Other Leagues

ရော်နယ်လ်ဒို ဖလားကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့တဲ့ အယ်လ် ဟီလာလ်ကြယ်ပွင့်

အယ်လ် ဟီလာလ်ကြယ်ပွင့်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆုဖလားတွေ ပိုမိုရရှိစေမယ့် သွင်းဂိုးကို သွင်းယူပြီးနောက် ပေါ်တူဂီကြယ်ပွင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘလွန်ဒေါ ၅ ဆုရှင်အတိုင်း အောင်ပွဲခံခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နာဆာအသင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ ရာသီဒုတိယပိုင်းကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ၁၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒို ရောက်ရှိလာမှုက အယ်လ် နာဆာကို ဆော်ဒီ ပရိုလိဂ်ဖလားကို သက်တောင့်သက်သာနဲ့ ရယူနိုင်အောင် လှုံ့ဆော်ပေးနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ရီယက်ဒ်အခြေစိုက်ကလပ်အသင်းဟာ ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့တဲ့အချိန် အမှတ်ပေးဇယားဒုတိယနေရာမှာ အဆင့် ၁ နေရာက အယ်လ် အစ်တီဟတ်နဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

အယ်လ် နာဆာဟာ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး အင်္ဂါနေ့ညမှာ ၎င်းတို့ရဲ့ ဆုဖလားပြိုင်ဘက်တွေသာ နောက်ကျ ချေပဂိုးကို ခွင့်မပြုခဲ့ရဘူးဆိုရင် ကွာဟမှုက ပိုလို့တောင် ကြီးမားသွားခဲ့မှာ ဖြစ်ပါတယ်။

အမှတ်ပေးဖလား ၁၈ ကြိမ်အထိ စံချိန်တင် ရရှိထားတဲ့ အယ်လ် ဟီလာလ်အသင်းဟာ အယ်လ် အစ်တီဟတ်ကို ၉၄ မိနစ်မှာ ဘရာဇီးလ်တိုက်စစ်မှူး မိုက်ကယ်ရဲ့ သွင်းဂိုးကြောင့် ၂-၂ သရေ ရလဒ်ရရှိအောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့ သွင်းဂိုးဟာ အမှတ်ပေးဇယားဦးဆောင်သူ အယ်လ် အစ်တီဟတ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ယခုရာသီကို ဆုဖလားအောင်မြင်မှုနဲ့အတူ အဆုံးသတ်နိုင်မယ့် အခွင့်အရေးရှိနေဆဲဖြစ်တာကြောင့် ကျေနပ်နေမှာ သံသယဖြစ်စရာမရှိပါဘူး။

ဒါတင်မကသေးဘဲ မိုက်ကယ်ဟာ ရော်နယ်လ်ဒိုရဲ့ ကမ္ဘာကျော် အောင်ပွဲခံဟန်အတိုင်းပဲ ပြေးလွှားပြီး လေထဲကို ခုန်ပျံပြီးနောက် တစ်ပတ်လည်ပြီး လက် ၂ ဖက်ကို ဆန့်တန်းရင်း မြေကြီးပြန်ကျတဲ့ပုံစံအတိုင်း အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။

