Premier League

ချဲလ်ဆီးနဲ့အသည်းကွဲပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရဖို့ မန်စီးတီးလုပ်ရမယ့် ၂ ချက်

ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာစီးတီးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လုပ်ခဲ့တဲ့အတိုင်း ချန်ပီယံလိဂ်အောင်မြင်မှု ရရှိနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံသွားမှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ၂ ကျော့ပေါင်း ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အဲဒီပွဲစဉ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့်လည်း ၂၀၂၁ ခုနှစ် ဗိုလ်လုပွဲတုန်းကလည်း ချဲလ်ဆီးကို အနိုင်ယူနိုင်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် ပေါ်တိုမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဆေးလ်ဗားက သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် ရယူဖို့ ကြိုးပမ်းနေတာကြောင့် ဒီတစ်ကြိမ်မှာတော့ ပေါ့လို့ မရတော့ဘူးလို့ အသင်းဖော်တွေကို သတိပေးခဲ့ပြီး ဥရောပဖလားကြီးကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ဖို့ လုပ်ရမယ့် အရာ ၂ ခုကို ပြောပြခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ကို တူညီတဲ့ရာသီတစ်ခုတည်းမှာ ရရှိဖူးတဲ့ ဒုတိယမြောက်အသင်းဖြစ်လာဖို့ ရည်မှန်းထားတာဖြစ်ပြီး ယခုအပတ်မှာ ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်သာ စနေနေ့မှာ နော်တင်ဟမ် ဖောရက်စ်ကို စီးတီးဂရောင်းမှာ ရှုံးနိမ့်ခဲ့ရင် သို့မဟုတ် တနင်္ဂနွေနေ့မှာ မန်စီးတီးက ချဲလ်ဆီးကို အိမ်ကွင်း အစ်တီဟတ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်မှာဖြစ်ပါတယ်။

ဒီအပတ်မှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ရလဒ်တွေက ထင်သလိုဖြစ်မလာခဲ့ဘူးဆိုရင်တောင်မှ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ပွဲစဉ် ၂ ပွဲမှာ အခွင့်အရေး ရှိနေသေးတာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ ဆုဖလား ၃ လုံး ရှာပုံတော်ရဲ့ နောက်ထပ် ဆုဖလားတစ်လုံးဖြစ်တဲ့ အက်ဖ်အေဖလားအတွက် လာမယ့် ဇွန်လ ၃ ရက်နေ့ ဝင်ဘလေကွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အင်တာမီလန်နဲ့ အစ္စတန်ဘူလ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ဥရောပဖလားကြီးကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ဘာနာဆို ဆေးလ်ဗားက ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အားလုံးက ကျွန်တော်တို့က ချဲလ်ဆီးနဲ့ ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ပြောခဲ့ပြီး ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကြည့်လေ။ ကျွန်တော်တို့အတွက် လိုအပ်နေတာက ယုံကြည်ချက်ပါ။ ဒါပေမယ့် အင်တာကို အရမ်းလေးစားမှုရှိပြီး ဒီတစ်ကြိမ်မှာတော့ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းသွားမှာပါ။ အခု ကျွန်တော်တို့ ဘာစီလိုနာနဲ့အတူ ခက်ခဲတဲ့အခြားပြိုင်ဘက်တွေအများအပြားကို ဖြုတ်ပစ်ခဲ့တဲ့၊ ဗိုလ်ုပွဲကို တက်ရောက်နိုင်ဖို့ အရည်အသွေးအများကြီး ပြသခဲ့တဲ့၊ အဲဒီအတွက် ကျွန်တော်တို့လေးစားမှုအများကြီးရှိတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားရမယ့် ခက်ခဲတဲ့ပွဲအပေါ်မှာ အာရုံစိုက်ဖို့ လိုပါပြီ”

