးထားတဲ့ ၎င်းရဲ့  အကောင်းဆုံးအခိုက်အတန့်တွေကို စုစည်းထားမှုကိုလည်း ရရှိခဲ့တာကြောင့် ယခုနောက်ဆုံး ထွက်ခွာမယ့် ကစားသမား ၄ ဦးကလည်း အလားတူ ဂုဏ်ပြုမှုမျိုးရရှိမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။

ဒါပေမယ့် ဒီကစားသမား ၄ ဦးဟာ ခေတ်သစ် လီဗာပူးလ်ဂန္တဝင်တွေထဲက အများအပြား မရရှိခဲ့တဲ့ အန်းဖီးက ပရိသတ်တွေရှေ့မှာ နောက်ဆုံး ပွဲကို ပါဝင်ကစားပေးရင်း သေသေချာချာ နှုတ်ဆက်စကား ပြောဖို့ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။

နာဘီ ကီးတား သို့မဟုတ် ချိန်ဘာလိန်ကို အက်စတန် ဗီလာနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင် အံ့အားသင့်စရာ ဖြစ်လာမှာဖြစ်ပြီး ဂီနီယာကွင်းလယ်ကစားသမားဟာ ဖေဖော်ဝါရီလတုန်းက ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ် ပထမပိုင်းမှာ စိတ်ပျက်ဖွယ် ခြေစွမ်းပြသခဲ့ပြီးနောက် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံရပြီးကတည်းက ပါဝင်ကစားခွင့် မရရှိတော့တာဖြစ်ပါတယ်။

ဒါ့အပြင် ကီးတားဟာ မတ်လ နိုင်ငံတကာ အားလပ်ရက်အတွင်းမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် အဲဒီအချိန်ကတည်းက အသင်းလေ့ကျင့်ရေးမှာ ပါဝင်နိုင်ခြင်းမရှိတော့တာဖြစ်ပြီး ချိန်ဘာလိန်ကလည်း ဧပြီလအစမှာ မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားပြီးကတည်းက လီဗာပူးလ် ပွဲနေ့လူစာရင်းထဲတောင် ပါဝင်နိင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ချိန်ဘာလိန် မပါဝင်ချိန်မှာ ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အသက်သွင်းနိုင်စေမယ့် ၉ ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပေမယ့် ဖာမီနိုနဲ့ မီလ်နာတို့အတွက်တော့ မတူညီတဲ့ ဇာတ်လမ်းတစ်ခုဖြစ်လာမှာဖြစ်ပြီး လီဗာပူးလ်ဒုအသင်းခေါင်းဆောင်ဟာ ကြံ့ခိုင်မှုပြည့်ဝနေတာဖြစ်ပါတယ်။

ဂျိမ်းစ် မီလ်နာဟာ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ယခုရာသီမှာ လီဗာပူးလ်အတွက် ၄၁ ပွဲအထိ  အထင်ကြီးဖွယ် ပါဝင်ကစားပေးခဲ့ပြီး ဒီပွဲအရေအတွက် စုစုပေါင်းထက် ပိုမို ပါဝင်ကစားပေးခဲ့တာ လီဗာပူးလ်လူစာရင်းထဲက ကစားသမား ၇ ဦးသာ ရှိတာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးကတော့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့လမှာ လိဒ်စ်ယူနိုက်တက်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးကတည်းက ပါဝင်ကစားပေးခြင်းမရှိတော့တာဖြစ်ပေမယ့်လည်း ယခုအပတ် အစောပိုင်းမှာ အသင်းလေ့ကျင့်ရေးကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

တနင်္ဂလာနေ့က လက်စတာစီးတီးကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို ပွဲကြည့်ပရိသတ်အဖြစ်သာ ကြည့်ရှုခဲ့ရတဲ့ ဖာမီနိုကို ယနေ့ညနေ အန်းဖီးမှာ လီဗာပူးလ်ပရိသတ်တွေ နောက်ဆုံး နှုတ်ဆက်ခွင့် ရရှိကြတော့မှာ ဖြစ်ပါတယ်။

