Premier League

ကန်ဆယ်လိုကို ခေါ်ခဲ့ရင် ဂရီးလစ်ရှ်လိုမျိုး ခံစားရနိုင်တဲ့ မာတီနယ်လီ

ဂါဘရီယဲလ် မာတီနယ်လီဟာ အာဆင်နယ်ကသာ ယခုနွေရာသီမှာ ကန်ဆယ်လိုကို ခေါ်ယူခဲ့မယ်ဆိုရင် ဂျက်ခ် ဂရီးလစ်ရှ်နဲ့ အလားတူ ပြဿနာမျိုး ခံစားရနိုင်ပါတယ်။

ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ တူဟယ်ကို အထင်ကြီးအောင် လုပ်ပြနိုင်ခြင်းမရှိခဲ့ဘဲ စိတ်ပျက်ဖွယ် အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုရာသီကုန်မှာ မန်ချက်စတာစီးတီးကို ပြန်လာမယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။

ဂွါဒီယိုလာအနေနဲ့ အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားအတွက် အစ်တီဟတ်မှာ အစီအစဉ်ရှိသေးလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး ကိုင်လီ ဝေါ်ကာ၊ နေသန် အာကီ၊ အကန်းဂျီ၊ ရီကို လူးဝစ္စတို့အားလုံးဟာ ပွဲထွက်ခွင့်နေရာမှာ ကန်ဆယ်လိုရဲ့ရှေ့မှာရှိနေကြတာဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဒီအခြေအနေဟာ အာဆင်နယ်နည်းပြ အာတီတာအတွက် အချက်ပေးသံဖြစ်လာခဲ့ပြီး ပေါ်တူဂီ လက်ရွေးစင် နောက်ခံတောင်ပံကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းသွားနိုင်တယ်လို့ သတင်းအများအပြားက ဖော်ပြခဲ့ပါတယ်။

ဂန်းနားနည်းပြဟာ ယခုရာသီကုန်မှာ နောက်ခံတောင်ပံနေရာကို အင်အားဖြည့်တင်းချင်နေတယ်လို့ ယူဆခြင်းခံထားရပြီး ယခုရာသီ ခံစစ်မှာ ကြီးမားတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Guardian က ဂျော်နသန် ဝီလ်ဆင်ရဲ့ မကြာသေးမီက မှတ်ချက်ဟာ အာတီတာအတွက် သတိပေးချက်ဖြစ်လာနိုင်ပြီး ဂရီးလစ်ရှ်ဟာ မန်စီးတီးမှာ ကစားသမားဘဝအစ အထနှေးနေခဲ့ပြီးနောက် ပုံမှန်ခြေစွမ်း ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာက ၎င်းရဲ့ ကစားသမားတွေဆီကနေ ခံစစ်ရော တိုက်စစ်မှာပါ ဘာတွေမျှော်မှန်းထားလဲဆိုတာကို စံနမူနာပြခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဝီလ်ဆင်က ဂရီးလစ်ရှ်ရဲ့ ပြန်လည်သက်ဝင်လာမှုက ဇန်နဝါရီလမှာ ကန်ဆယ်လို ထွက်ခွာမှုကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပေါ်တူဂီ နောက်ခံကစားသမားနဲ့ ဘယ်တောင်ပံမှာ အတူတူ ကစားခဲ့ချိန်မှာ အဟန့်အတားဖြစ်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကန်ဆယ်လို ထွက်ခွာပြီးကတည်းက ဂရီးလစ်ရှ်ပုံစံ ပိုကောင်းမွန်လာတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ထင်တာက သူ့တောင်ပံမှာ ကစားသမားတစ်ယောက်ရှိနေတာက ဗီလာတုန်းက သူ ကစားခဲ့တဲ့ပုံစံမျိုးမဟုတ်ပါဘူး။ သူ အဲဒီမှာတုန်းက အမြဲတမ်း နောက်ခံတောင်ပံကစားသမားတွေကို ပန်းတက်ခဲ့တာပါ။ ကန်ဆယ်လို အဲဒီမှာ မရှိဘဲ သူ့ပုံစံက ပိုပြီး ပျော်ရွှင်လာပုံပေါ်ပြီး ဂျွန် စတုန်းစ်က ကွင်းလယ်ကို ဝင်ဖြည့်ကစားတယ်။ အဲဒါက စီးတီးရဲ့ နောက်ခံတောင်ပံကစားသမား ၂ ဦးစလုံးဟာ တော်တော်လေး နောက်ဆင်းကစားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”လို့ ပြောကြားခဲ့ပါတယ်။

