Other Leagues

ရော်နယ်လ်ဒိုကို စွန့်စားခန်းသစ်ဖွင့်ဖို့ စည်းရုံးသွားမယ့် ဘန်နီ

အဆိုတော် နယ်လ်ဒို ဘန်နီဟာ အယ်လ် နာဆာကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဘရာဇီးလ်ကလပ်အသင်းဖြစ်တဲ့ ဖလာမင်ဂိုအသင်းကို ပြောင်းရွှေ့ချင်လာအောင် စည်းရုံးဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘန်နီဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရဲ့ သူငယ်ချင်းဖြစ်ပြီး သိပ်မကြာခင်အချိန်အတွင်း ဆော်ဒီ အာရေဗျကို ခရီးထွက်မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဘလွန်ဒေါ ၅ ဆုရှင်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံမှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ဘန်နီက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ပြောင်းရွှေ့ဖို့ စည်းရုံးချင်တဲ့ ဆန္ဒနဲ့ပတ်သက်ပြီးလည်း ပြောကြားသွားခဲ့ပါတယ်။

“တနင်္ဂနွေနေ့ကျရင် ကျွန်တော် ဆော်ဒီ အာရေဗျကို ခရီးထွက်မှာပါ။ ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံသွားမှာပါ။ ကျွန်တော်တို့ ၂၀၁၆ ခုနှစ်တုန်းက မက်ဒရစ်မှာ တွေ့ခဲ့ကြတယ်။ သူက ကျွန်တော့် သူငယ်ချင်းပါ။ ကျွန်တော်တို့ အဆက်အသွယ် ရှိခဲ့ကြပြီး အဲဒီကိုသွားဖို့ ကျွန်တော် ဖိတ်ကြားခံခဲ့ရပါတယ်။ ဒါက ရည်မှန်းချက်ပါ(ဖလာမင်ဂိုကို ပြောင်းရွှေ့အောင် စည်းရုံးဖို့)”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီးနောက် အယ်လ်နာဆာကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်း ရရှိနေတာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းအတွက် ဇန်နဝါရီမှာ ပွဲဦးထွက်ပါဝင်ကစားပေးပြီးကတည်းက ခြေစွမ်းကောင်း ပြသနေခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နယ်လ်ဒို ဘန်နီက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဖလာမင်ဂိုအသင်းနဲ့ ပူးပေါင်းလာစေချင်နေပေမယ့်လည်း ဒီအပြောင်းအရွှေ့က မဖြစ်နိုင်ဖို့များပြီး အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာက အယ်လ် အစ်တီဟတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အယ်လ်နာဆာဟာ မေလ ၂၃ ရက်နေ့မှာ တတိယနေရာက အယ်လ် ရှာဘတ်အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ရော်နယ်လ်ဒိုက အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အယ်လ် နာဆာအသင်းအနေနဲ့ အယ်လ် ရှာဘတ်ကိုသာ အနိုင်ရှိခဲ့မယ်ဆိုရင် လာမယ့်ရာသီ အေအက်ဖ်စီ ချန်ပီယံလိဂ်မှာ တစ်နေရာ ဝင်ခွင့်ရရှိမှာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက အယ်လ် အစ်တီဟတ်နဲ့ ၃ မှတ်အကွာကနေ ဖိအားလိုက်ပေးနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဆိုေတာ္ နယ္လ္ဒို ဘန္နီဟာ အယ္လ္ နာဆာၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဘရာဇီးလ္ကလပ္အသင္းျဖစ္တဲ့ ဖလာမင္ဂိုအသင္းကို ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ စည္း႐ုံးဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘန္နီဟာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ သူငယ္ခ်င္းျဖစ္ၿပီး သိပ္မၾကာခင္အခ်ိန္အတြင္း ေဆာ္ဒီ အာေရဗ်ကို ခရီးထြက္မွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဘလြန္ေဒါ ၅ ဆုရွင္နဲ႔ အေရွ႕အလယ္ပိုင္းႏိုင္ငံမွာ ေတြ႕ဆုံသြားမွာ ျဖစ္ပါတယ္။ဘန္နီက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဘရာဇီးလ္ကလပ္ ဖလာမင္ဂိုအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စည္း႐ုံးခ်င္တဲ့ ဆႏၵနဲ႔ပတ္သက္ၿပီးလည္း ေျပာၾကားသြားခဲ့ပါတယ္။

“တနဂၤေႏြေန႔က်ရင္ ကြၽန္ေတာ္ ေဆာ္ဒီ အာေရဗ်ကို ခရီးထြက္မွာပါ။ ကြၽန္ေတာ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေတြ႕ဆုံသြားမွာပါ။ ကြၽန္ေတာ္တို႔ ၂၀၁၆ ခုႏွစ္တုန္းက မက္ဒရစ္မွာ ေတြ႕ခဲ့ၾကတယ္။ သူက ကြၽန္ေတာ့္ သူငယ္ခ်င္းပါ။ ကြၽန္ေတာ္တို႔ အဆက္အသြယ္ ရွိခဲ့ၾကၿပီး အဲဒီကိုသြားဖို႔ ကြၽန္ေတာ္ ဖိတ္ၾကားခံခဲ့ရပါတယ္။ ဒါက ရည္မွန္းခ်က္ပါ(ဖလာမင္ဂိုကို ေျပာင္းေ႐ႊ႕ေအာင္ စည္း႐ုံးဖို႔)”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာၿပီးေနာက္ အယ္လ္နာဆာကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းမွာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၃ သန္း ရရွိေနတာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းအတြက္ ဇန္နဝါရီမွာ ပြဲဦးထြက္ပါဝင္ကစားေပးၿပီးကတည္းက ေျခစြမ္းေကာင္း ျပသေနခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

နယ္လ္ဒို ဘန္နီက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဖလာမင္ဂိုအသင္းနဲ႔ ပူးေပါင္းလာေစခ်င္ေနေပမယ့္လည္း ဒီအေျပာင္းအေ႐ႊ႕က မျဖစ္ႏိုင္ဖို႔မ်ားၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာက အယ္လ္ အစ္တီဟတ္ကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

အယ္လ္နာဆာဟာ ေမလ ၂၃ ရက္ေန႔မွာ တတိယေနရာက အယ္လ္ ရွာဘတ္အသင္းနဲ႔ ရင္ဆိုင္ကစားသြားရမွာျဖစ္ၿပီး အယ္လ္ တာအီးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ေနာက္ဆုံးပြဲစဥ္မွာ ေရာ္နယ္လ္ဒိုက အဖြင့္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

အယ္လ္ နာဆာအသင္းအေနနဲ႔ အယ္လ္ ရွာဘတ္ကိုသာ အႏိုင္ရွိခဲ့မယ္ဆိုရင္ လာမယ့္ရာသီ ေအအက္ဖ္စီ ခ်န္ပီယံလိဂ္မွာ တစ္ေနရာ ဝင္ခြင့္ရရွိမွာျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက အယ္လ္ အစ္တီဟတ္နဲ႔ ၃ မွတ္အကြာကေန ဖိအားလိုက္ေပးေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.