ဖာမီနိုနဲ့ မီလ်နာတို့ဟာ ကလော့ပ်လက်အောက်မှာ ကစားဖူးတဲ့ ဘယ်လိုကစားသမားမျိုးထက်မဆို ပွဲပိုမို ပါဝင်ကစားပေးခဲ့ကြသူတွေဖြစ်ပြီး(၃၅၃ ပွဲနဲ့ ၃၂၁ ပွဲ) ကီးတားနဲ့ ချိန်ဘာလိန်တို့ကို ဒဏ်ရာပြဿနာတွေက နှိပ်စက်ခဲ့ကြပေမယ့်လည်း ဒီကစားသမား ၄ ဦးစလုံးဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊၊ ကွန်မြူနတီဒိုင်းတွေကို အနိုင်ရခဲ့တဲ့သူတွေအဖြစ်နဲ့ အန်းဖီးကို စွန့်ခွာကြတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆာဒီယို မာနေးဟာ လီဗာပူးလ်ကို စွန့်ခွာတော့မယ်ဆိုတာကို သိထားပေမယ့် အန်းဖီးမှာ နောက်ဆုံးကစားခဲ့တဲ့အချိန်တုန်းက ၎င်းရဲ့ အစီအစဉ်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေ နှုတ်ဆက်ခွင့်မရခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းက ယေန႔မွာ အက္စတန္ ဗီလာကို ယခုရာသီရဲ႕ ေနာက္ဆုံး အိမ္ကြင္းပြဲစဥ္အျဖစ္ အန္းဖီးမွာ လက္ခံယွဥ္ၿပိဳင္ရာမွာ ၎တို႔ကို ေအာင္ျမင္မႈေတြ အမ်ားႀကီးရရွိေအာင္ ကူညီေပးခဲ့တဲ့ ကစားသမား ၄ ဦးကို ႏႈတ္ဆက္သြားမွာျဖစ္ၿပီး မ်က္ရည္ေတြ ျပည့္ႏွက္ေနမယ့္ ပြဲတစ္ပြဲ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ယခုအပတ္အေစာပိုင္းမွာ ဂ်ိမ္းစ္ မီလ္နာ၊ နာဘီ ကီးတား၊ ခ်ိန္ဘာလိန္တို႔ အားလုံးဟာ ေရာဘတ္တို ဖာမီႏိုနဲ႔အတူ ယခုေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတာနဲ႔ အသင္းကို စြန႔္ခြာေတာ့မွာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ လီဗာပူးလ္အသင္းက အန္းဖီးမွာ ၾကယ္ပြင့္ကစားသမား ၄ ဦးကို အထူးအသိအမွတ္ျပဳမႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး ရာသီကုန္ဆုံးၿပီးေနာက္မွာ အသင္းရဲ႕ ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းေတြေပၚကေန ေနာက္ထပ္ ဂုဏ္ျပဳမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗိုင္နယ္ဒြမ္၊ အိုရီဂီတို႔ ၂ ဦးစလုံးဟာ The Champions Wall ပုံတူေတြ လက္ေဆာင္ရခဲ့ၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ အသင္းေဖာ္ေတြ လက္မွတ္ထိုးထားတဲ့ ၎ရဲ႕  အေကာင္းဆုံးအခိုက္အတန႔္ေတြကို စုစည္းထားမႈကိုလည္း ရရွိခဲ့တာေၾကာင့္ ယခုေနာက္ဆုံး ထြက္ခြာမယ့္ ကစားသမား ၄ ဦးကလည္း အလားတူ ဂုဏ္ျပဳမႈမ်ိဳးရရွိမယ္ဆိုတာ ခန႔္မွန္းၾကည့္လို႔ရပါတယ္။

ဒါေပမယ့္ ဒီကစားသမား ၄ ဦးဟာ ေခတ္သစ္ လီဗာပူးလ္ဂႏၲဝင္ေတြထဲက အမ်ားအျပား မရရွိခဲ့တဲ့ အန္းဖီးက ပရိသတ္ေတြေရွ႕မွာ ေနာက္ဆုံး ပြဲကို ပါဝင္ကစားေပးရင္း ေသေသခ်ာခ်ာ ႏႈတ္ဆက္စကား ေျပာဖို႔ အခြင့္အေရး ရရွိမွာျဖစ္ပါတယ္။