မိုက်ကယ်အနေနဲ့ Siuu လို့ အော်ခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေမယ့်လည်း ဒီလိုမျိုး အရေးကြီးတဲ့ သွင်းဂိုးအတွက်တော့ ဒီအောင်ပွဲခံဟန်ဟာ အံကိုက်ဖြစ်ပြီး အယ်လ်နာဆာအသင်းသာ အမှတ်ပေးဖလားကို ရရှိသွားခဲ့မယ်ဆိုရင် ရော်နယ်လ်ဒိုအနေနဲ့ ကျေးဇူးတင်ဖို့ လိုအပ်တဲ့ ပရိသတ်ကို မှတ်မိနေတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္ ဟီလာလ္ၾကယ္ပြင့္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဆုဖလားေတြ ပိုမိုရရွိေစမယ့္ သြင္းဂိုးကို သြင္းယူၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဘလြန္ေဒါ ၅ ဆုရွင္အတိုင္း ေအာင္ပြဲခံခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ နာဆာအသင္းနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ ရာသီဒုတိယပိုင္းကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ၁၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒို ေရာက္ရွိလာမႈက အယ္လ္ နာဆာကို ေဆာ္ဒီ ပ႐ိုလိဂ္ဖလားကို သက္ေတာင့္သက္သာနဲ႔ ရယူႏိုင္ေအာင္ လႈံ႕ေဆာ္ေပးႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာ ရီယက္ဒ္အေျခစိုက္ကလပ္အသင္းဟာ ရာသီကုန္ဖို႔ ၃ ပြဲသာ လိုေတာ့တဲ့အခ်ိန္ အမွတ္ေပးဇယားဒုတိယေနရာမွာ အဆင့္ ၁ ေနရာက အယ္လ္ အစ္တီဟတ္နဲ႔ ၃ မွတ္အကြာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

အယ္လ္ နာဆာဟာ ေနာက္ဆုံး ၅ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး အဂၤါေန႔ညမွာ ၎တို႔ရဲ႕ ဆုဖလားၿပိဳင္ဘက္ေတြသာ ေနာက္က် ေခ်ပဂိုးကို ခြင့္မျပဳခဲ့ရဘူးဆိုရင္ ကြာဟမႈက ပိုလို႔ေတာင္ ႀကီးမားသြားခဲ့မွာ ျဖစ္ပါတယ္။

အမွတ္ေပးဖလား ၁၈ ႀကိမ္အထိ စံခ်ိန္တင္ ရရွိထားတဲ့ အယ္လ္ ဟီလာလ္အသင္းဟာ အယ္လ္ အစ္တီဟတ္ကို ၉၄ မိနစ္မွာ ဘရာဇီးလ္တိုက္စစ္မႉး မိုက္ကယ္ရဲ႕ သြင္းဂိုးေၾကာင့္ ၂-၂ သေရ ရလဒ္ရရွိေအာင္ ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ သြင္းဂိုးဟာ အမွတ္ေပးဇယားဦးေဆာင္သူ အယ္လ္ အစ္တီဟတ္အသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ယခုရာသီကို ဆုဖလားေအာင္ျမင္မႈနဲ႔အတူ အဆုံးသတ္ႏိုင္မယ့္ အခြင့္အေရးရွိေနဆဲျဖစ္တာေၾကာင့္ ေက်နပ္ေနမွာ သံသယျဖစ္စရာမရွိပါဘူး။

ဒါတင္မကေသးဘဲ မိုက္ကယ္ဟာ ေရာ္နယ္လ္ဒိုရဲ႕ ကမာၻေက်ာ္ ေအာင္ပြဲခံဟန္အတိုင္းပဲ ေျပးလႊားၿပီး ေလထဲကို ခုန္ပ်ံၿပီးေနာက္ တစ္ပတ္လည္ၿပီး လက္ ၂ ဖက္ကို ဆန႔္တန္းရင္း ေျမႀကီးျပန္က်တဲ့ပုံစံအတိုင္း ေအာင္ပြဲခံျပခဲ့တာျဖစ္ပါတယ္။

မိုက္ကယ္အေနနဲ႔ Siuu လို႔ ေအာ္ခဲ့လားဆိုတာ ရွင္းရွင္းလင္းလင္း မသိခဲ့ရေပမယ့္လည္း ဒီလိုမ်ိဳး အေရးႀကီးတဲ့ သြင္းဂိုးအတြက္ေတာ့ ဒီေအာင္ပြဲခံဟန္ဟာ အံကိုက္ျဖစ္ၿပီး အယ္လ္နာဆာအသင္းသာ အမွတ္ေပးဖလားကို ရရွိသြားခဲ့မယ္ဆိုရင္ ေရာ္နယ္လ္ဒိုအေနနဲ႔ ေက်းဇူးတင္ဖို႔ လိုအပ္တဲ့ ပရိသတ္ကို မွတ္မိေနေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.