“ကျွန်တော်တို့ ကစားရမယ့် ပြိုင်ပွဲ ၃ ခုရှိနေပြီး ကျွန်တော်တို့ ဖလား တစ်လုံးမှ မရတာ၊ တစ်လုံးရတာ၊ ၂ လုံး ဒါမှမဟုတ် ၃ လုံးစလုံးရတာ ဖြစ်နိုင်သေးတယ်။ ကျွန်တော်တို့ ဒီတနင်္ဂနွေနေ့ အိမ်ကွင်းမှာ ကျွန်တော်တို့ပရိသတ်တွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ အဲဒီကနေ ကျွန်တော်တို့ နောက်ထပ် ဗိုလ်လုပွဲ ၂ ပွဲ ရှိပါတယ်။ ၂ ပွဲစလုံးက အရမ်းခက်ခဲတဲ့ပွဲတွေဖြစ်ပြီး အရမ်း စုဖွဲ့မှုကောင်းတဲ့အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်၊ အင်တာမီလန်တို့နဲ့ ကစားသွားရမှာပါ”

“ကျွန်တော်တို့ သူတို့ကို လေ့လာသွားမှာပါ။ နောက်ထပ်တစ်ကြိမ် နည်းပြရဲ့အစီအစဉ်အတိုင်း လိုက်နာပြီး ဒီအသင်းနဲ့ ထိုက်တန်တဲ့အရာအားလုံးကို ကျွန်တော်တို့ ပရိသတ်တွေကို ပေးဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ပြိုင်ပွဲအားလုံးမှာ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အဲဒါက ခက်ခဲမယ်ဆိုတာကို သိပေမယ့် ကျွန်တော်တို့ ကြိုးစားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာနာဒို ေဆးလ္ဗားက မန္ခ်က္စတာစီးတီးဟာ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက လုပ္ခဲ့တဲ့အတိုင္း ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ရရွိႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခံသြားမွာမဟုတ္ေတာ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ဗုဒၶဟူးေန႔ညက ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ၂ ေက်ာ့ေပါင္း ၅-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လာမယ့္ ဇြန္လ ၁၀ ရက္ေန႔မွာ အင္တာမီလန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အဲဒီပြဲစဥ္ကို ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္နဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေပမယ့္လည္း ၂၀၂၁ ခုႏွစ္ ဗိုလ္လုပြဲတုန္းကလည္း ခ်ဲလ္ဆီးကို အႏိုင္ယူႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရေပမယ့္ ေပၚတိုမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

ေဆးလ္ဗားက သမိုင္းဝင္ ဆုဖလား ၃ လုံးတၿပိဳင္နက္ ရယူဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ဒီတစ္ႀကိမ္မွာေတာ့ ေပါ့လို႔ မရေတာ့ဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးခဲ့ၿပီး ဥေရာပဖလားႀကီးကို ပထမဆုံးအႀကိမ္ ကိုင္ေျမႇာက္ႏိုင္ဖို႔ လုပ္ရမယ့္ အရာ ၂ ခုကို ေျပာျပခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားတို႔ကို တူညီတဲ့ရာသီတစ္ခုတည္းမွာ ရရွိဖူးတဲ့ ဒုတိယေျမာက္အသင္းျဖစ္လာဖို႔ ရည္မွန္းထားတာျဖစ္ၿပီး ယခုအပတ္မွာ ၃ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္သြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အာဆင္နယ္သာ စေနေန႔မွာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို စီးတီးဂေရာင္းမွာ ရႈံးနိမ့္ခဲ့ရင္ သို႔မဟုတ္ တနဂၤေႏြေန႔မွာ မန္စီးတီးက ခ်ဲလ္ဆီးကို အိမ္ကြင္း အစ္တီဟတ္မွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးသြားႏိုင္မွာျဖစ္ပါတယ္။

ဒီအပတ္မွာ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ရလဒ္ေတြက ထင္သလိုျဖစ္မလာခဲ့ဘူးဆိုရင္ေတာင္မွ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္ဖို႔ ဘ႐ိုက္တန္၊ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ပြဲစဥ္ ၂ ပြဲမွာ အခြင့္အေရး ရွိေနေသးတာ ျဖစ္ပါတယ္။ မန္စီးတီးရဲ႕ ဆုဖလား ၃ လုံး ရွာပုံေတာ္ရဲ႕ ေနာက္ထပ္ ဆုဖလားတစ္လုံးျဖစ္တဲ့ အက္ဖ္ေအဖလားအတြက္ လာမယ့္ ဇြန္လ ၃ ရက္ေန႔ ဝင္ဘေလကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အက္ဖ္ေအဖလားဗိုလ္လုပြဲအျဖစ္ ရင္ဆိုင္ကစားသြားရမွာ ျဖစ္ပါတယ္။