မာတီနယ်လီဟာ ယခုရာသီ မြောက်လန်ဒန်မှာ အလွန်ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီး မာတင် အော်ဒီဂွါဒ်နဲ့အတူ သွင်းဂိုး ၁၅ ဂိုးနဲ့ ပရီးမီးယားလိဂ်မှာ ဂန်းနားတွေရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲ ရပ်တည်နေတာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကြယ်ပွင့်ဟာ ဇင်ချန်ကို ရောက်ရှိလာမှုကနေ ကြီးကြီးမားမား အကျိုးအမြတ် ဖြစ်ခဲ့ပြီး ယူကရိန်းနောက်ခံလူက မာတီနယ်လီကို ပင်နယ်တီ ဧရိယာအတွင်းနဲ့ အပြင်ဘက်ကနေ ဂိုးသွင်းယူနိုင်တဲ့အနေအထားမှာ လွတ်လွတ်လပ်လပ် ကစားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကန်ဆယ်လိုရဲ့ ကွဲပြားခြားနားတဲ့ ကစားဟန်ဟာ မာတီနယ်လီအပေါ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ရှိလာနိုင်ပြီး ဂရီးလစ်ရှ် ခံစားခဲ့တဲ့အတိုင်း ခံစားရနိုင်ပေမယ့်လည်း အာတီတာက ပေါ်တူဂီနောက်ခံလူရဲ့ လက်ရှိအခြေအနေက ခေါ်ယူဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးဖြစ်တာကြောင့် ဘယ်နောက်ခံနေရာကို အားဖြည့်ချင်နေမှာ ဖြစ်ပါတယ်။

ဂန်းနားနည်းပြဟာ ပြီးခဲ့တဲ့နွေတုန်းက မန်ချက်စတာစီးတီးကနေ ဇင်ချန်ကိုနဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ ၂ ဦးစလုံးကို ခေါ်ယူနိုင်ခဲ့ပြီး ကစားသမား ၂ ဦးစလုံးက ယခုရာသီ အမ်းမရိတ်စ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တာကြောင့် စပိန်လူမျိုးနည်းပြကို တတိယအကြိမ် ကံစမ်းကြည့်ဖို့ စိတ်အားထက်သန်နေစေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂါဘရီယဲလ္ မာတီနယ္လီဟာ အာဆင္နယ္ကသာ ယခုေႏြရာသီမွာ ကန္ဆယ္လိုကို ေခၚယူခဲ့မယ္ဆိုရင္ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ အလားတူ ျပႆနာမ်ိဳး ခံစားရႏိုင္ပါတယ္။

ကန္ဆယ္လိုဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ တူဟယ္ကို အထင္ႀကီးေအာင္ လုပ္ျပႏိုင္ျခင္းမရွိခဲ့ဘဲ စိတ္ပ်က္ဖြယ္ အငွားကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ယခုရာသီကုန္မွာ မန္ခ်က္စတာစီးတီးကို ျပန္လာမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။

ဂြါဒီယိုလာအေနနဲ႔ အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားအတြက္ အစ္တီဟတ္မွာ အစီအစဥ္ရွိေသးလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ၿပီး ကိုင္လီ ေဝၚကာ၊ ေနသန္ အာကီ၊ အကန္းဂ်ီ၊ ရီကို လူးဝစၥတို႔အားလုံးဟာ ပြဲထြက္ခြင့္ေနရာမွာ ကန္ဆယ္လိုရဲ႕ေရွ႕မွာရွိေနၾကတာျဖစ္ပါတယ္။

ေနာက္ဆက္တြဲအေနနဲ႔ ဒီအေျခအေနဟာ အာဆင္နယ္နည္းျပ အာတီတာအတြက္ အခ်က္ေပးသံျဖစ္လာခဲ့ၿပီး ေပၚတူဂီ လက္ေ႐ြးစင္ ေနာက္ခံေတာင္ပံကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းသြားႏိုင္တယ္လို႔ သတင္းအမ်ားအျပားက ေဖာ္ျပခဲ့ပါတယ္။

