Premier League

ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံးဂိုးသမား ၄ ဦး

ဘောလုံးလောကမှာ ဂိုးသမားတွေဟာ ပြိုင်ဘက်တွေဂိုးမသွင်းနိုင်အောင် တားဆီးရတဲ့တာဝန်အပြင် ခံစစ်ကိုလည်း လမ်းပြပေးရတဲ့တာဝန်တွေကို ထမ်းဆောင်နေရသူတွေဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံးလိဂ်ဖြစ်တာနဲ့အညီ ပရီးမီးယားလိဂ်ဟာ ယခုရာသီမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတဲ့ ပြိုင်ပွဲဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနေတဲ့ ဂိုးသမား ၄ ဦးလည်း ရှိခဲ့ပါတယ်။

၄။ အာရွန် ရမ်းစ်ဒေးလ်း(အာဆင်နယ်)

အင်္ဂလန်ဂိုးသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်က စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ပေမယ့်လည်း လက်ရှိမှာ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ယခုရာသီ ဂန်းနားတွေအတွက် ပရီးမီးယားလိဂ် ၃၆ ပွဲမှာ ၁၃ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၄၂ ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပြီး ယခုရာသီ အင်္ဂလန်လိဂ်မှာ ပေးဂိုးမရှိပွဲစဉ် တတိယအများဆုံးဂိုးသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားဂိုးသမားဟာ ပရီးမီးယားလိဂ်မှာ ယခုရာသီ ဂိုးကာကွယ်မှု အောင်မြင်မှုရာခိုင်နှုန်း ၆၉.၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ထူးချွန်တဲ့ လက်စွမ်းအတွက် ချီးကျူးမှုတွေနဲ့ ထိုက်တန်သူဖြစ်ပါတယ်။

၃။ ဒေးဗစ် ဒဟေးယား(မန်ချက်စတာယူနိုက်တက်)

ဂိုးပေးရတဲ့ အမှားတွေကို ပြုလုပ်ခဲ့ပေမယ့်လည်း စပိန်လက်ရွေးစင်ဂိုးသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံအရှိဆုံးနဲ့ အထူးချွန်ဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒဟေးယားဟာ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၄၁ ဂိုး ခွင့်ပြုခဲ့ရပေမယ့်လည်း ယခုရာသီ လိဂ်မှာ ပေးဂိုးမရှိပွဲစဉ်အများဆုံး(၁၆ ပွဲ)စံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒဟေးယားဟာ ပရီးမီးယားလိဂ်မှာ ဂိုးကာကွယ်မှု အောင်မြင်မှုရာခိုင်နှုန်း ၆၈.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုအတွက် အားကောင်းတဲ့ စိန်ခေါ်သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။

၂။ အယ်လစ်ဆန်(လီဗာပူးလ်)

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရာသီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လီဗာပူးလ်ရဲ့ အခက်ခဲဆုံးရာသီတွေထဲက တစ်ခုဆိုတာ ငြင်းလို့မရပေမယ့် အယ်လစ်ဆန်က လက်ရှိအချိန်အထိ ကလော့ပ်ရဲ့ အသင်းမှာ အထူးချွန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ဂိုးသမားဟာ ပရီးမီးယားလိဂ် ၃၆ ပွဲမှာ ၄၂ ဂိုး ခွင့်ပြုခဲ့ရပြီး ဒီပမာဏဟာ လီဗာပူးလ်ရဲ့ ဆိုးရွားတဲ့ ခံစစ်နဲ့ဆိုရင် နည်းတောင် နည်းနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါတောင်မှ အယ်လစ်ဆန်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲစဉ် ဒုတိယ အများဆုံး (၁၄ ပွဲ)အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့သေးတာဖြစ်ပြီး ဂိုးကာကွယ်မှု အောင်မြင်မှု ၇၁.၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

၁။ နစ်ခ် ပုပ်(နယူးကာဆယ်)

ပရီးမီးယားလိဂ် ကြီး ၆ ကြီးထဲက အသင်းတွေမှာ မကစားရပေမယ့်လည်း နစ်ခ် ပုပ်ဟာ ယခုရာသီမှာ ကြောက်မက်ဖွယ် လက်စွမ်းပြသခဲ့တဲ့ကစားသမားဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ လိဂ် ၃၅ ပွဲမှာ ၃၁ ဂိုးသာ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်ဂိုးသမားဟာ ပေးဂိုးမရှိပွဲစဉ် ၁၃ ပွဲနဲ့ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲစဉ် တတိယအများဆုံးအဖြစ် ပူးတွဲ ရပ်တည်နိုင်ခဲ့ပြီး ဂိုးကာကွယ်မှု အောင်မြင်မှု ၇၃.၃ ရာခိုင်နှုန်းရှိခဲ့တာကြောင့် ယခုရာသီ လိဂ်မှာ ဂိုးကာကွယ်မှု အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ ဂိုးပေါက်မှာ နစ်ခ် ပုပ် ရှိနေတာက ယခုရာသီမှာ အက်ဒီဟောင်းရဲ့အသင်း ပရီးမီးယားလိဂ်မှာ ဘာကြောင့် တောက်ပနေလဲဆိုတဲ့ အကြောင်းအရင်းတွေများစွာထဲက တစ်ခုလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာကမွာ ဂိုးသမားေတြဟာ ၿပိဳင္ဘက္ေတြဂိုးမသြင္းႏိုင္ေအာင္ တားဆီးရတဲ့တာဝန္အျပင္ ခံစစ္ကိုလည္း လမ္းျပေပးရတဲ့တာဝန္ေတြကို ထမ္းေဆာင္ေနရသူေတြျဖစ္ပါတယ္။