ဇြန္လ ၁၀ ရက္ေန႔မွာေတာ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ အင္တာမီလန္နဲ႔ အစၥတန္ဘူလ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအေနနဲ႔ ဒီတစ္ႀကိမ္မွာေတာ့ ဥေရာပဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္လိမ့္မယ္လို႔ ဘာနာဆို ေဆးလ္ဗားက ယုံၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။

“လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက အားလုံးက ကြၽန္ေတာ္တို႔က ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးလို႔ ေျပာခဲ့ၿပီး ဘာေတြ ျဖစ္ခဲ့လဲဆိုတာ ၾကည့္ေလ။ ကြၽန္ေတာ္တို႔အတြက္ လိုအပ္ေနတာက ယုံၾကည္ခ်က္ပါ။ ဒါေပမယ့္ အင္တာကို အရမ္းေလးစားမႈရွိၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဗိုလ္လုပြဲမွာ အႏိုင္ရဖို႔ ႀကိဳးပမ္းသြားမွာပါ။ အခု ကြၽန္ေတာ္တို႔ ဘာစီလိုနာနဲ႔အတူ ခက္ခဲတဲ့အျခားၿပိဳင္ဘက္ေတြအမ်ားအျပားကို ျဖဳတ္ပစ္ခဲ့တဲ့၊ ဗိုလ္ုပြဲကို တက္ေရာက္ႏိုင္ဖို႔ အရည္အေသြးအမ်ားႀကီး ျပသခဲ့တဲ့၊ အဲဒီအတြက္ ကြၽန္ေတာ္တို႔ေလးစားမႈအမ်ားႀကီးရွိတဲ့ ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ကစားရမယ့္ ခက္ခဲတဲ့ပြဲအေပၚမွာ အာ႐ုံစိုက္ဖို႔ လိုပါၿပီ”

“ကြၽန္ေတာ္တို႔ ကစားရမယ့္ ၿပိဳင္ပြဲ ၃ ခုရွိေနၿပီး ကြၽန္ေတာ္တို႔ ဖလား တစ္လုံးမွ မရတာ၊ တစ္လုံးရတာ၊ ၂ လုံး ဒါမွမဟုတ္ ၃ လုံးစလုံးရတာ ျဖစ္ႏိုင္ေသးတယ္။ ကြၽန္ေတာ္တို႔ ဒီတနဂၤေႏြေန႔ အိမ္ကြင္းမွာ ကြၽန္ေတာ္တို႔ပရိသတ္ေတြနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ေနာက္ထပ္တစ္ႀကိမ္ ကိုင္ေျမႇာက္ႏိုင္မလားဆိုတာ ၾကည့္ၾကတာေပါ့။ အဲဒီကေန ကြၽန္ေတာ္တို႔ ေနာက္ထပ္ ဗိုလ္လုပြဲ ၂ ပြဲ ရွိပါတယ္။ ၂ ပြဲစလုံးက အရမ္းခက္ခဲတဲ့ပြဲေတြျဖစ္ၿပီး အရမ္း စုဖြဲ႕မႈေကာင္းတဲ့အသင္းေတြျဖစ္တဲ့ မန္ယူႏိုက္တက္၊ အင္တာမီလန္တို႔နဲ႔ ကစားသြားရမွာပါ”

“ကြၽန္ေတာ္တို႔ သူတို႔ကို ေလ့လာသြားမွာပါ။ ေနာက္ထပ္တစ္ႀကိမ္ နည္းျပရဲ႕အစီအစဥ္အတိုင္း လိုက္နာၿပီး ဒီအသင္းနဲ႔ ထိုက္တန္တဲ့အရာအားလုံးကို ကြၽန္ေတာ္တို႔ ပရိသတ္ေတြကို ေပးဖို႔ ႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲအားလုံးမွာ အႏိုင္ရဖို႔ ႀကိဳးစားသြားမွာပါ။ အဲဒါက ခက္ခဲမယ္ဆိုတာကို သိေပမယ့္ ကြၽန္ေတာ္တို႔ ႀကိဳးစားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.