နာဘီ ကီးတား သို႔မဟုတ္ ခ်ိန္ဘာလိန္ကို အက္စတန္ ဗီလာနဲ႔ပြဲမွာ ထည့္သြင္းအသုံးျပဳမယ္ဆိုရင္ အံ့အားသင့္စရာ ျဖစ္လာမွာျဖစ္ၿပီး ဂီနီယာကြင္းလယ္ကစားသမားဟာ ေဖေဖာ္ဝါရီလတုန္းက ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္ ပထမပိုင္းမွာ စိတ္ပ်က္ဖြယ္ ေျခစြမ္းျပသခဲ့ၿပီးေနာက္ ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံရၿပီးကတည္းက ပါဝင္ကစားခြင့္ မရရွိေတာ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ကီးတားဟာ မတ္လ ႏိုင္ငံတကာ အားလပ္ရက္အတြင္းမွာ ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ အဲဒီအခ်ိန္ကတည္းက အသင္းေလ့က်င့္ေရးမွာ ပါဝင္ႏိုင္ျခင္းမရွိေတာ့တာျဖစ္ၿပီး ခ်ိန္ဘာလိန္ကလည္း ဧၿပီလအစမွာ မန္စီးတီးကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားၿပီးကတည္းက လီဗာပူးလ္ ပြဲေန႔လူစာရင္းထဲေတာင္ ပါဝင္နိင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ခ်ိန္ဘာလိန္ မပါဝင္ခ်ိန္မွာ ကေလာ့ပ္ရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အသက္သြင္းႏိုင္ေစမယ့္ ၉ ပြဲဆက္ ပရီးမီးယားလိဂ္ႏိုင္ပြဲကို ရယူႏိုင္ခဲ့တာျဖစ္ေပမယ့္ ဖာမီႏိုနဲ႔ မီလ္နာတို႔အတြက္ေတာ့ မတူညီတဲ့ ဇာတ္လမ္းတစ္ခုျဖစ္လာမွာျဖစ္ၿပီး လီဗာပူးလ္ဒုအသင္းေခါင္းေဆာင္ဟာ ႀကံ့ခိုင္မႈျပည့္ဝေနတာျဖစ္ပါတယ္။

ဂ်ိမ္းစ္ မီလ္နာဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း ယခုရာသီမွာ လီဗာပူးလ္အတြက္ ၄၁ ပြဲအထိ  အထင္ႀကီးဖြယ္ ပါဝင္ကစားေပးခဲ့ၿပီး ဒီပြဲအေရအတြက္ စုစုေပါင္းထက္ ပိုမို ပါဝင္ကစားေပးခဲ့တာ လီဗာပူးလ္လူစာရင္းထဲက ကစားသမား ၇ ဦးသာ ရွိတာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးကေတာ့ ဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့လမွာ လိဒ္စ္ယူႏိုက္တက္ကို ၆-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးကတည္းက ပါဝင္ကစားေပးျခင္းမရွိေတာ့တာျဖစ္ေပမယ့္လည္း ယခုအပတ္ အေစာပိုင္းမွာ အသင္းေလ့က်င့္ေရးကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

တနဂၤလာေန႔က လက္စတာစီးတီးကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို ပြဲၾကည့္ပရိသတ္အျဖစ္သာ ၾကည့္ရႈခဲ့ရတဲ့ ဖာမီႏိုကို ယေန႔ညေန အန္းဖီးမွာ လီဗာပူးလ္ပရိသတ္ေတြ ေနာက္ဆုံး ႏႈတ္ဆက္ခြင့္ ရရွိၾကေတာ့မွာ ျဖစ္ပါတယ္။

ဖာမီႏိုနဲ႔ မီလ္နာတို႔ဟာ ကေလာ့ပ္လက္ေအာက္မွာ ကစားဖူးတဲ့ ဘယ္လိုကစားသမားမ်ိဳးထက္မဆို ပြဲပိုမို ပါဝင္ကစားေပးခဲ့ၾကသူေတြျဖစ္ၿပီး(၃၅၃ ပြဲနဲ႔ ၃၂၁ ပြဲ) ကီးတားနဲ႔ ခ်ိန္ဘာလိန္တို႔ကို ဒဏ္ရာျပႆနာေတြက ႏွိပ္စက္ခဲ့ၾကေပမယ့္လည္း ဒီကစားသမား ၄ ဦးစလုံးဟာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလား၊ ဖီဖာကလပ္ကမာၻ႔ဖလား၊ ဥေရာပစူပါဖလား၊၊ ကြန္ျမဴနတီဒိုင္းေတြကို အႏိုင္ရခဲ့တဲ့သူေတြအျဖစ္နဲ႔ အန္းဖီးကို စြန႔္ခြာၾကေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဆာဒီယို မာေနးဟာ လီဗာပူးလ္ကို စြန႔္ခြာေတာ့မယ္ဆိုတာကို သိထားေပမယ့္ အန္းဖီးမွာ ေနာက္ဆုံးကစားခဲ့တဲ့အခ်ိန္တုန္းက ၎ရဲ႕ အစီအစဥ္ကို လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိတာေၾကာင့္ ပရိသတ္ေတြ ႏႈတ္ဆက္ခြင့္မရခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.