ဂန္းနားနည္းျပဟာ ယခုရာသီကုန္မွာ ေနာက္ခံေတာင္ပံေနရာကို အင္အားျဖည့္တင္းခ်င္ေနတယ္လို႔ ယူဆျခင္းခံထားရၿပီး ယခုရာသီ ခံစစ္မွာ ႀကီးမားတဲ့ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း The Guardian က ေဂ်ာ္နသန္ ဝီလ္ဆင္ရဲ႕ မၾကာေသးမီက မွတ္ခ်က္ဟာ အာတီတာအတြက္ သတိေပးခ်က္ျဖစ္လာႏိုင္ၿပီး ဂရီးလစ္ရွ္ဟာ မန္စီးတီးမွာ ကစားသမားဘဝအစ အထေႏွးေနခဲ့ၿပီးေနာက္ ပုံမွန္ေျခစြမ္း ျပန္လည္ရွာေတြ႕ခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာက ၎ရဲ႕ ကစားသမားေတြဆီကေန ခံစစ္ေရာ တိုက္စစ္မွာပါ ဘာေတြေမွ်ာ္မွန္းထားလဲဆိုတာကို စံနမူနာျပခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဝီလ္ဆင္က ဂရီးလစ္ရွ္ရဲ႕ ျပန္လည္သက္ဝင္လာမႈက ဇန္နဝါရီလမွာ ကန္ဆယ္လို ထြက္ခြာမႈေၾကာင့္ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ေပၚတူဂီ ေနာက္ခံကစားသမားနဲ႔ ဘယ္ေတာင္ပံမွာ အတူတူ ကစားခဲ့ခ်ိန္မွာ အဟန႔္အတားျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကန္ဆယ္လို ထြက္ခြာၿပီးကတည္းက ဂရီးလစ္ရွ္ပုံစံ ပိုေကာင္းမြန္လာတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ ထင္တာက သူ႔ေတာင္ပံမွာ ကစားသမားတစ္ေယာက္ရွိေနတာက ဗီလာတုန္းက သူ ကစားခဲ့တဲ့ပုံစံမ်ိဳးမဟုတ္ပါဘူး။ သူ အဲဒီမွာတုန္းက အၿမဲတမ္း ေနာက္ခံေတာင္ပံကစားသမားေတြကို ပန္းတက္ခဲ့တာပါ။ ကန္ဆယ္လို အဲဒီမွာ မရွိဘဲ သူ႔ပုံစံက ပိုၿပီး ေပ်ာ္႐ႊင္လာပုံေပၚၿပီး ဂြၽန္ စတုန္းစ္က ကြင္းလယ္ကို ဝင္ျဖည့္ကစားတယ္။ အဲဒါက စီးတီးရဲ႕ ေနာက္ခံေတာင္ပံကစားသမား ၂ ဦးစလုံးဟာ ေတာ္ေတာ္ေလး ေနာက္ဆင္းကစားႏိုင္တယ္ဆိုတဲ့ အဓိပၸာယ္ပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။

မာတီနယ္လီဟာ ယခုရာသီ ေျမာက္လန္ဒန္မွာ အလြန္ေကာင္းမြန္တဲ့အခ်ိန္ေတြကို ပိုင္ဆိုင္ခဲ့ၿပီး မာတင္ ေအာ္ဒီဂြါဒ္နဲ႔အတူ သြင္းဂိုး ၁၅ ဂိုးနဲ႔ ပရီးမီးယားလိဂ္မွာ ဂန္းနားေတြရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ပူးတြဲ ရပ္တည္ေနတာျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံၾကယ္ပြင့္ဟာ ဇင္ခ်န္ကို ေရာက္ရွိလာမႈကေန ႀကီးႀကီးမားမား အက်ိဳးအျမတ္ ျဖစ္ခဲ့ၿပီး ယူကရိန္းေနာက္ခံလူက မာတီနယ္လီကို ပင္နယ္တီ ဧရိယာအတြင္းနဲ႔ အျပင္ဘက္ကေန ဂိုးသြင္းယူႏိုင္တဲ့အေနအထားမွာ လြတ္လြတ္လပ္လပ္ ကစားခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကန္ဆယ္လိုရဲ႕ ကြဲျပားျခားနားတဲ့ ကစားဟန္ဟာ မာတီနယ္လီအေပၚမွာ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မႈ ရွိလာႏိုင္ၿပီး ဂရီးလစ္ရွ္ ခံစားခဲ့တဲ့အတိုင္း ခံစားရႏိုင္ေပမယ့္လည္း အာတီတာက ေပၚတူဂီေနာက္ခံလူရဲ႕ လက္ရွိအေျခအေနက ေခၚယူဖို႔ ၿပီးျပည့္စုံတဲ့အခြင့္အေရးျဖစ္တာေၾကာင့္ ဘယ္ေနာက္ခံေနရာကို အားျဖည့္ခ်င္ေနမွာ ျဖစ္ပါတယ္။

ဂန္းနားနည္းျပဟာ ၿပီးခဲ့တဲ့ေႏြတုန္းက မန္ခ်က္စတာစီးတီးကေန ဇင္ခ်န္ကိုနဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ ၂ ဦးစလုံးကို ေခၚယူႏိုင္ခဲ့ၿပီး ကစားသမား ၂ ဦးစလုံးက ယခုရာသီ အမ္းမရိတ္စ္မွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ခဲ့တာေၾကာင့္ စပိန္လူမ်ိဳးနည္းျပကို တတိယအႀကိမ္ ကံစမ္းၾကည့္ဖို႔ စိတ္အားထက္သန္ေနေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.