ကမာၻေပၚမွာ ယွဥ္ၿပိဳင္မႈ အျပင္းထန္ဆုံးလိဂ္ျဖစ္တာနဲ႔အညီ ပရီးမီးယားလိဂ္ဟာ ယခုရာသီမွာ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ေစာင့္ၾကည့္ရတဲ့ ၿပိဳင္ပြဲျဖစ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသေနတဲ့ ဂိုးသမား ၄ ဦးလည္း ရွိခဲ့ပါတယ္။

၄။ အာ႐ြန္ ရမ္းစ္ေဒးလ္း(အာဆင္နယ္)

အဂၤလန္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အာဆင္နယ္ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္က စိတ္ပ်က္ဖြယ္ အဆုံးသတ္ခဲ့ေပမယ့္လည္း လက္ရွိမွာ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ယခုရာသီ ဂန္းနားေတြအတြက္ ပရီးမီးယားလိဂ္ ၃၆ ပြဲမွာ ၁၃ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ၄၂ ဂိုး ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ယခုရာသီ အဂၤလန္လိဂ္မွာ ေပးဂိုးမရွိပြဲစဥ္ တတိယအမ်ားဆုံးဂိုးသမားအျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားဂိုးသမားဟာ ပရီးမီးယားလိဂ္မွာ ယခုရာသီ ဂိုးကာကြယ္မႈ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၆၉.၁ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ထူးခြၽန္တဲ့ လက္စြမ္းအတြက္ ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္သူျဖစ္ပါတယ္။

၃။ ေဒးဗစ္ ဒေဟးယား(မန္ခ်က္စတာယူႏိုက္တက္)

ဂိုးေပးရတဲ့ အမွားေတြကို ျပဳလုပ္ခဲ့ေပမယ့္လည္း စပိန္လက္ေ႐ြးစင္ဂိုးသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ အေတြ႕အႀကဳံအရွိဆုံးနဲ႔ အထူးခြၽန္ဆုံးဂိုးသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ဒေဟးယားဟာ ပရီးမီးယားလိဂ္ ၃၅ ပြဲမွာ ၄၁ ဂိုး ခြင့္ျပဳခဲ့ရေပမယ့္လည္း ယခုရာသီ လိဂ္မွာ ေပးဂိုးမရွိပြဲစဥ္အမ်ားဆုံး(၁၆ ပြဲ)စံခ်ိန္ကို ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒေဟးယားဟာ ပရီးမီးယားလိဂ္မွာ ဂိုးကာကြယ္မႈ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၆၈.၉ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုအတြက္ အားေကာင္းတဲ့ စိန္ေခၚသူေတြထဲက တစ္ဦး ျဖစ္ပါတယ္။

၂။ အယ္လစ္ဆန္(လီဗာပူးလ္)

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ္ရာသီဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း လီဗာပူးလ္ရဲ႕ အခက္ခဲဆုံးရာသီေတြထဲက တစ္ခုဆိုတာ ျငင္းလို႔မရေပမယ့္ အယ္လစ္ဆန္က လက္ရွိအခ်ိန္အထိ ကေလာ့ပ္ရဲ႕ အသင္းမွာ အထူးခြၽန္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ဂိုးသမားဟာ ပရီးမီးယားလိဂ္ ၃၆ ပြဲမွာ ၄၂ ဂိုး ခြင့္ျပဳခဲ့ရၿပီး ဒီပမာဏဟာ လီဗာပူးလ္ရဲ႕ ဆိုး႐ြားတဲ့ ခံစစ္နဲ႔ဆိုရင္ နည္းေတာင္ နည္းေနေသးတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ဒါေတာင္မွ အယ္လစ္ဆန္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ေပးဂိုးမရွိပြဲစဥ္ ဒုတိယ အမ်ားဆုံး (၁၄ ပြဲ)အျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ေသးတာျဖစ္ၿပီး ဂိုးကာကြယ္မႈ ေအာင္ျမင္မႈ ၇၁.၆ ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။

၁။ နစ္ခ္ ပုပ္(နယူးကာဆယ္)

ပရီးမီးယားလိဂ္ ႀကီး ၆ ႀကီးထဲက အသင္းေတြမွာ မကစားရေပမယ့္လည္း နစ္ခ္ ပုပ္ဟာ ယခုရာသီမွာ ေၾကာက္မက္ဖြယ္ လက္စြမ္းျပသခဲ့တဲ့ကစားသမားျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ လိဂ္ ၃၅ ပြဲမွာ ၃၁ ဂိုးသာ ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။ နယူးကာဆယ္ဂိုးသမားဟာ ေပးဂိုးမရွိပြဲစဥ္ ၁၃ ပြဲနဲ႔ ပရီးမီးယားလိဂ္မွာ ေပးဂိုးမရွိပြဲစဥ္ တတိယအမ်ားဆုံးအျဖစ္ ပူးတြဲ ရပ္တည္ႏိုင္ခဲ့ၿပီး ဂိုးကာကြယ္မႈ ေအာင္ျမင္မႈ ၇၃.၃ ရာခိုင္ႏႈန္းရွိခဲ့တာေၾကာင့္ ယခုရာသီ လိဂ္မွာ ဂိုးကာကြယ္မႈ အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ နယူးကာဆယ္ရဲ႕ ဂိုးေပါက္မွာ နစ္ခ္ ပုပ္ ရွိေနတာက ယခုရာသီမွာ အက္ဒီေဟာင္းရဲ႕အသင္း ပရီးမီးယားလိဂ္မွာ ဘာေၾကာင့္ ေတာက္ပေနလဲဆိုတဲ့ အေၾကာင္းအရင္းေတြမ်ားစြာထဲက တစ္ခုလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.