Serie A UCL&UEL

ဗိုလ်လုပွဲပို့ပေးခဲ့ပြီးနောက် မော်ရင်ညို ပီသတဲ့စကားတွေကို ပြောဆိုခဲ့တဲ့ မော်ရင်ညို

ရိုးမားအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လေဗာကူဆင်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၁-၀ နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး နည်းပြ မော်ရင်ညိုက အသင်းမှာ ဂန္တဝင်ဖြစ်လာဖို့ အာရုံစိုက်မနေဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၆၀ အရွယ် ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၁၇ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ရိုးမားအသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် စိတ်ဝင်စားတာက ရိုးမားသမိုင်းစာအုပ်ထဲမှာ ကျွန်တော့်နေရာကို အမှတ်အသားချန်ခဲ့ဖို့ မဟုတ်ပါဘူး။ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာက ဒီ ကလေးတွေ တိုးတက်လာအောင် ကူညီပေးဖို့နဲ့ အရေးကြီးတဲ့အရာတွေကို ရယူဖို့ အကူအညီပေးပါတယ်”

“အဲဒါက ကျွန်တော့်ကို ပထမဆုံးနေ့ကတည်းက အားပေးထောက်ခံမှုအများကြီးပေးခဲ့တဲ့ ရိုးမားပရိသတ်တွေအတွက်လည်း အကူအညီပေးပါတယ်။ နောက်ထပ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာက ကြီးမားတဲ့ ပျော်ရွှင်မှုပါ။ ကောင်လေးတွေက အရာအားလုံး ပေးနေတယ်။ ဒီပွဲက ကျွန်တော်တို့ အလုပ်၊ အတွေ့အကြုံ၊ နည်းဗျူဟာ ပြည့်ဝမှုနဲ့ ပွဲစဉ်တွေထဲမှာ ဘယ်လိုနေရမလဲဆိုတာကို သိရှိနေမှုရဲ့ ရလဒ်ပါ။ မယုံနိုင်စရာ ကောင်းတဲ့အသင်းပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရိုးမားအသင်းခေါင်းဆောင် ပယ်လီဂရီနီက အသင်းရဲ့ အောင်မြင်မှုတွေအတွက် မော်ရင်ညိုဆီကိုပဲ ချီးကျူးမှုတွေ အားလုံး တိုက်ရိုက်ပြောဆိုသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက ကွဲပြားခြားနားတယ်။ သူက ခင်ဗျားကို ပွဲရဲ့အရေးပါမှုကို သိရှိအောင်လုပ်နိုင်တယ်။ ကျွန်တော်တို့ ဒီကိုရောက်လာခဲ့ပြီး အားလုံးက သူတို့ ဘာလုပ်ရမလဲဆိုတာကို သိခဲ့ကြတယ်။ ကျွန်တော်တို့ လေ့လာတယ်။ ကျွန်တော်တို့ဘာသာ စုဖွဲ့တယ်။ ကျွန်တော်တို့ ဗီဒီယိုတွေ ကြည့်တယ်”

“အထူးသဖြင့် ဥရောပမှာ နည်းပြက ကျွန်တော်တို့ကို ဘာတွေ ယူဆောင်လာပေးနိုင်လဲဆိုတာကို မြင်နိုင်ပါတယ်။ မော်ရင်ညိုက ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖန်တီးတဲ့သူပါ”လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုးမားအသင္းဟာ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ေလဗာကူဆင္နဲ႔ ဂိုးမရွိ သေရက်ခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၁-၀ နဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး နည္းျပ ေမာ္ရင္ညိဳက အသင္းမွာ ဂႏၲဝင္ျဖစ္လာဖို႔ အာ႐ုံစိုက္မေနဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၆၀ အ႐ြယ္ ေပၚတူဂီလူမ်ိဳးနည္းျပဟာ ၂၀၁၇ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယူ႐ိုပါလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာလည္း ႐ိုးမားအသင္းကို ယူ႐ိုပါကြန္းဖရင့္လိဂ္ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ စိတ္ဝင္စားတာက ႐ိုးမားသမိုင္းစာအုပ္ထဲမွာ ကြၽန္ေတာ့္ေနရာကို အမွတ္အသားခ်န္ခဲ့ဖို႔ မဟုတ္ပါဘူး။ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာက ဒီ ကေလးေတြ တိုးတက္လာေအာင္ ကူညီေပးဖို႔နဲ႔ အေရးႀကီးတဲ့အရာေတြကို ရယူဖို႔ အကူအညီေပးပါတယ္”

“အဲဒါက ကြၽန္ေတာ့္ကို ပထမဆုံးေန႔ကတည္းက အားေပးေထာက္ခံမႈအမ်ားႀကီးေပးခဲ့တဲ့ ႐ိုးမားပရိသတ္ေတြအတြက္လည္း အကူအညီေပးပါတယ္။ ေနာက္ထပ္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာက ႀကီးမားတဲ့ ေပ်ာ္႐ႊင္မႈပါ။ ေကာင္ေလးေတြက အရာအားလုံး ေပးေနတယ္။ ဒီပြဲက ကြၽန္ေတာ္တို႔ အလုပ္၊ အေတြ႕အႀကဳံ၊ နည္းဗ်ဴဟာ ျပည့္ဝမႈနဲ႔ ပြဲစဥ္ေတြထဲမွာ ဘယ္လိုေနရမလဲဆိုတာကို သိရွိေနမႈရဲ႕ ရလဒ္ပါ။ မယုံႏိုင္စရာ ေကာင္းတဲ့အသင္းပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ႐ိုးမားအသင္းေခါင္းေဆာင္ ပယ္လီဂရီနီက အသင္းရဲ႕ ေအာင္ျမင္မႈေတြအတြက္ ေမာ္ရင္ညိဳဆီကိုပဲ ခ်ီးက်ဴးမႈေတြ အားလုံး တိုက္႐ိုက္ေျပာဆိုသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက ကြဲျပားျခားနားတယ္။ သူက ခင္ဗ်ားကို ပြဲရဲ႕အေရးပါမႈကို သိရွိေအာင္လုပ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔ ဒီကိုေရာက္လာခဲ့ၿပီး အားလုံးက သူတို႔ ဘာလုပ္ရမလဲဆိုတာကို သိခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ေလ့လာတယ္။ ကြၽန္ေတာ္တို႔ဘာသာ စုဖြဲ႕တယ္။ ကြၽန္ေတာ္တို႔ ဗီဒီယိုေတြ ၾကည့္တယ္”

“အထူးသျဖင့္ ဥေရာပမွာ နည္းျပက ကြၽန္ေတာ္တို႔ကို ဘာေတြ ယူေဆာင္လာေပးႏိုင္လဲဆိုတာကို ျမင္ႏိုင္ပါတယ္။ ေမာ္ရင္ညိဳက ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြကို ဖန္တီးတဲ့သူပါ”လို႔ ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.