Other Leagues

ရော်နယ်လ်ဒိုမကြိုက်ပေမယ့် တက်တူး ၃ ခု ထိုးထားတဲ့ ဂျော်ဂျီနာ ရိုဒရီဂက်ဇ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂက်ဇ်က လက်ရှိမှာ ခန္ဓာကိုယ်ပေါ် တက်တူး ၃ ခု ထိုးထားပြီး တစ်ခုချင်းဆီက သူမရဲ့ ချစ်ခင်ရတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိရှိနဲ့ ဂုဏ်ပြုထားတာဖြစ်ပါတယ်။

Sports Manor ရဲ့ ဖော်ပြချက်အရ ဂျော်ဂျီနာ ပထဆုံး ထိုးခဲ့တဲ့ တက်တူးဟာ ဘယ်ဖက်လက်ဖျံပေါ်မှာ ဖြစ်ပြီး နတ်သမီးငယ်လေးက လခြမ်းကို ကိုင်ဆောင်ထားတဲ့ပုံဖြစ်ပြီး တက်တူးက တော်တော်လေး သေးငယ်ပေမယ့်လည်း ကြေကွဲဖွယ် ဇာတ်လမ်းကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာ ရိုဒရီဂက်ဇ်တို့ဟာ အမြွာပူးလေး မျှော်လင့်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့သား အိန်ဂျယ်ဟာ မီးတွင်းထဲမှာပဲ ဝမ်းနည်းကြေကွဲဖွယ် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ သမီးဖြစ်သူ ဘယ်လာ အက်စ်မယ်ရယ်ဒါကတော့ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။

စပိန်မော်ဒယ်ဟာ သူမရဲ့ အင်စတာဂရမ် ပို့စ်တွေမှာ နတ်သား အီမိုဂျီပုံကို အသုံးပြုပြီး အဖက်မတင်ခဲ့တဲ့ သားဖြစ်သူကို အမှတ်ရကြောင်း ပြသခဲ့ပြီး ဒီတက်တူးဟာ သားဖြစ်သူအတွက် အမှတ်တရ ထိုးခဲ့တာဖြစ်ပါတယ်။

ဒုတိယတက်တူးကတော့ မာမားလို့ ညာဘက်လက်ဖျံမှာ ရေးထိုးထားတာဖြစ်ပြီး အဲဒီ တက်တူးကတော့ သူမဟာ ဘယ်လာ( ၁ နှစ်)၊ အလာနာ မာတီနာ(၅ နှစ်)တို့ရဲ့ မိခင်၊ ခရစ္စတီယာနို ဂျူနီယာ(၁၂ နှစ်)၊ မက်တီအို(၅ နှစ်)၊ အီဗာ(၅ နှစ်)တို့ရဲ့ မိထွေးဖြစ်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

တတိယတက်တူးကတော့ သူမနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ နာမည်ပထမဆုံးစာလုံးကို ဘယ်ဖက်လက်မှာ အသည်းပုံနဲ့ အတူ ရေးထိုးထားတာဖြစ်ပြီး အယ်လ်နာဆာကြယ်ပွင့်နဲ့ ချစ်သူသက်တမ်း ၇ နှစ်ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထိုးခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ စုံတွဲဟာ လက်ရှိမှာ ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့မှာ သားသမီး ၅ ဦးနဲ့အတူ နေထိုင်နေပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ လက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂက္ဇ္က လက္ရွိမွာ ခႏၶာကိုယ္ေပၚ တက္တူး ၃ ခု ထိုးထားၿပီး တစ္ခုခ်င္းဆီက သူမရဲ႕ ခ်စ္ခင္ရတဲ့သူေတြအတြက္ အဓိပၸာယ္ရွိရွိနဲ႔ ဂုဏ္ျပဳထားတာျဖစ္ပါတယ္။

Sports Manor ရဲ႕ ေဖာ္ျပခ်က္အရ ေဂ်ာ္ဂ်ီနာ ပထဆုံး ထိုးခဲ့တဲ့ တက္တူးဟာ ဘယ္ဖက္လက္ဖ်ံေပၚမွာ ျဖစ္ၿပီး နတ္သမီးငယ္ေလးက လျခမ္းကို ကိုင္ေဆာင္ထားတဲ့ပုံျဖစ္ၿပီး တက္တူးက ေတာ္ေတာ္ေလး ေသးငယ္ေပမယ့္လည္း ေၾကကြဲဖြယ္ ဇာတ္လမ္းကို ကိုယ္စားျပဳထားတာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂက္ဇ္တို႔ဟာ အႁမြာပူးေလး ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ၎တို႔ရဲ႕သား အိန္ဂ်ယ္ဟာ မီးတြင္းထဲမွာပဲ ဝမ္းနည္းေၾကကြဲဖြယ္ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ကံေကာင္းေထာက္မစြာနဲ႔ သမီးျဖစ္သူ ဘယ္လာ အက္စ္မယ္ရယ္ဒါကေတာ့ က်န္းက်န္းမာမာနဲ႔ ေမြးဖြားလာခဲ့တာျဖစ္ပါတယ္။

စပိန္ေမာ္ဒယ္ဟာ သူမရဲ႕ အင္စတာဂရမ္ ပို႔စ္ေတြမွာ နတ္သား အီမိုဂ်ီပုံကို အသုံးျပဳၿပီး အဖက္မတင္ခဲ့တဲ့ သားျဖစ္သူကို အမွတ္ရေၾကာင္း ျပသခဲ့ၿပီး ဒီတက္တူးဟာ သားျဖစ္သူအတြက္ အမွတ္တရ ထိုးခဲ့တာျဖစ္ပါတယ္။

ဒုတိယတက္တူးကေတာ့ မာမားလို႔ ညာဘက္လက္ဖ်ံမွာ ေရးထိုးထားတာျဖစ္ၿပီး အဲဒီ တက္တူးကေတာ့ သူမဟာ ဘယ္လာ( ၁ ႏွစ္)၊ အလာနာ မာတီနာ(၅ ႏွစ္)တို႔ရဲ႕ မိခင္၊ ခရစၥတီယာႏို ဂ်ဴနီယာ(၁၂ ႏွစ္)၊ မက္တီအို(၅ ႏွစ္)၊ အီဗာ(၅ ႏွစ္)တို႔ရဲ႕ မိေထြးျဖစ္တယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။

တတိယတက္တူးကေတာ့ သူမနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ နာမည္ပထမဆုံးစာလုံးကို ဘယ္ဖက္လက္မွာ အသည္းပုံနဲ႔ အတူ ေရးထိုးထားတာျဖစ္ၿပီး အယ္လ္နာဆာၾကယ္ပြင့္နဲ႔ ခ်စ္သူသက္တမ္း ၇ ႏွစ္ျပည့္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေရးထိုးခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ စုံတြဲဟာ လက္ရွိမွာ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ရီယက္ဒ္ၿမိဳ႕မွာ သားသမီး ၅ ဦးနဲ႔အတူ ေနထိုင္ေနၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.